CB Bank ကတ်ကတ်ဝန်ဆောင်မှုများအား QR Code Scan ဖတ်ခြင်းဖြင့် အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်

CB Bank ကတ်များနှင့်ပတ်သက်၍ ကတ်ဝန်ဆောင်မှုများအား QR Code ကို Scan ဖတ်ပြီး အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်နေပြီဖြစ်ကြောင်းသိရသည်။
ရရှိနိုင်သော ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ Debit/ Credit/ Prepaid ကတ်များ Activate နှင့် Deactivate ပြုလုပ်ခြင်း။
၂။ eSavings နှင့် Smart Savings Personal ဘဏ်အကောင့်ပိုင်ရှင်များ Debit ကတ်လျှောက်ထားခြင်း။
၃။ သက်တမ်းကုန်ဆုံးသွားသော ကတ်များ၊ ပျောက်ဆုံးပျက်စီးသွားသော ကတ်များကို အသစ်လျှောက်ထားရယူခြင်း။
၄။ ကတ်အသုံးပြုပြီး ငွေပေးချေခြင်းဆိုင်ရာ အငြင်းပွားမှုကိစ္စများကို ပြန်လည်ရှင်းလင်းပေးခြင်းတို့ ဖြစ်သည်။
CB Bank ကတ် ဝန်ဆောင်မှုများရယူလိုပါက နီးစပ်ရာဘဏ်ခွဲများတွင် QR Code ကို Scan ဖတ်၍သော်လည်းကောင်း၊ အောက်ဖော်ပြပါပုံ၌ ပါရှိသည့် QR Code မှတစ်ဆင့်သော်လည်းကောင်း မိမိရယူလိုသော ဝန်ဆောင်မှုအား လျှောက်ထားနိုင်ပြီး ကတ်ပိုင်ရှင်ဖြည့်သွင်းခဲ့သော အချက်အလက်များကို ဘဏ်ကစစ်ဆေးသွားမည်လည်းဖြစ်သည်။

Photo Source https://www.facebook.com/CBBankmyanmar

ဘဏ်ကစစ်ဆေးပြီးနောက် ရုံးဖွင့်ရက်နှစ်ရက်အတွင်း လူကြီးမင်းတို့ ရယူလိုသော ဝန်ဆောင်မှုအား လုပ်ဆောင်ပေး မည်ဖြစ်ပြီး လိုအပ်သည့်အချက်အလက်များရှိခဲ့ပါက ဘဏ်မှ ကတ်ပိုင်ရှင်ကို ဆက်သွယ်ပေးမည်ဖြစ်ပါကြောင်း သိရသည်။
CB Bank အနေဖြင့် ပြည်တွင်းငွေလွှဲပေးပို့ခြင်း၊ ပြည်တွင်းငွေလွှဲထုတ်ယူခြင်း၊ CB Bank Account သို့ ငွေပေးသွင်းခြင်း၊ Worker Remittance ထုတ်ယူခြင်း၊ Top-up ပြုလုပ်ခြင်း ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ CB Pay Agent များထံတွင် ရယူနိုင်ပြီလည်းဖြစ်သည်။
ပြည်တွင်းငွေလွှဲထုတ်ယူမည့်သူများအနေဖြင့် CB Pay Agent များထံတွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်ပြီး လက်ရှိတွင် ဝန်ဆောင်မှုပေးနေသည့် CB Pay Agent ၁,၀၀၀ ကျော်ရှိကာ Agent ကြီး ၅၀ ရှိကြောင်းလည်းသိရသည်။ ထို့အပြင် CB Pay Application မှတစ်ဆင့် OK Dollar သို့ ငွေလွှဲပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ OK Dollar Agent များထံတွင် လည်းငွေသားထုတ်ယူနိုင်ပြီလည်းဖြစ်သည်။
CB Bank အနေဖြင့် Deposit Account အသစ်အား အထူးအစီအစဉ်တစ်ရပ်အဖြစ် ငွေပမာဏ အကန့်အသတ်မရှိ ထုတ်ယူနိုင်ပြီး အတိုးပါရရှိမည့် Special Account ကို မေလ ၃ ရက်နေ့မှစတင်၍ CB Bank ၏ ဖွင့်လှစ်ဘဏ်ခွဲနှင့် ကြိုတင်ချိတ်ဆက်ဘဏ်ခွဲများတွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

Photo Source https://www.facebook.com/CBBankmyanmar

အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ တစ်ဦးချင်း Personal Account ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပြီး အကန့်အသတ်မရှိ ငွေသားပေးသွင်းနိုင်သည်။ ယခင်ချက်လက်မှတ်များနှင့် ပုံစံကွဲပြားသည့် Special Account Seal ရိုက်နှိပ်ကာ ချက်လက်မှတ်စာအုပ် ထုတ်ပေးသွားမည်လည်းဖြစ်သည်။
Special Account ဖွင့်လှစ်ခြင်းအတွက် ရရှိမည့်ဝန်ဆောင်မှုများမှာ ငွေသားပေးသွင်းထားငွေများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း၊ Special Account မှ အခြား CB Bank Account များသို နည်းလမ်းအမျိုးမျိုးဖြင့် ပမာဏအကန့်အသတ်မရှိ စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း၊ CB Bank Special Account မှ အခြားဘဏ်များ၏ ဘဏ်စာရင်းများသို စာရင်းပြောင်း ဆောင်ရွက်နိုင်ခြင်း၊ CB Bank Special Account ၏ နေ့စဉ်စာရင်းပိတ်လက်ကျန်များအပေါ်တွင် လက်ကျန်ငွေပမာဏအလိုက် အတိုးတွက်ချက်ပေးခြင်း တို့ဖြစ်သည်။
CB Bank ၏ Website မှတစ်ဆင့် ကတ်ဝန်ဆောင်မှုလျှောက်ထားရန် အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.cbbank.com.mm/en/form