Developer နဲ့ Programmer တို့၏ မတူညီတဲ့အချက်များ

ကုမ္ပဏီတစ်ခုအတွက် နည်းပညာကျွမ်းကျင်ဝန်ထမ်းတစ်ယောက်ခန့်အပ်လိုက်ပြီဆိုတာနဲ့ Developer နဲ့ Programmer တွေရဲ့ ခြားနားမှုကိုမေးဖို့အတွက် မေးခွန်းတွေ ဖြစ်လာမှာပါ။
အတိုချုပ်ပြောရရင်တော့ Developer နဲ့ Programmer ရဲ့မတူတဲ့အချက်ကတော့ သူတို့တာဝန်ယူ အလုပ်လုပ်ရတဲ့ လုပ်ငန်း နယ်ပယ်ပါပဲ။ Developer တွေကတော့ သူတို့တာဝန်ယူထားရတဲ့ Project တစ်ခုလုံးကို နားလည်အောင်ပါဝင်လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ Programmer တွေအနေနဲ့ကတော့ Project ရဲ့ coding ဆိုတဲ့အပိုင်းကိုပဲ တာဝန်ယူလုပ်ကိုင်ရတာပါ။ Programmer တွေကိုတော့ အင်ဂျင်နီယာတွေ ဒါမှမဟုတ် coder တွေလို့ ပြောလို့လဲရပါတယ်။ Programmer တွေရဲ့ အလုပ်ကတော့ Code တွေထိုင်ရေးမယ်။ စမ်းသပ်မယ် ပြီးတော့ bugs တွေကိုပြန်ပြင်ဆင်ပေးဖို့ပဲ ဖြစ်ပါတယ်။

Photo Source By Myanmar Tech Press

Programmer ရဲ့အလုပ်ကတော့ ကွန်ပြူတာနားလည်နိုင်တဲ့ ဘာသာစကားနဲ့ ညွှန်ကြားချက်တွေကို ပြင်ဆင်ပေးရတာ ဖြစ်ပါတယ်။ ဒီညွှန်ကြားချက်တွေကိုတော့ Programming ဘာသာစကားတွေ အများကြီးသုံးပြီး ပြုလုပ်ရပါတယ်။ သူတို့အနေနဲ့ Java, C#, PHP, Oracle, SQL Server, JavaScript အစရှိတဲ့ ဘာသာစကားများစွာကို တတ်မြောက်ထားကြပါတယ်။ တစ်ခုတည်းသီးသန့် အလုပ်လုပ်တဲ့ Programmer တွေကျတော့ Programming ဘာသာစကားတစ်ခုထဲကိုပဲ အဓိကလေ့လာထားပြီး။ အလုပ်တွေအားလုံးလုပ်တဲ့ Programmer ကျတော့ software ပေါင်းများစွာအတွက် code တွေ ရေးပေး ပါတယ်။ Programmer တွေကသူတို့ရဲ့ Team Lear (senior programmer) တစ်ယောက်နဲ့ လက်တွဲပြီး အလုပ်လုပ် လေ့ရှိကြပါတယ်။
ကွန်ပြူတာ Programmer အမျိုးအစားများ-
-Application ရေးသားတဲ့ Programmer: စက်ရုံကပစ္စည်းထုတ်လုပ်မှုကို မှတ်တမ်းတင်နိုင်တဲ့ သေချာတဲ့လုပ်ငန်းဆောင်တာ တွေအတွက် Program တွေရေးဆွဲပေးခြင်း
-System တွေကိုရေးသားတဲ့ Programmer: Operation စနစ်တွေ၊ database စီမံခန့်ခွဲမှုစနစ်တွေ စတဲ့ ကွန်ပြူတာလုပ်ဆောင် ပုံစနစ်တွေ software တွေကို ပြင်ဆင်ရေးသားဖို့ Program ရေးဆွဲခြင်း
-AI/Machine Learning Engineer များ
-ဂိမ်းတွေရေးသားတဲ့ Programmer
-Mobile Developer တွေပဲ ဖြစ်ပါတယ်။

Photo Source By Myanmar Tech Press

Developer တွေကိုတော့ Software ပြုပြင်ရေးသားတဲ့အင်ဂျင်နီယာတွေလို့ သတ်မှတ်ဖော်ပြလို့လဲ ရပါတယ်။ သူတို့ရဲ့အလုပ်က တော့ Code တွေရေးသားဖို့ဖြစ်ပါတယ်။ ဒါပေမယ့် Project ဒါမှမဟုတ် Software ပိုကောင်းမွန်လာအောင်လဲ သူတို့ကတာဝန် ယူလုပ်ရပါသေးတယ်။ Code တွေရေးသားတာအပြင် Developer တွေကအောက်ပါအချက်တွေကိုလဲ လုပ်ဆောင်ရပါ သေးတယ်။
-Software Design ရေးဆွဲခြင်း
-ပိုကောင်းမွန်လာအောင် ပြုလုပ်ခြင်း
-စူးစမ်းလေ့လာခြင်း
-အချက်အလက်တွေနဲ့ သတ်မှတ်ချက်တွေရေးသားခြင်း
-ပြန်လည်ပြင်ဆင်ခြင်း
-Software တွေကိုစမ်းသပ်အသုံးပြုခြင်း
-အကောင်အထည်ဖော်ခြင်း
-လေ့လာသုံးသပ်ခြင်း တွေဖြစ်ပါတယ်။
မှတ်ရရင်တော့ Developer တွေဟာ အရင်ဆုံး Programmer တွေလိုအလုပ်လုပ်ရပြီးတော့ သူတို့ ထက်ပိုပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းနယ်ပယ်က ပိုကျယ်ဝန်းပါတယ်။

Photo Source By Myanmar Tech Press

Mobile Developer တွေကတော့ စမတ်ဖုန်း၊ တက်ဘလက်နဲ့ တစ်ခြားစက်အမျိုးအစားတွေအတွက် Application တွေရေး သားပေးရပါတယ်။ Mobile Developer တွေအနေနဲ့ကတော့ Android (Java, နဲ့ Kotlin), ဒါမှမဟုတ် iOS Platform အတွက်ကတော့ (Objective-C နဲ့ Swift) တွေကို ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုအပ်ပါတယ်။
DevOps Engineer တွေကတော့ စီးပွားရေး၊ အဖွဲ့အစည်း၊ ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ အလိုအလျောက် လုပ်ဆောင်ချက် တွေနဲ့ ခေါင်းဆောင်မှုစွမ်းရည်ရှိတဲ့ လေ့လာသူတွေ ဒါမှမဟုတ် Senior Developer တွေ ဖြစ်ကြပါတယ်။
Programmer နဲ့ Developer ရဲ့အလုပ်တွေက Code တွေကိုပဲရေးသားရတယ် ဆိုပေမယ့် သူတို့လုပ်ရတဲ့ အလုပ်တွေက အရမ်းပဲကွာခြားလွန်းလှပါတယ်။ ထူးချွန်တဲ့ Programmer တစ်ယောက်က Project ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီအလိုက်ကို လုပ်ဆောင်ဖို့လိုတဲ့အတွက် Developer တစ်ယောက်အဖြစ်တော့ လုပ်ဖို့မလိုအပ်ပါဘူး။ Developer တော်တော်များများက Programmer အနေနဲ့စတင်လုပ်ကိုင်ပြီး ဒီထက်ပိုပြီး တာဝန်ယူလုပ်ကိုင်ချင်တယ်ဆိုတော့မှ Developer ရာထူးကို ပြောင်းလဲလုပ်ကိုင်ကြတာ ဖြစ်ပါတယ်