CB Bank CRM စက်ကိုအသုံးပြုပြီး အကောင့်ထဲသို့ ငွေထည့်သွင်းပုံ အဆင့်ဆင့် နှင့် CRM စက်ဝန်ဆောင်မှု ရရှိနိုင်မည့်နေရာများ

CB Bank ၏ CRM စက်ကို အသုံးပြုပြီး ငွေသားထည့်သွင်းပုံအဆင့်ဆင့်မှာ အောက်မှာဖော်ပြထားသည့် အတိုင်းဖြစ်ပါတယ်။
(၁) ဘာသာစကားကိုရွေးချယ်ပါ။
(၂) ငွေထည့်သွင်းမည်/Cash Deposit ကို ရွေးချယ်ပါက ငွေလက်ခံမည့် Cash Box ပွင့်လာမှာဖြစ်ပါတယ်။
(၃) Cash Box ထဲ ငွေသားထည့်သွင်းပြီးပါက Yes/No ကိုနိုပ်ကာ ငွေပမာဏကို အတည်ပြုနိုင်ပါတယ်။
(၄) More Notes ကို နိုပ်ပါက Cash Box ထပ်မံပွင့်လာမည်ဖြစ်ပြီး ငွေထပ်မံထည့်သွင်းနိုင်ပါတယ်။
(၅) ပထမထည့်သည့်အရွက်ရေနှင့် ထပ်မံထည့်သွင်းသည့် အရွက်ရေစုစုပေါင်း ၁၀၀ ကျော်လို့မရပါ။
(၆) စက်အတွင်း ငွေထည့်သွင်းပြီးပါက ပြေစာယူ၊ မယူကို မေးမှာဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။
(၇) စာရင်းအမှတ်၊ ငွေပမာဏနှင့် စာရင်းပိုင်ရှင်အမည်ကို ဖော်ပြမည်ဖြစ်ပြီး ငွေထည့်သွင်းခြင်းအတည်ပြုချက်ကို တောင်းခံ မည်ဖြစ်သည်။ စစ်ဆေးပြီးပါက အတည်ပြုမည်ကို နှိပ်ပါ။
(၈) ငွေထည့်သွင်းခြင်းလုပ်ငန်း အောင်မြင်စွာပြီးဆုံးပြီဖြစ်ပါတယ်။

Photo Source https://t.me/cbbankmyanmar

အောက်ပါအချက်များကိုလည်း အသုံးပြုသူအနေဖြင့် မှတ်သားရရမှာဖြစ်ပါတယ်။
(၁) ကျပ် ၅၀၀၀ နှင့် ကျပ် ၁၀၀၀၀ ငွေအမျိုးအစားငွေစက္ကူနှစ်မျိုးကိုသာ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
(၂) တစ်ကြိမ်လျှင် အများဆုံးအရွက်ရေ ၁၀၀ အထိထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
(၃) ငွေစာရင်းတစ်ခုအတွက် ၁ ရက်လျှင် ငွေကျပ်သိန်း ၂၀ အထိထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
(၄) စက်ကလက်မခံသော ငွေစက္ကူများကို ပြန်လည်ထုတ်ပေးမှာဖြစ်ပါတယ်။
(၅)ပြန်မယူရလျှင် စက်ကသိမ်းဆည်းသွားမှာဖြစ်ပြီး ထို့သို့ ကြုံတွေ့ရပါက 01 2317770 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင် မှာဖြစ်ပါတယ်။
ရန်ကုန်မြို့ပေါ်နှင့် မန္တလေးမြို့ပေါ်ရှိ CB Bank ဘဏ်ခွဲများရှိ ATM/CRM စက်များသည် နေ့စဉ်အသုံးပြုမှု လွန်စွာများပြား လာပါသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်လာပါသောကြောင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ATM စက်များ၌ အလှည့်ကျငွေဖြည့်တင်း ထားရှိပေးသွားမည်ဖြစ်ပါကြောင်း CB Bank မှ ထုတ် ပြန်ထားသည်။
၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်း ရန်ကုန်မြို့ပေါ်နှင့် မန္တလေးမြို့ပေါ်ရှိ ငွေသားထုတ်ယူနိုင်သော CB Bank ATM/CRM စက်များထားရှိသည့် ဘဏ်ခွဲနေရာများကို အောက်ပါ Link မှာလေ့လာကြည့်ရှုနိုင်ပါတယ်။
https://www.cbbank.com.mm/files/media/available_crm_list.pdf
ထို့ပြင် Bank ၏ ATM/ CRM စက်များတွင်သာမက CB Pay မှတစ်ဆင့် OK Dollar သို့ ငွေလွှဲပြီး OK Dollar Agent များထံတွင် ငွေသားထုတ်ယူနိုင်ပါကြောင်းလည်း CB Bank မှ အသိပေးထုတ်ပြန်ထားသည်။