နည်းပညာအပေါ်အကောင်းမြင်မှုများသည် မြန်မာနိုင်ငံရှိနည်းပညာကုမ္ပဏီများအတွက်အခွင့်အလမ်းများဖြစ်ကြောင်း စစ်တမ်းတစ်ရပ်ထုတ်ပြန်

နည်းပညာကုမ္ပဏီများသည် COVID-19 ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း တိုးတက်မှုအခွင့်အလမ်းနှင့် ဝင်ငွေကို ရှာဖွေ နေကြရပြီး နေထိုင်သွားလာမှု ကန့်သတ်ခံထားနေရစဉ်တွင် နည်းပညာအပေါ် မှီခိုနေရသောကြောင့် ၎င်းတို့၏ စွမ်းဆောင် ရည်များကို ပိုမိုကောင်းမွန်အောင်ကြိုးစားနေကြသည်။

မြန်မာနိုင်ငံမြို့ကြီးများတွင် COVID 19 ရောဂါမဖြစ်ပွားမီကပြုလုပ်ခဲ့သော နည်းပညာသုံးစွဲသူစစ်တမ်းကောက်ယူမှု အစီရင်ခံစာတွင် နည်းပညာကဏ္ဍအပေါ် အပြုသဘောဆောင်သည့်သဘောထားနှင့် နည်းပညာကုမ္ပဏီများအနေဖြင့် ဘဝများစွာအတွက် ရှုထောင့်အမျိုးမျိုးမှ တိုးတက်မှုများဖြစ်ပေါ်လာစေရန်  မျှော်လင့်ချက်မြင့်မားမှုကိုဖော်ပြသည်။

သုတေသနကုမ္ပဏီ InsightAsia နှင့် Public Relation နှင့် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေးအေဂျင်စီ Vero တို့မှ ပြုလုပ်သောစစ်တမ်းအရဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်က နိုင်ငံအတွင်း နည်းပညာတိုးတက်လာမှုသည် သတင်းအချက်အ လက်များကိုအလွယ်တကူရရှိနိုင်ကြောင်းဖြေဆိုခဲ့ကြသည်။ ထို့အပြင်စစ်တမ်း ဖြေဆိုသူ၃ဦးတွင် ၂ ဦးက နည်းပညာသည် ပညာရေး၏ အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေသည်ဟုယုံကြည်ကြကြောင်း ဖြေဆိုခဲ့ကြပြီး ၆၄ ရာခိုင်နှုန်းက ဘဝအတွက်အရည်အသွေးကိုပိုမိုတိုးတက်ကောင်းမွန်စေသည်ဟုဆိုကြသည်။ 

Photo source https://vero-asean.com/

“နည်းပညာဟာ လူစုလူဝေးတွေကို ရှောင်ကျဉ်ဖို့ တင်းကျပ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ စီးပွားရေးကို ဆက်လက်တည်မြဲစေနိုင်ပြီးနည်းပညာကုမ္ပဏီတွေဟာ ဆန်းသစ်တဲ့ဖြေရှင်းနည်းတွေကို သူတို့တက်နိုင်သလောက် လုပ်ဆောင်လာကြပါတယ်။ Covid-19 နောက်ပိုင်းစီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူအပြုအမူတွေကိုပြုပြင်ပြောင်းလဲရန် အလားအလာရှိတာမိုလို့နေ့စဉ်ဘဝမှာ နည်းပညာပိုင်းဟာ ပိုမိုတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်”ဟု Vero Asean ၏ မန်နေးဂျင်းဒါရိုက်တာBrian Griffinက ပြောကြားသည်။

စစ်တမ်းဖော်ပြချက်အရ မြန်မာနိုင်ငံသား ၆၁ ရာခိုင်နှုန်းကနည်းပညာတိုးတက်မှုသည် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးသည်ဟုယုံကြည်ကြသည်။ တစ်ဦးချင်းဆီအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်သော် လည်းကောင်း ယခုအချိန်တွင် ယခင်ကထက်ဒီဂျစ်တယ်နည်းပညာကိုအားကိုးနေရချိန်ဖြစ်သည်။ ဖြေဆိုသူများ၏ ၇၀ ရာခိုင်နှုန်းက နည်းပညာထုတ်ကုန်များနှင့်ပတ်သက်၍ အပြုသဘောဆောင်သောအကောင်းမြင်သည့် ခံစားချက် များရှိကြောင်း ဖြေဆိုခဲ့ကြပြီး ၃ ရာခိုင်နှုန်းခန့်ကသာ နည်းပညာထုတ်ကုန်များအပေါ်အဆိုးမြင်သည်ဟု ဖြေဆိုခဲ့ ကြသည်။

နည်းပညာတိုးတက်မှု၏ အကျိုးကျေးဇူးများရှိသော်လည်း နည်းပညာအသုံးချကာ မသမာသောလုပ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေကြသည်။ ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းကအချို့သောသူများသည် မကောင်းမှုနှင့် ရာဇဝတ်မှုဆိုင်ရာ အပြုအမူများအတွက် နည်းပညာကိုအသုံးပြုကြကြောင်း ဖြေဆိုခဲ့ကြပြီး ထက်ဝက်ကျော် (၅၃ ရာခိုင်နှုန်း) က ဆိုရှယ်မီဒီယာတွင်သတင်းအတုများရှိသည်ဟု ယုံကြည်ကြကြောင်းဖြေဆိုခဲ့ကြသည်။  Facebook ၏ CEO ဖြစ်သူ Mark Zuckerberg ၏မကြာသေးမီကထုတ်ပြန်ချက်များတွင်  ၎င်း၏ Facebook သည် နိုင်ငံရေးမိန့်ခွန်းနှင့်ကြော်ငြာများကို စစ်ဆေးခြင်းမဟုတ်ပါဟု ဖော်ပြချက်တွင်ပါရှိခဲ့သည်။

“မြန်မာနိုင်ငံသားတွေဟာနည်းပညာကိုအရင်ကထက်ပိုပြီးတန်ဖိုးထားသုံးစွဲလာကြပေမယ့်နည်းပညာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေအတွက်လည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။ နည်းပညာကုမ္ပဏီတွေကဆိုက်ဘာပြစ်မှု၊ ဒေတာလုံခြုံမှုနဲ့ သတင်းအမှားတွေစတဲ့ဆိုးကျိုးတွေကိုဖြေရှင်းဖို့အတတ်နိုင်ဆုံး ဘယ်လိုကြိုးစားနေကြတယ်ဆိုတာလူတွေသိချင်ကြပါတယ်။ နည်းပညာကုမ္ပဏီအများစုအနေနဲ့လည်း ဒီလိုမျိုး ခြိမ်းခြောက်မှုတွေကိုဖြေရှင်းဖို့ လိုအပ်ကြောင်းကို သိရှိပြီးတော့ သုံးစွဲသူ တွေကို ကာကွယ်ပေးဖို့အတွက် သူတို့ရဲ့ ကြိုးပမ်းမှုတွေကိုပိုမိုမြှင့်တင်လုပ်ဆောင်လာလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်” ဟု Vero Myanmar ၏ Account Director ဖြစ်သူ Skylar က ပြောကြားသည်။ 

Photo source https://vero-asean.com/

မြန်မာနိုင်ငံတွင်နည်းပညာပိုင်းကိုအသက်အရွယ်အပိုင်းအခြား အလိုက်တတ်သိနားလည်မှုကွာခြားမှုရလဒ်ကြောင့်ဈေးကွက် ဆက်သွယ်ရေးကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုအတွက် ဦးတည်သောနည်းလမ်းသည် သုံးစွဲသူ၏ အသက်အရွယ်အပေါ်တွင် များစွာမူတည်နေသည်။ ကမ္ဘာနေရာအနှံ့အပြားတွင်ရှိနေသော မိုဘိုင်း ထုတ်ကုန်များနှင့် အင်တာနက်သုံးစွဲမှုခေတ်တွင်ကြီးပြင်းလာသော လူငယ်များသည် ၎င်းတို့ထက် အသက်အရွယ်ကြီးသူ များနှင့် ကွဲပြားခြားနားသောအမြင်ရှိသည်။စစ်တမ်းမှဖော်ပြချက် ဥပမာတစ်ခုအရ Gen Z ၏ ၄၀ ရာခိုင်နှုန်းသည် နည်းပညာ ထုတ်ကုန်ပစ္စည်းများကိုအွန်လိုင်းပေါ်တွင်နှိုင်းယှဉ်မှုပြုလုပ်ကြပြီး Gen X ၏ ၅ ရာခိုင်နှုန်းကသာ ထိုသို့ပြုလုပ် ကြကြောင်းသိရှိရသည်။

ယခုလေ့လာမှုကို  ၂၀၁၉ နွေရာသီမှစကာ ၂၀၂၀ ပြည့်နှစ် အစောပိုင်း (ဈေးကွက်အားလုံးအပေါ် COVID-19 အကျပ်အတည်း မသက်ရောက်မီ) အထိ Vero နှင့် InsightAsia တို့မှအသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်းရှိလူ ၃၀၀ ခန့်ကို ကောက်ယူခဲ့သော စစ်တမ်းဖြစ်သည်။

Vero သည် အရှေ့တောင်အာရှ ဈေးကွက်တွင် PR၊ ဆိုရှယ်၊ ဒီဂျစ်တယ်နှင့် ဈေးကွက်မြှင့်တင်ရေးဝန်ဆောင်မှုများကို ပေးအပ်နေသည့်အရှေ့တောင်အာရှ ဈေးကွက်တွင် ဦးဆောင်နေသော အတွေ့အကြုံရှိ ဆန်းသစ်တီထွင်သည့် အေဂျင်စီ တစ်ခုဖြစ်သည်။ Vero သည်  ဝန်ထမ်းများ ကိုယ်တိုင်စီမံခန့်ခွဲအုပ်ချုပ်ပြီး လွပ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။