MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ ၅၁ မြို့နယ်တွင် တပ်ဆင်အသုံးနိုင်ပြုပြီဖြစ်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် လူသိများထင်ရှားသော မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုအား မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ မြို့ကြီးများနှင့် မြို့နယ်ပေါင်း ၂၄ မြို့ တွင် ထပ်မံတိုးချဲ့တပ်ဆင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ MPT ၏ ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၅၁ မြို့နယ်တွင် အသုံးပြုနိုင်ပြီ ဖြစ်သည်။
ယခုလတွင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေးမြို့များသာမက ကချင်ပြည်နယ် (မြစ်ကြီးနား)၊ ကယားပြည်နယ် (လွိုင်ကော်)၊ ကရင်ပြည်နယ် (ဘားအံ၊ မြဝတီ)၊ ချင်းပြည်နယ် (ဟားခါး)၊ ရှမ်းပြည်နယ် (လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ကလော၊အောင်ပန်း)၊ တနင်္သာရီတိုင်း ဒေသကြီး (ကော့သောင်း၊ ထားဝယ်) နှင့် ရခိုင်ပြည်နယ် (စစ်တွေ) စသည့် မြို့ပြဒေသများတွင်လည်း မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် အိမ်သုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို ရရှိ အသုံးပြုနိုင်ပြီဖြစ်သည်။

Photo Source https://web.facebook.com/MPT-FTTH-111331687281874/

MPT FTTH ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု အသုံးပြုသူများအတွက် ၎င်းတို့၏ MPT မိုဘိုင်းလ်ဆင်းမ်များအပေါ် ထပ်ဆောင်းဒေတာများသာမက MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့်နှင့် စာတိုပေးပို့ခွင့် အစရှိသည့် ပူးတွဲ ဝန်ဆောင်မှုအစီအစဉ်ကို ရယူနိုင်မည်ဖြစ်သည်။ ယခုဝန်ဆောင်မှု မှာ MPT ၏ fixed အင်တာနက်သုံးစွဲသူများအတွက် တစ်နိုင်ငံလုံးဖြန့်ကျက်ထားနိုင်သည့် မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်သုံး ၎င်းတို့၏ MPT မိုဘိုင်းလ်ဖုန်းများအတွက်ပါ ထပ်ဆောင်း အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။
ဤကဲ့သို့သော သိသာထင်ရှားပြီး အရည်အသွေးမြင့်မားတဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မှတ်ကျောက် တင်နိုင်ရန်အတွက် MPT သည် မြန်နှုန်းမြင့် ဒုံးပျံ အိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုအား တပ်ဆင် အသုံးပြုမည့် သုံးစွဲသူအသစ်များအတွက် ကနဦးတပ်ဆင်ခ ကင်းလွတ်ခွင့်နဲ့ အတူ နောက်တစ်လစာအတွက် အခမဲ့အသုံးပြုခွင့် ပါဝင်သည့် မိုးရာသီအထူးပရိုမိုးရှင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက် အထိ ပြုလုပ်သွားမည်ဖြစ်သည်။
“ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၂၄ မြို့ကို ထပ်မံပြီး ချဲ့ထွင်ချိတ်ဆက်နိုင်တဲ့အပေါ် အခုလိုကြေညာ ခွင့်ရတဲ့အတွက် များစွာကျေနပ် ပီတိဖြစ်မိပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သိသာထင်ရှားတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ ဖိုင်ဘာအင်တာနက်ကွန်ရက်ဖြန့်ကျက်မှုက လမ်းကြောင်းသစ်တစ်ခုကို ရှင်းလင်းစွာ ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ကတိကဝတ်အတိုင်း သုံးစွဲသူတွေကို မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် အိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကိုပေးအပ်လိုက်တာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူမှုဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အင်တာနက်အမြန်နှုန်းဟာ တကယ့်ကို အရေးပါတယ်ဆိုတာ ကျွန်တော်တို့ သိရှိနားလည်ထားတယ်။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ သန်းပေါင်းများစွာသောပြည်သူတွေအနေနဲ့ အိမ်မှာနေရစဉ်ကာလအတွင်း ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို အလွန်သက်သာတဲ့နှုန်းထားတွေနဲ့ ဖိုင်ဘာအင်တာနက် ချိတ်ဆက်မှုရဲ့ အကျိုးကျေးဇူးတွေကို ရစေချင်ပါတယ်။ ဒါဟာ အခုလိုမျိုး ခက်ခဲတဲ့အချိန်တွေမှာ MPT က မြန်မာပြည်နဲ့ အတူရှိနေမယ် ဆိုတာကို ပြသလိုက်ခြင်းပဲဖြစ်ပါတယ် ” ဟု MPT-KGSM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima မှ ပြောကြားသည်။

Photo Source https://web.facebook.com/MPT-FTTH-111331687281874/

ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် လစဉ်ကြေးများနှင့် အခြား MPT postpaid (အသုံးပြုပြီးမှ ပေးဆောင် ရသောဘေလ်) ဘေလ်ပေးဆောင်ခြင်းလုပ်ငန်းများကို သုံးစွဲသူများအနေဖြင့် MPT TRA ကောင်တာ (သို့မဟုတ်) စာတိုက်၊ MEB အွန်လိုင်းငွေပေးချေခြင်း (သို့မဟုတ်) ကိုယ်စားလှယ်များ၊ CB ဘဏ်၊ KBZ ဘဏ် သာမက City Mart၊ Junction၊ Ocean၊ Superone၊ Myanma Apex Bank ၊ United Living Mall စသည့် ဈေးဝယ်စင်တာများနှင့် အခြားသော MEB ဆိုင်များမှတစ်ဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။ MEB ဆိုင်များစာရင်းကို ဖော်ပြပါလင့်ခ် (https://bit.ly/2LCkM7c) တွင် ကြည့်ရှုနိုင်သည်။
ဖိုင်ဘာအင်တာနက်အခြေခံအဆောက်အအုံများကို မြန်မာနိုင်ငံတစ်ဝန်း ပိုမိုမြန်ဆန်စွာ တိုးချဲ့ဖြန့်ကျက် လျက်ရှိပြီး လူမှုဘဝ အရည်အသွေးနှင့် မြန်မာ့စီးပွားရေး၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်လျက်ရှိပါသည်။ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု ရရှိနိုင်သည့် မြို့နယ်များကို https://www.mpt.com.mm/mm/home-mm/fixed-line-services-mm/dome-pyan-mm/ တွင်ကြည့်ရှုနိုင်ပါသည်။