ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် CBPay Application မှတဆင့် တိုကင်ရယူနိုင်

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးတို့ရှိ ငွေထုတ်ယူလိုသော Customer ကြီးများအနေဖြင့် CB Pay Application မှ တစ်ဆင့် တိုကင်ရယူနိုင်ပြီး တိုကင်ရယူထားသောဘဏ်ခွဲများတွင် ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။ CB Pay Token ကို တနင်္လာနေ့မှ သောကြာနေ့အထိ အပတ်စဉ် နံနက် ၁၁ နာရီတွင် စတင်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ထားသည်။
CB Pay ဖွင့်ထားပြီးသူများအနေဖြင့် CB Pay ဖွင့်ခဲ့သည့် ဖုန်းနံပါတ်အား ပြောင်းလဲလိုပါ အဆိုပါဘဏ်များအနက် နီးစပ်ရာဘဏ်ခွဲသို့ လူကိုယ်တိုင်သွားရောက်၍ ဖုန်းနံပါတ်အသစ်ပြောင်းလဲနိုင်မည်လည်းဖြစ်သည်။ CB Bank အကောင့်မှတစ်ဆင့် CB Pay ချိတ်ဆက်အသုံးပြုလိုသူများအတွက် CB Pay ချိတ်ဆက်ပေးသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ CB Bank ၏ ဘဏ်ခွဲများစာရင်းများကို အောက်တွင်ဖော်ပြထားသည့် လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
https://www.cbbank.com.mm/…/branches_that_connecting

Photo Source https://web.facebook.com/CBBankmyanmar

CB Pay Token ရယူရန် CB Pay App ကို Download ရယူပြီး Register ပြုလုပ်ထားရန် လိုအပ်မည်လည်းဖြစ်သည်။ CB Pay App အား အောက်ပါ Link တွင် Install ပြလုပ်နိုင်ပါသည်။
https://cbbank.me/359xGRn
CB Pay Application ရှိပါက CB Bank အကောင့်အချင်းချင်း ငွေလွှဲပေးပို့ခြင်း၊ ဖုန်းဘီလ်ဖြည့်ခြင်း၊ လက်ကျန်ငွေစစ်ဆေးခြင်း၊ အင်တာနက်လိုင်း သက်တမ်းတိုးခြင်း၊ ရုပ်သံလိုင်းများ သက်တမ်းတိုးခြင်းတို့ကို အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည်လည်းဖြစ်သည်။
CB Bank MPU-JCB, VISA, MasterCard, UPI ကတ်တွေနှင့်ပတ်သက်သော လက်ကျန်ငွေ စစ်ဆေးခြင်း၊ ငွေအဝင်အထွက် စစ်ဆေးခြင်း၊ အရင်လ၏ ငွေစာရင်းစစ်ဆေးခြင်းများကို စက္ကန့်ပိုင်းအတွင်း သိရှိနိုင်ရန်အတွက် CB Bank Viber Chatbot ဝန်ဆောင်မှုကို အသုံးပြုနိုင်နေပြီဖြစ်ကြောင်းသိရသည်။

Photo Source https://web.facebook.com/CBBankmyanmar

လက်ရှိ CB Bank တွင် များပြားတဲ့ငွေပေးချေမှုတွေအတွက် ကိုယ်စားဆောင်ရွက်ပေးနိုင်သည့် CB Bank ၏ Bulk Payment ဝန်ဆောင်မှုကိုလည်း အသုံးပြုနေပြီဖြစ်သည်။ Bulk Payment ဆိုသည်က မိမိငွေစာရင်းမှ တစ်ကြိမ်တည်းလွှဲရုံဖြင့် များစွာသောငွေစာရင်းများသို့ တိုက်ရိုက်ပေးပို့နိုင်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်သောကြောင့် ကုမ္ပဏီအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများအနေနှင့် ဝန်ထမ်းလစာပေးခြင်းအပြင် ပုံမှန်ငွေပေးချေမှုတွေကို အကြောင်းအရာသတ်မှတ်ပြီး Business Internet Banking ဖြင့် အချိန်မကုန်/ လူအင်အားမကုန်စေဘဲ အကျိုးရှိရှိအသုံးချနိုင်သော ငွေပေးချေမှုစနစ်တစ် ခုလည်းဖြစ်သည်။
၂၈ နှစ်တာကာလအတွင်း CB Bank သည် ဝန်ထမ်းပေါင်း ၃၀ ကျော်မှ ဝန်ထမ်းပေါင်း ၉,၀၀၀ ခန့်အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ခုခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်ရန် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း Customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးဆောင်နေသော ဘဏ်တစ်ခုဖြစ်သည်။