CB Bank ကတ်ဝန်ဆောင်မှုကို Viber Chatbot မှစစ်ဆေးနိုင်ပြီး CB Bank ၏ Bulk Payment ဝန်ဆောင်မှုစတင်

CB Bank MPU-JCB, VISA, MasterCard, UPI ကတ်တွေနှင့်ပတ်သက်သော လက်ကျန်ငွေ စစ်ဆေးခြင်း၊ ငွေအဝင်အထွက် စစ်ဆေးခြင်း၊ အရင်လ၏ ငွေစာရင်းစစ်ဆေးခြင်းများကို စက္ကန့်ပိုင်းအတွင်း သိရှိနိုင်ရန်အတွက် CB Bank Viber Chatbot ဝန်ဆောင်မှုကို အသုံးပြုနိုင်နေပြီဖြစ်ကြောင်းသိရသည်။
CB Bank Viber Application ဝန်ဆောင်မှုများကို ရယူရန် အောက်ပါ အချက်များကို လုပ်ဆောင်ရမည်ဖြစ်သည်။
(၁) CB Bank Viber Application ကိုရယူရန်အတွက် QR ကို Scan ဖတ်ရမည်ဖြစ်သည်။
(၂) CB Bank Viber Business A/C ကို ရောက်ရှိပါက Hi CB ဟု ပေးပို့ရမည်ဖြစ်သည်။
(၃) မှတ်ပုံတင်နံပါတ် ၆ လုံး (သို့) Passport နံပါတ် အားလုံးကို ရိုက်ထည့်ရမည်ဖြစ်သည်။
(၄) အချက်အလက်ရယူလိုသော ကတ်နံပါတ်အား ဖော်ပြထားသည့် နံပါတ်စဉ်အားပေးပို့ရမည်ဖြစ်သည်။ ကတ်နံပါတ် များအား ရိုက်ထည့်ပေးရန်မလိုပါ။ နံပါတ်စဉ်များသာ ရွေးချယ်၍ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။
(၅) မိမိရယူလိုသော ဝန်ဆောင်မှု၏ နံပါတ်စဉ်အားပေးပို့ပါ။ ဝန်ဆောင်မှုအား ပြန်လည် ရိုက်ထည့်ပေးရန် မလိုအပ်ပေ။ ရယူ လိုသော ဝန်ဆောင်မှု၏ နံပါတ်စဉ်ကိုသာရွေးချယ်၍ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။
CB Bank Viber Chatbot အသုံးပြုပုံနှင့်ပတ်သက်သော အသေးစိတ်ကို အောက်ပါ Link တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။
Link: http://cbbank.me/3vxAG8J

Photo Source https://www.facebook.com/CBBankmyanmar

လက်ရှိ CB Bank တွင် များပြားတဲ့ငွေပေးချေမှုတွေအတွက် ကိုယ်စားဆောင်ရွက်ပေးနိုင်သည့် CB Bank ၏ Bulk Payment ဝန်ဆောင်မှုကိုလည်း အသုံးပြုနေပြီဖြစ်သည်။ Bulk Payment ဆိုသည်က မိမိငွေစာရင်းမှ တစ်ကြိမ်တည်းလွှဲရုံဖြင့် များစွာသောငွေစာရင်းများသို့ တိုက်ရိုက်ပေးပို့နိုင်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်သောကြောင့် ကုမ္ပဏီအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများအနေနှင့် ဝန်ထမ်းလစာပေးခြင်းအပြင် ပုံမှန်ငွေပေးချေမှုတွေကို အကြောင်းအရာသတ်မှတ်ပြီး Business Internet Banking ဖြင့် အချိန်မကုန်/ လူအင်အားမကုန်စေဘဲ အကျိုးရှိရှိအသုံးချနိုင်သော ငွေပေးချေမှုစနစ်တစ် ခုလည်းဖြစ်သည်။
Business iBanking ၏ Bulk Payment မှတစ်ဆင့် ပြုလုပ်နိုင်တဲ့အရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Payroll Service ကဲ့သို့ ဝန်ထမ်းများကို လစာပေးချေနိုင်ခြင်း။
(၂) ပုံမှန်ပေးချေရမည့် Supplier များထံသို့ သတ်မှတ်အချိန်အတိုင်း တိကျစွာပေးချေနိုင်ခြင်း စသည်တို့ ပြုလုပ်နိုင်သည်။
Bulk Payment ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများမှာလည်းအောက်ပါအတိုင်းဖြစ်သည်။
(၁) ဝန်ထမ်းများအား Privacy ရှိရှိ လစာပေးနိုင်ခြင်း။
(၂) ပေးပို့ရမည့်ငွေပမာဏ မှားယွင်းမှု တစ်စုံတစ်ရာမရှိခြင်း။
(၃) ပေးချေလိုသည့် နေ့ရက်အတိအကျ ပေးချေနိုင်ခြင်း။
(၄) ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အချိန်နှင့် လူအင်အား သက်သာစေခြင်း။
(၅) တိကျသေချာသော ငွေသားစီမံခန့်ခွဲမှုရှိခြင်း။
(၆) Business Internet Banking တွင် ငွေအဝင်အထွက်နှင့် ငွေလက်ကျန်စစ်ဆေးခြင်းများကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ခြင်းတို့ဖြစ်သည်။

Photo Source https://www.facebook.com/CBBankmyanmar

လိုအပ်ချက်များအနေဖြင့် Bulk Payment ဝန်ဆောင်မှု အသုံးပြုလိုသော ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်များအနေဖြင့် Corporate ငွေစာရင်းတစ်ခု ဖွင့်လှစ်ပြီး Business Internet Banking လျှောက်ထားအသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် လစဉ် (သို့မဟုတ်) အမြဲတမ်းပြုလုပ်လိုသည့် ကုမ္ပဏီ၏ ငွေစာရင်းတွင် လုံလောက်သော ငွေပမာဏ (Deposit) ထားရှိရမည်ဖြစ်သည်။ Bulk Payment အသုံးပြုပြီး လစာပေးလိုသည့် ဝန်ထမ်းများတွင်လည်း CB Bank Account ရှိရန် လိုအပ်သည်။ Bulk Payment အသုံးပြုပြီး ငွေပေးချေလိုသည့် Supplier များတွင်လည်း CB Bank Account ရှိရန် လိုအပ်သည်။
အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/CBBankmyanmar