LED နှင့် OLED တို့၏ ခြားနားမှုများ

Ultra HD 4K resolution တွေနဲ High Dynamic Range (HDR) နည်းပညာတွေတစ်ဖြည်းဖြည်း တိုးတက်လာပြီးတော့ TV, Monitor, mobile phone နဲ့ ကင်မရာတွေမှာ တော်တော်များများတွေ့နေရပြီ ဖြစ်ပါတယ်။ ဒီလို နည်းပညာတွေမှာ အားပြိုင်မှုတစ်ခုအဖြစ် တွေ့နေရတာကတော့ LED နဲ့ OLED Display ဖြစ်ပါတယ်။

LED ဆိုတာကတော့ Light-emitting diode ဖြစ်ပြီးတော့ ဈေးကွက်အတွင်းအများဆုံးတွေ့ရတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။ LCD (Liquid Crystal Display) နဲ့ ခနခနမှားတတ်တဲ့အတွက် မသိတဲ့သူလဲ ရှိနိုင်ပါသေးတယ်။ TV တွေ စမတ်ဖုန်းတွေမှာတွေ့မြင်ရတဲ့ LCD တွေဟာ LED Screen တွေဖြစ်ကြပါတယ်။ LED ဆိုတာကတော့ သူ့ရဲ့ပုံစံကိုဆိုလိုချင်တာမဟုတ်ပါဘူး အလင်းအမှောင်လုပ်ဆောင်ချက်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

Photo source shorturl.at/mqINY

LED နဲ့ အပြိုင် OLED (Organic Light-emitted diode) ကတော့ iPhone X နဲ့ iPhone XS တို့လို high-end flagship ဖုန်းတွေမှာ အသုံးပြုတာ ဖြစ်ပါတယ်။ နောက်ပိုင်း High-end TV တွေမှာလည်း ပါဝင်လာဖို့ များပါတယ်။

LED LCD Screen တွေက pixel တွေကိုအလင်းရောင်ထုတ်လွှန်ဖို့အတွက် backlight တွေကိုသုံးပြီးတော့ OLED တွေရဲ့ pixel တွေကတော့ ကိုယ်တိုင်အလင်းထုတ်နိုင်ကြပါတယ်။ OLED Display က အလင်းရောင်တွေကို pixel တစ်ခုချင်းစီအလိုက် ထိန်းချုပ်နိုင်ပါတယ်။

LED LCD Screen တွေက OLED တွေထက် ပိုပြီးတော့ အရောင်တောက်ပမှုရှိပါတယ်။ TV တွေအတွက် ဒိအချက်ကပိုကောင်းတယ် ဆိုပေမယ့် ဖုန်းတွေအတွက်လည်း အပြင်ထွက်ပြီး နေရောင်အောက်မှာ သုံးတဲ့အချိန်သင့်တော်ပါတယ်။ Brightness တွေကို ပုံမှန်အားဖြင့်တော့ nits နဲ့တိုင်းတာ ပါတယ်။ OLED တပ်ဆင်ထားတဲ့ iPhone X တစ်လုံးဟာ 625 nits Brightness ရှိပြီးတော့ LCD တပ်ဆင်ထားတဲ့ LG G7 ဟာဆိုရင် 1000 nits ထိရှိပြီးတော့ TV တွေမှာဆိုရင် 2000 nits အထိရှိနေပါတယ်။ ပတ်ဝန်းကျင်နဲ့ ယှဉ်ပြီးကြည့်တဲ့အချိန်၊ နေရောင်အောက်မှာ ကြည့်တဲ့အချိန်နဲ့ Video တွေကြည့်တဲ့အချိန်ဆိုရင် အလင်းရောင်က အရေးကြီးပါတယ်။ TV တွေမှာပိုသိသာပြီးတော့ Video Performance ကို ဖုန်းတွေမှာထည်း ပြန်အာရုံစိုက်လာကြပါပြီ။

Photo source shorturl.at/mqINY

OLED တွေရဲ့ pixels တွေက မျက်နှာပြင်နဲ့ ကပ်နေတဲ့အတွက်ကြောင့် viewing angle ကောင်းကောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ TV ကြည့်မယ်ဆိုရင် အခန်းရဲ့ ဘယ်နေရာကပဲ ကြည့်ကြည့် Contrast လုံးဝ ကျသွားမှာ မဟုတ်ပါဘူး။ ဖုန်းတွေအတွက်ကျတော့ မျက်နှာနဲ့ အမြဲတမ်းတစ်တမ်းတည်းမထားနိုင်တဲ့အတွက် viewing angle တွေကပိုပြီးတော့ အရေးပါလာပါပြီ။

LCD တွေအတွက်ကတော့ viewing angle တွေက မကောင်းတတ်ပါဘူး။ ဒါပေမယ့် နည်းပညာပေါ်လည်းမူတည်ပါသေးတယ်။ Budget ကွန်ပြူတာမော်နီတာနဲ့ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို အသုံးပြုမယ်ဆိုရင်တော့ တော်တော်လေးကွာခြားနေနိုင်ပါတယ်။

LCD ထုတ်လုပ်သူတွေအနေနဲ့ LCD ကိုအမျိုးမျိုးသော ကန့်သတ်ချက်တွေနဲ့ ပြင်ဆင်မှုတွေကို အတတ်နိုင်ဆုံး လုပ်ဆောင်နေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်တမ်းထုတ်ပြန်ချက်တွေအရတော့ LCD က OLED ထက်ပိုပြီးကောင်းနေတယ်ဆိုတာကို တွေ့နေရပါတယ်။