စိတ်ဝင်စားစရာ Feature များနှင့် HUAWEI nova Y91 အား ဇွန်လ (၁၄) ရက်နေ့မှစတင် ဝယ်ယူနိုင်

Huawei Consumer Business Group (BG) သည် 6.95 လက်မ မျက်နှာပြင်ရှိပြီး 256 GB Storage အပြင် ကြီးမားသော 7000 mAh ဘက်ထရီတို့ ပါဝင်သည့် HUAWEI nova Y91 အား ဇွန်လ (၁၄) ရက်နေ့မှစတင်၍ မြန်မာကျပ် ၇၄၉,၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်ပြီး ထီးလက်ဆောင်ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

HUAWEI nova Y91 ၏ 6.95 လက်မရှိသည့် HUAWEI FullView Display မှာ ကိုင်ဆောင်ရာတွင် သက်တောင့်သက်သာဖြစ်စေသည့် 8.9 မီလီမီတာရှိသည့် ပါးလွှာသောကိုယ်ထည်နှင့် လိုက်ဖက်ညီလှသည်။ ထို့ပြင် 50MP AI Dual Camera System မှ အကောင်းဆုံးပုံရိပ်များကို ရိုက်ကူးနိုင်စေပြီး EMUI 13 ဖြင့်လည်း မိမိစိတ်ကြိုက်လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

HUAWEI nova Y91 သည် ခေါက်ချိုးညီ၀င်ရိုး အလှတရားကို ပေါ်လွင်စေသည့် လက်ရာမြောက် ကြယ်ရောင်စက်၀ိုင်းဒီဇိုင်းပုံစံဖြင့် Huawei ၏ အကောင်းမွန်ဆုံးသော ဒီဇိုင်းအလှတရားကို တင်ဆက်ပြသထားသည်။ ထို့အပြင် အနောက်ဘက်ကင်မရာများကို ကြယ်စက်ဝန်းဒီဇိုင်းထဲတွင် ထည့်သွင်းထားသည့်အတွက်ပြောင်မြောက်လှပပြီးခေတ်ဆန်စေသည်။ HUAWEI nova Y91 တွင် စတိုင်ကျသော 6.95 လက်မ မျက်နှာပြင်ရှိပြီး သေးသွယ်ကျစ်လျစ်သော ကိုယ်ထည်နှင့် ယှဉ်တွဲအလုပ်လုပ်နိုင်သောကြောင့် ကိုင်ဆောင်ရ အဆင်ပြေစေသည်။

Image: Huawei

HUAWEI nova Y91 ၏ ဘက်ထရီစွမ်းရည်ကို 7000 mAh အထိ တိုးမြင့်ပေးထားပြီး ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေသည်။ စွမ်းအင်သိပ်သည်းဆမြင့်မားသော dual-cell ဒီဇိုင်းသည် ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးသည့်အပြင် ဖုန်းကို ပိုမိုပေါ့ပါးစတိုင်ကျစေသည်။ 22.5 W HUAWEI SuperCharge က ဖုန်း၏ ကြီးမားသောဘက်ထရီကို အချိန်တိုတိုနှင့် အားသွင်းမြန်ဆန်စေသည့်အပြင် 256 GB သိုလှောင်မှုပမာဏသည် ကြိုက်နှစ်သက်သော ဆော့ဖ်၀ဲလ်များ၊ ဂိမ်းများကို ထည့်သွင်းရန်၊ အလုပ်နှင့် စာသင်ကြားရေးအတွက် ဖိုင်ကြီးများကို ဒေါင်းလုဒ်ရယူရန်အပြင် ဗီဒီယိုများနှင့် ရုပ်ရှင်များအတွက်လည်း လုံလောက်ပါသည်။

50 MP ပင်မ အနောက်ကင်မရာ၏ အားကောင်းသော စွမ်းဆောင်ရည်အပြင် Super Night 2.0 Feature ပါဝင်သည့်အတွက် အထူးကောင်းမွန်သော ညရိုက်ချက်များအားရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့ပြင် HUAWEI nova Y91 သည် နောက်ခံအလင်းရောင်ရှိနေသည့် ညရိုက်ချက်များတွင်ပင် အရည်အသွေးကောင်းမွန်သည့် Portrait ဓါတ်ပုံများအားရိုက်ကူးနိုင်စေသည်။ 8 MP အရှေ့ကင်မရာသည် portrait segmentation ကို ထောက်ပံ့ပေးကာ AI Beauty 5.1 မှ skin texture ကို ချိန်ညှိနိုင်စေသည့်အတွက် ရုပ်ထွက်ပေါ်လွင်စေပြီး သဘာ၀ဆန်ဆန်လှပသော selfies ပုံများကို ရိုက်ကူးနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

HUAWEI nova Y91 တွင် ရိုးရှင်းပြီး စိတ်ကြိုက်စတိုင်ပြောင်းလဲနိုင်သော Home Screen အပြင် နှစ်သက်ရာရွေးခြယ် ထားသိုနိုင်သည့် Feature များလည်းပါဝင်သည်။ App Icon ပေါ်တွင် အပေါ်သို့တွန်းရွေ့လိုက်ရုံဖြင့် Widget များအား အကျယ်ချဲ့ခြင်း၊ ချုံ့ခြင်း၊ သိမ်းဆည်းထားခြင်း၊ ပြသထားခြင်းစသည်တို့ကို မိမိစိတ်ကြိုက်ပြုလုပ်နိုင်မည်ဖြစ်သည်။ HUAWEI nova Y91 တွင် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များအား လုံခြုံစိတ်ချမှုရှိစေရန် Privacy Center နှင့် Security Center တို့အားထည့်သွင်းပေးထားသည်။ အက်ပလီကေးရှင်းများ၏ အသုံးပြုခွင့်နှင့် ဖုန်းလုံခြုံရေး အခြေအနေတို့မှာ ပိုမိုမြင်သာလာပြီး လုံခြုံစိတ်ချမှုကိုပေးစွမ်းနိုင်မည် ဖြစ်သည်။

HUAWEI nova Y91 အား 8+256 GB အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Starry Black (အနက်ရောင်)နှင့် Moonlight Silver (ငွေရောင်)တို့အား မြန်မာကျပ် ၇၄၉,၀၀၀ ဖြင့် ဇွန်လ (၁၄) ရက်နေ့မှစတင်၍ ဝယ်ယူရရှိနိုင်ပြီး ထီးလက်ဆောင်ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။