Fiber Internet တပ်ဆင်လိုသူများ သိထားသင့်သည့် Internet Service Provider များ၏ ဝန်ဆောင်ခနှုန်းထားများ

မြန်မာပြည်တွင်း Mobile Data အင်တာနက်လိုင်းများကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်ဖြတ်တောက်ခဲ့ပြီး Wifi အင်တာနက်သုံးစွဲသူအရေအတွက် ပိုမိုမြင့်တက်လာခဲ့သည်။ နယ်ဒေသများအတွက် Wireless Broadband Internet အသုံးပြုသူပိုမိုများပြားလာခဲ့ပြီး ရန်ကုန်မြို့အပါအဝင် အခြားမြို့ကြီးများတွင် Fiber Internet(FTTH) ကို ပိုမိုတပ်ဆင်အသုံး ပြုလာခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် မြန်မာပြည်တွင်း Wireless Broadband Internet များအသုံးပြုမှုကို ဖြတ်တောက်ခဲ့ပြီး Fiber Internet များသာလက်ရှိသုံးစွဲနေကြရသည်။
ယခုကာလအတွင်း မိမိတို့အိမ်တွင် Fiber Internet တပ်ဆင်လိုသူများအနေဖြင့် Internet Service Provider များ၏ တပ် ဆင်ခနှုန်းထားများ၊ လစဉ်ကျသင့်ငွေများကို ပိုမိုသိရှိထားပါက မိမိတို့ကြိုက်နှစ်သက်ရာ Internet Service Provider တစ်ခု ခုဖြင့် ဆက်သွယ်တပ်ဆင်နိုင်ရန်အတွက် Internet Service Provider များ၏ ဝန်ဆောင်ခနှုန်းထားများကို ဖော်ပြပေးလိုက်ပါ သည်။

Photo Source https://www.facebook.com/WeLinkFiber

(၁) WeLink
L6 plan – တစ်လ 25000 ကျပ် တလချင်းသွင်း (မြန်နှုန်း 8 mbps)၊ တပ်ဆင်ကြေး 50000 ကျပ်၊ စုစုပေါင်း 75000 ကျပ်၊ (တပ်ဆင်ကြေး 50000 ကျပ်မှာ စစတပ်ဆင်ခြင်းတလသာပေးဆောင်ရမည်ဖြစ်သည်)
Lucky Package – L1 plan- တစ်လ 31500 ကျပ် တလချင်းသွင်း (မြန်နှုန်း28 mbps)တပ်ဆင်ကြေး 50000 ကျပ်၊ စုစုပေါင်း 81500 ကျပ်(တပ်ဆင်ကြေး 50000 ကျပ်မှာ စစတပ်ဆင်ခြင်းတလသာပေးဆောင်ရမည်ဖြစ်သည်)
Golden Package – G6 plan – တစ်လ 25000 ကျပ် 3 လကြိုသွင်း (မြန်နှုန်း 10 mbps) တပ်ဆင်ကြေး 25000 ကျပ်စုစုပေါင်း 100,000 ကျပ် (တပ်ဆင်ကြေး 25000 ကျပ်မှာ စစတပ်ဆင်ခြင်းတလသာပေးဆောင်ရမည်ဖြစ်သည်)
Golden Package – G1 plan- တစ်လ 31500 ကျပ် 3လ ကြိုသွင်း (မြန်နှုန်း 30 mbps)၊ တပ်ဆင်ကြေး 25000 ကျပ်၊ စုစုပေါင်း 119,500 ကျပ် (တပ်ဆင်ကြေး 25000 ကျပ်မှာ စစတပ်ဆင်ခြင်းတလသာပေးဆောင်ရမည်ဖြစ်သည်)
Diamond Package – D6 plan- တစ်လ 25000 ကျပ် 6 လစာကြိုသွင်း (မြန်နှုန်း 15 mbps)၊ တပ်ဆင်ကြေး free၊ စုစုပေါင်း 150,000ကျပ်
Diamond Package – D1 plan- တစ်လ 31500 ကျပ် 6လစာကြိုသွင်း (မြန်နှုန်း 35 mbps)တပ်ဆင်ကြေး free၊ စုစုပေါင်း 189,000 ကျပ်
Crown Package- C6 plan- တလ 25000 ကျပ် ၁နှစ်စာကြိုသွင်း (မြန်နှုန်း 24 mbps)၊ တပ်ဆင်ကြေး free စုစုပေါင်း 300,000ကျပ်
Crown Package C1 plan- တလ 31500 ကျပ် ၁နှစ်စာကြိုသွင်း (မြန်နှုန်း 48 mbps)၊ တပ်ဆင်ကြေး free၊ စုစုပေါင်း 378,000ကျပ် တို့ကျသင့်မည်ဖြစ်သည်။ အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/WeLinkFiber

Photo Source https://www.facebook.com/myanmarnetinternet/

(၂) Myanmar Net
၂၄,ဝဝဝ ကျပ် 10 Mbps မြန်နှုန်း အိမ်ပြင်သုံးအကောင့် ၂ ခု
၃၂,ဝဝဝ ကျပ် 16.5 Mbps မြန်နှုန်း အိမ်ပြင်သုံးအကောင့် ၂ ခု
၄၄,ဝဝဝ ကျပ် 24 Mbps မြန်နှုန်း အိမ်ပြင်သုံးအကောင့် ၂ ခု
၆၄,ဝဝဝ ကျပ် 47 Mbps မြန်နှုန်း အိမ်ပြင်သုံးအကောင့် ၃ ခု
၈၃,ဝဝဝ ကျပ် 61 Mbps မြန်နှုန်း အိမ်ပြင်သုံးအကောင့် ၃ ခု
၁၂ဝ,ဝဝဝ ကျပ် 120 Mbps မြန်နှုန်း အိမ်ပြင်သုံးအကောင့် ၃ ခု တို့ပါဝင်မှာဖြစ်ပါတယ်။
(တစ်လချင်းစီသာ ပေးသွင်းရမည့် ၃ လ စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး ၆ လစာချုပ်ချုပ်ဆိုပါက တပ်ဆင်ကြေး အခမဲ့ဖြစ်ပါတယ်။ Myanmar Net အကြောင်းကို အသေးစိတ်ထပ်မံသိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
https://www.facebook.com/myanmarnetinternet/

Photo Source http://bit.ly/MptDomePyanMM

(၃) MPT Dome Pyan
20 Mbps + (1GB Data, 100 Mins {on-net}, Unlimited SMS {on-net} x 3 Mobile numbers) – ၃၉,၀၀၀ ကျပ်
50 Mbps + (2GB Data, 100 Mins {on-net}, Unlimited SMS {on-net} x 3 Mobile numbers) – ၆၉,၀၀၀ ကျပ်
100 Mbps + (3GB Data, 200 Mins {on-net}, Unlimited SMS {on-net} x 3 Mobile numbers) – ၁၀၉,၀၀၀ ကျပ်
အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် *9090# ကို နှိပ်ပြီးကြည့်ရှုနိုင်သလို အောက်ပါ Link တွင်လည်းဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
http://bit.ly/MptDomePyanMM

Photo Source https://www.facebook.com/UniLinkofficial/

(၄) Unilink Myanmar
10 Mbps -30000 ကျပ်
20 Mbps -54000 ကျပ်
30 Mbps -76950 ကျပ်
40 Mbps -81000 ကျပ်
60 Mbps -118000 ကျပ်နှုန်းနဲ့စတင်ဝယ်ယူနိုင်ပြီလည်းဖြစ်ပါတယ်။ Unilink Myanmar အကြောင်းကို ပိုမိုသိရှိ လိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/UniLinkofficial/

Photo Source http://bit.ly/3581cb5
(၅) Telenor Home Fiber Internet
Telenor ရဲ့ Home Fiber Internet ကိုဝယ်ယူမယ်ဆိုရင်တော့ Basic Package အနေနဲ့ 10 Mbps ကိုရက် ၉၀ အဝသုံး ၇၅,၀၀၀ ကျပ်၊ Standard Package အနေနဲ့ ၂၀ Mbps ကိုရက် ၉၀ အဝသုံး၁၂၀,၀၀၀ ကျပ် နှင့် Premium Package အနေနဲ့ ၃၀ Mbps ကိုရက် ၉၀ အဝသုံး ၁၅၀,၀၀၀ ကျပ် ဖြင့် Package သုံးမျိုးရှိမှာဖြစ်ပါတယ်။ Package အားလုံးအတွက် တပ်ဆင်ခအခမဲ့ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://bit.ly/3581cb5

Photo Source https://ooredoo.com.mm/portal/mm/supernetfibre

(၆) Ooredoo Super Fiber Internet
Ooredoo ရဲ့ Super Fiber Internet ကိုဝယ်ယူမယ်ဆိုရင်တော့ ၁၀ Mbps ကို ၃၇,၀၀၀ ကျပ်၊ ၂၀ Mbps ကို ၄၅,၀၀၀ ကျပ်၊ ၄၀ Mbps ကို ၆၀,၀၀၀ ကျပ်၊ ၅၀ Mbspကို ၇၅,၀၀၀ ကျပ်နှင့် ၁၀၀ Mbps ကို ၁၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://ooredoo.com.mm/portal/mm/supernetfibre

Photo Source https://mytel.com.mm/package-internet
(၇) Mytel Fiber Internet
Mytel ရဲ့ Fiber to the Home Internet Package များအနေနှင့် တော်တော်မိုက်-၁ Package ၁၀ Mbps ကို ရက်၃၀ သုံး ၂၅,၀၀၀ ကျပ်နှင့် တော်တော်မိုက်-၂ Package ရက်၃၀ သုံး ၂၀ Mbps ကို ၃၉,၀၀၀ ကျပ်ကျသင့်မယ်ဖြစ်ပြီး ၁၀ယောက်မှ ၁၄ ယောက်အထိ တစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ တော်တော်မိုက်-၃ အနေနှင့် ရက် ၃၀ သုံး ၃၀ Mbps ကို ၄၉,၀၀၀ ကျပ် နှင့် ၁၅ယောက်မှ ၂၁ ယောက်ထိတစ်ပြိုင်နက်ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ တော်တော်မိုက်-၄ အနေနှင့် ရက် ၃၀ သုံး ၅၀ Mbps ကို ၆၉,၀၀၀ ကျပ်နှင့် ၄၅ ယောက်မှ ၅၀ယောက်အထိ တစ်ပြိုင်နက်တပ်ဆင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ တော်တော်မိုက်-၅ အနေနှင့် ရက် ၃၀ သုံး ၇၀ Mbps ကို ၁၁၉,၀၀၀ ကျပ်၊ တော်တော်မိုက်-၆ ကိုရက် ၃၀ သုံး ၁၀၀ Mbps ၂၂၉,၀၀၀ ကျပ်၊ တော်တော်မိုက်-၇ ကိုရက် ၃၀ သုံး ၁၆၀ Mbps ၃၈၉,၀၀၀ ကျပ်နှင့် တော်တော်မိုက်-၈ ကိုရက် ၃၀ သုံး ၂၀၀ Mbps ၇၇၉,၀၀၀ ကျပ်ဖြင့် အမျိုးအစားစုံလင်စွာရွေးချယ် ဝယ်ယူတပ်ဆင်နိုင်ပါသည်။ ထို့အပြင် MyNet 80 Mbps Package အနေနှင့် ရက် ၃၀ သုံး ၈၀ Mbps ကို ၃၈၉,၀၀၀ ကျပ်နှင့် ၈၀ယောက်မှ ၈၅ယောက်အထိ တစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
MyNet 100 Mbps Package အနေနှင့် ရက် ၃၀ သုံး ၁၀၀ Mbps ကို ၇၇၉,၀၀၀ ကျပ်နှင့် ၉၅ယောက်မှ ၁၀၀ယောက်အထိ တစ်ပြိုက်နက် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Package များအားလုံးအတွက် စက်ထိန်းသိမ်းခနှင့် တပ်ဆင်ကြေးမှာလည်းအခမဲ့ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://mytel.com.mm/package-internet

Photo Source https://bit.ly/3cN4d6K
(၈) Truenet
TrueNet Service ကို ယခုမှစတင်အသုံးပြုမည့် Customer များအတွက်လည်း တပ်စဉ်ကြေး အခမဲ့၊ စာချုပ် ချုပ်ရန်မလိုအပ်ပေ။
30Mbps တစ်လ 35000 ကျပ်
40Mbps တစ်လ 47500 ကျပ်
60Mbps တစ်လ 63000 ကျပ်
75Mbps တစ်လ 77700 ကျပ်
90Mbps တစ်လ 89250 ကျပ်
130 Mbps တစ်လ 126000 ကျပ်
Family Package များကတော့ 20Mbps တစ်လ 25000 ကျပ်၊ 22Mbps ခြောက်လ 150000 ကျပ်၊ 25Mbps 13လ 300000 ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။

https://bit.ly/3cN4d6K