Digital Marketing ပညာရပ်ကို အခမဲ့လေ့လာနိုင်မယ့် Website များအကြောင်း

အားလပ်ချိန်တွေမှာ Digital Marketing ပညာရပ်ကို လေ့လာချင်သူတွေအနေနဲ့ အောက် ပါ Website တွေကို သိရှိလေ့လာထားသင့်ပါတယ်။

Photo Source https://www.wordstream.com/growth-academy

(၁) WordStream’s Growth Academy
Growth Academy ဆိုတာကတော့ digital marketingနဲ့ပတ်သတ်တဲ့ပညာရပ်တွေကို တစ်စုတစ်စည်းတည်း လေ့လာလို့ ရနိုင်မယ့်နေရာတစ်ခုပဲဖြစ်ပါတယ်။ သင်ခန်းစာတွေဟာ နားလည်ရလွယ်ကူစေပြီး အကျိုးသက်ရောက်မှုများစွာကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ Digital marketing မှာမှ အွန်လိုင်းစီးပွားရေးလုပ်ဆောင်နေသူတိုင်းအတွက် online မှာကြော်ငြာပုံကြော်ငြာနည်းတွေ (online advertising) မိမိတို့ရောင်းချမယ့်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို စိတ်ဝင်စားမှုရှိနေတဲ့သူတွေကို ချည်းကပ်နည်း (lead generation) နဲ့ ecommerce တွေကိုပြည့်ပြည့်စုံစုံလေး လေ့ လာလို့ရတဲ့အပြင် မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပါ တိုးတက်မြင့်မားလာအောင် တစ်ထောင့်တစ်နေရာကနေ အထောက် အကူပြုမယ့်နေရာတစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.wordstream.com/growth-academy
(၂) Social Media Quickstarter
အွန်လိုင်းမားကတ်တင်းလေ့လာလိုသူတွေအတွက် သီးသန့်ပြုလုပ်ထားတာဖြစ်ပြီး social media marketing ကိုဖတ်လို့ရ မယ့် study guides တွေစာအုပ် pdf တွေနဲ့ အားလပ်ချိန်တွေမှာအခြေခံကစလေ့လာပြီးမားကတ်တင်းအသိတွေကို ထပ်မံ တိုးချဲ့တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://blogs.constantcontact.com/social-media-quickstarter/
(၃) CopyBlogger Marketing
ဒါကတော့ email marketing လုပ်ဆောင်ချင်သူတွေအတွက် အထူးသင့်တော်တဲ့courseတစ်ခုဖြစ်ပါတယ်။ ဒီထဲမှာ keyword researchလုပ်တာတွေ SEO,content marketing,copywriting နဲ့အခြားသောဗဟုသုတရစရာများစွာကို လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://copyblogger.com/online-marketing-course/
(၄) PPC University
PPC(pay-per-click) ကိုခေါ်ဆိုတာဖြစ်ပြီးကြော်ငြာ ads ပိုင်းနဲ့ပတ်သတ်ပြီးအဓိကထားလေ့လာ သင်ကြားခွင့်ရမယ့် ဆိုဒ်တစ်ခုပဲဖြစ်ပါတယ်။ WordStream’s ကပဲပြုလုပ်ထားတာဖြစ်ပြီး ads ပိုင်းအတွက် သီးသန့်ဖန်တီးပေး ထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာအပိုင်းကဏ္ဍအလိုက် PPC 101,PPC 102 စသဖြင့်အခြေခံကနေစတင်ပြီး တဆင့်ထက်တဆင့် ထပ်တိုးပြီးလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.wordstream.com/learn
(၅) Coursera
အွန်လိုင်းမှာပညာရေးအတွက်လေ့လာလို့ရတဲ့ဆိုက်တွေအများကြီးရှိပေမယ့် Coursera ကတော့ လူသိအများဆုံးနဲ့ အကျော် ကြားဆုံးသော ဆိုက်တစ်ခုလို့တောင်ပြောလို့ရပါတယ်။နိုင်ငံတကာတက္ကသိုလ်တွေမှာ သင်ကြားနေတဲ့သင်ခန်းစာတွေကို အခမဲ့လေ့လာသင်ယူနိုင်တဲ့အပြင် အွန်လိုင်းမားကတ်တင်းကိုလည်း တဝကြီးလေ့လာနိုင်မှာပါ။ တကယ်လို့များ အသိအမှတ်ပြု certificate ရယူလိုလျှင်လည်းဖြေဆိုရရှိနိုင်မှာဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.coursera.org/

Photo Source https://www.udemy.com/

(၆) Udemy
Udemy ဆိုတာကတော့ပညာတွေသင်ကြားပေးနေတဲ့ ပညာရေးဝက်ဆိုက်တစ်ခုဖြစ်ပြီး ထိုထဲမှာတော့အခမဲ့တက်ရောက် တာနဲ့ ပိုက်ဆံသွင်းပြီးမှလေ့လာခွင့်ရတာဆိုပြီး ၂ မျိုးခွဲထားပါတယ်။ ငွေကြေးမသွင်းလည်းအခမဲ့ (free courses)တွေကို သင်ယူလေ့လာလို့ရပါသေးတယ်။ Udemy ကတော့ နယ်ပယ်စုံကို သင်ကြားပေးထားဖြစ်တဲ့အတွက် မားကတ်တင်းအပြင် အခြားသောဘာသာရပ်တွေကို စိတ်ဝင်စားသူအတွက်ပါ အဆင်ပြေပြေလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.udemy.com/
(၇) Edx
Edx ကိုတော့ ကမ္ဘာကျော်တက္ကသိုလ်များဖြစ်ကြတဲ့ Harvad University နဲ့ Massachusetts Institute of Technology(MIT) ကအတူတကွပူးပေါင်းတည်ထောင်ထားတဲ့ online learning free courses website တစ်ခုပဲဖြစ်ပါတယ်။ Edx မှာနိုင်ငံတကာနာမည်ကြီးတက္ကသိုလ်တွေမှာ သင်ကြားပို့ချပေးနေတဲ့သင်ခန်းစာပေါင်းများစွာကို အခမဲ့လေ့လာခွင့်ရရှိမှာပဲဖြစ်ပါတယ်။ သင်တန်းအမျိုးအစားတွေဆိုရင်လည်း ၁၂၀၀ လောက်တောင်ရှိနေတာဖြစ်လို့ မိမိတို့ဝါသနာပါရာအလိုက်စိတ်တိုင်းကျရွေးချယ်သင်ယူနိုင်မှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါ တယ်။
https://www.edx.org/
(၈) Facebook Blueprint
မိမိတို့ရဲ့ လုပ်ငန်းမှာတဆင့်ထက်တဆင့်ပိုမိုကျွမ်းကျင်တဲ့အရာတွေ ကိုလုပ်ဆောင်ချင်တယ်ဆိုရင်တော့ facebook blueprint ကအကောင်း ဆုံးဖြစ်ပါလိမ့်မယ်။ blueprint မှာပညာရပ်ပေါင်းများစွာလေ့လာလို့ရတဲ့အပြင် အကောင်းဆုံး သောလေ့ကျင့်မှုတွေလည်းပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/business
(၉) ALISON
အသစ်အသစ်သောပြောင်းလဲမှုတွေ စီးပွားရေးနဲ့ပတ်သတ်တဲ့အတွေးအခေါ်အသစ်အဆန်းတွေ စတာတွေကို တစ်စု တစည်းတည်း လေ့လာလို့ရမှာပဲဖြစ်ပါတယ်။ သူ့မှာရွေးချယ်စရာ category တွေ ၉ ခုလောက်အထိရှိပါတယ်။ ထိုထဲမှာ အကြောင်းအရာဗဟုသုတမျိုးစုံတို့ကို မိမိတို့ဝါသနာပါရာအပိုင်းကို ရွေးချယ်ပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://alison.com/
(၁၀) Google Ad Grants
အခကြေးငွေပေးစရာမလိုဘဲ Google ကသင်ပေးထားတဲ့ real marketing classes တွေကိုလေ့လာပြီး marketing knowledge တွေကိုတိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ Google Ad Grants OnlineMarketing မှာဆိုရင် ပြီးပြည့်စုံတဲ့ သင်ခန်းစာတွေနှင့်လိုအပ်တဲ့ကျွမ်းကျင်မှုပေါင်းများစွာကို စနစ်တကျသင်ကြားပေးထားတဲ့ Online Class တစ်ခုပဲဖြစ် ပါတယ်။ Module တွေတစ်ခုစီခွဲထားပြီး အခြေခံကနေ advanced level အထိကိုလေ့လာသွားလို့ရပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://get.google.com/onlinechallenge/
(၁၁) Quintly Academy
social media analytics နဲ့ပတ်သတ်ပြီးအခြေခံကစလေ့လာသင်ယူနိုင်မယ့် free resources ကြီးတစ်ခုဖြစ်ပါတယ်။ Quintly Academy ဟာအသုံးပြုသူတွေအတွက် အဆင်ပြေပြေလေ့လာနိုင်အောင်အထူးပြုလုပ်ပေးထားပြီး သင်ရိုးညွှန်း တမ်းပြည့်ပြည့်စုံစုံလေးနဲ့ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။ မိမိတို့သတ်မှတ်ထားတဲ့ goals ကိုရောက်ရှိချင်တယ်ဆိုရင်တော့ လေ့လာသင့်တဲ့ Online Courses တွေပဲဖြစ်ပါတယ်။
http://academy.quintly.com/…/free-social-media-analytics
(၁၂) eMarketing Institude
Digital marketing,social media marketing နဲ့content marketingစသောအကြောင်းအရာများကိုသီအိုရီ တွေစာတွေ့ လက်တွေ့သင်ခန်းစားပေါင်းများစွာနဲ့အခမဲ့သင်ယူလေ့လာနိုင်မယ့်နေရာတစ်ခုပဲဖြစ်ပါတယ်။ သင်ခန်းစာများကိုလေ့လာပြီး အသိအမှတ်ပြုလက်မှတ် certificate များကိုလည်းထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါ တယ်။
https://www.emarketinginstitute.org/
(၁၃) Google Digital Garage
Google ကတော့လူတိုင်းနဲ့အရင်းနှီးဆုံး သုံးနေကျtoolတစ်ခု ဖြစ်တဲ့အပြင် google ဆီကနေများစွာသောပညာရပ်တွေကို အခမဲ့လေ့လာလို့ရနိုင်တဲ့အခွင့်အရေးလည်းရှိပါသေးတယ်။ Google ကနေ Google Digital Garage ဆိုတဲ့ဝက်ဆိုက်ပေါ်မှာ digital marketing နဲ့ပတ်သတ်တဲ့ နည်းလမ်းတွေသင်ခန်းစာတွေများစွာကို သင်ယူနိုင်ပါတယ်။ သင်ခန်းစာပေါင်း ၁၀၀ ကျော်သင်ကြာပေးထားပြီး certificate badges ၂၀ကျော်ကိုလည်း စာမေးပွဲဖြေပြီးယူနိုင်မှာပဲဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://learndigital.withgoogle.com/digitalgarage

Letter Source – APN Contents Creation