ဆက်သွယ်ရေးဆိုင်ရာသိကောင်းစရာများနှင့် ကမ္ဘာ့အလုံခြုံဆုံး Messaging Apps များ အကြောင်း

ယနေ့ခေတ် တဦးနှင့်တဦး email နှင့် ဖြစ်စေ messaging service ဖြင့်ဖြစ်စေ ဆက်သွယ်ကြသည့်အခါ ရေးသားထားသော အကြောင်းအရာများ လုံခြုံမှုရှိရန် လိုအပ်ပါသည်။ လူသုံးများကြသော Google, Microsoft, Yahoo mail တို့သည် လုံခြုံမှု မရှိကြပါ။ ဟက်ကာများ ကြားဖြတ် ယူဖတ်နိုင်ကြပါသည်။ Google နှင့် အပေါင်းအပါ အဖွဲ့အစည်းများကလဲ email ထဲမှ အကြောင်းအရာများကို ဖတ်နိုင်ကြပါသည်။
လုံခြုံသော ဆက်သွယ်ရေးအတွက် email server ၏ လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Photo Source Myanmar United Page

(၁) ပို့သူရော လက်ခံသူပါ နှစ်ဦးနှစ်ဖက် စာဝှက် (end to end encryption) ရှိရန်။
(၂) computer, web browser, network information နှင့် လက်ခံသူ email address စသည့် metadata များကို ထည့်သွင်း မပို့သခြင်း။
(၃) email server ထားရှိသောနိုင်ငံ – Australia, US, UK, Canada နှင့် New Zealand နိုင်ငံအစိုးရများသည် ထိုနိုင်ငံများအတွင်းရှိ server များမှ ရယူသည့် သတင်းအချက်အလက်များကို တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖလှယ်ကြခြင်း။
(၄) ပရိုဂရမ်ကုတ် ကို မည်သူမဆို စစ်ဆေးနိုင်ရန် ဖွင့်လှစ်ထားခြင်း (open source) တို့ဖြစ်သည်။
ယနေ့ ကမ္ဘာပေါ်၌ အလုံခြုံဆုံး email provider ၃ ခု များမှာအောက်ပါအတိုင်းဖြစ်သည်။
(၁) ProtonMail
https://protonmail.com/
(၂) Tutanota
https://tutanota.com/
(၃)Zoho Mail
https://www.zoho.com/mail/ တို့ဖြစ်သည်။

Photo Source Myanmar United Page

Messaging တွင်လဲ email နှင့်တူညီသော အချက်အလက်များ လိုအပ်ပါသည်။
(၁)ပို့သူရော လက်ခံသူပါ နှစ်ဦးနှစ်ဖက် စာဝှက် (end to end encryption) ရှိရန်။
(၂) ပရိုဂရမ်ကုတ် ကို မည်သူမဆို စစ်ဆေးနိုင်ရန် ဖွင့်လှစ်ထားခြင်း (open source)။
(၃) Metadata ဖွက်ရန် VPN ခံ၍ အသုံးပြုခြင်း တို့ဖြစ်သည်။
ယနေ့ ကမ္ဘာပေါ်၌ အလုံခြုံဆုံး messaging apps များ မှာအောက်ပါအတိုင်းဖြစ်သည်။ အဆိုပါ App များကို မိမိဖုန်းအတွင်း ထည့်သွင်းဆက်သွယ်ခြင်းဖြင့်လည်း လုံခြုံစိတ်ချမှုရရှိစေမည်လည်းဖြစ်သည်။
(၁) Signal
(၂) Wickr Me
(၃) Dust တို့ဖြစ်သည်။
Source – Myanmar United