Feature များစွာပါဝင်တဲ့ LinkBoox Social Network Platform ကိုစတင်မိတ်ဆက်

Social Network Platform ဆိုတာနဲ့ Facebook တွေ Instagram တွေက ထိပ်ဆုံးကနေရာယူထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြားအခြားသော Social Platform တွေက သူတို့ရဲ့ Platform တွေကို အသုံးပြုသူတွေဆီ feature အသစ်တွေနဲ့ ချပြနေကြဆဲပါပဲ။ ဒီလိုအစပြုနေတဲ့ Social Network Platform တွေထဲမှာ LinkBoox ကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ LinkBoox ဆိုတာကတော့ အသုံးပြုသူတွေအနေနဲ့ New Feed မှာ Post တွေတင်လို့ရမယ်။သူငယ်ချင်းတွေတင်လိုက်တဲ့ Post ကိုသဘောကျလို့ Share မယ် Comment ပေးမယ် React လေးတွေပေးရင်း သူငယ်ချင်းတွေနဲ့ အတူ အသုံးပြုနိုင်တဲ့ Social Platform တစ်ခုလို့ဆိုနိုင်ပါတယ်။

Photo Source https://web.facebook.com/linkboox/

LinkBoox ကိုတော့ ကိုမင်းသွေးကျော်က ၂၀၂၀ ခုနှစ်မှစတင် မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ LinkBoox အနေနဲ့ သူ့ရဲ့ဇာတ်လမ်းစတင်ခဲ့ရာ WYTU Auto-Mailbox ကနေ ဒီလို Social Platform တစ်ခုဖြစ်လာဖို့ အချိန် အတော်ကြာခဲ့ပါတယ်။ ကိုမင်းသွေးကျော်အနေနဲ LinkBoox ကိုစတင်လိုက်တဲ့အချိန်ကစပြီးတော့ research ပေါင်းများ စွာကိုလည်း ပြုလုပ်ပြီးတဲ့နောက်မှာ WYTU ကျောင်းသားတွေအကြား ပထမဆုံးနဲ့ အကြီးမားဆုံး Platform ကိုပေး စွမ်းနိုင် ခဲ့ပြီပဲ ဖြစ်ပါတယ်။
LinkBoox မှာ လုပ်ဆောင်နိုင်တဲ့အချက်တွေကတော့-
– သီချင်းတွေ တင်နိုင်မယ်။ တင်ထားတဲ့ သီချင်းတွေကို download နိုင်မယ်၊ နားထောင်နိုင်မယ်။
– File တွေ တင်နိုင်မယ်။ Download နိုင်မယ်။
– Friends/ Follow ပါမယ်။
– Newfeed မှာ Friend/Followed ထားတဲ့သူတွေရဲ့ Post, Photo, Files, Videos, Maps တွေကို အပိုင်းအလိုက် ကြည့်နိုင်မယ်။ ဒါ့အပြင် Myday, Follow/Friends suggestions, User activities list, Hashtag trends တွေပါမယ်။
– Anonymous ဖြင့် ပို့စ်တွေတင်နိုင်တာကြောင့် လူသိမခံလိုတဲ့ ခံစားချက်တွေကို ထိုနည်းနဲ့ ရင်ဖွင့်နိုင်မယ်။
– Page, Group ထောင်မယ်။ မိမိရဲ့ Wallet ထဲ ငွေထည့်သွင်းပြီး Promote, Boost နိုင်မယ်။ အဲ့လိုလုပ်ရာမှာလည်း အရမ်းလွယ်ကူပြီး အကုန်အကျသက်သာမဲ့ PPC, PPI စနစ်တွေအသုံးပြုပေးထားတယ်။
– Flash game တွေဆော့နိုင်မယ်။
– YouTube, Vimeo, Vine, Facebook, Soundcloud တွေပေါ်က Video, Music တွေကို LinkBoox ပေါ်ကို share နိုင်ပြီး အလွယ်တစ်ကူ ကြည့်ရှုနိုင်မယ်။
– Photo Album တွေကို အလွယ်တစ်ကူဖန်တီးနိုင်မယ်။
– User privacy အနေနဲ့ Two-factor Authentication ပါမယ်။ မိမိရဲ့ အကောင့် Session တွေကို Ip address, Device တွေနဲ့ပြသပေးမယ်။
– Affiliate system ပါဝင်မယ်။
– Visa, Credit Card မရှိတဲ့သူတွေကို အဓိကထားထားတဲ့ Bank, Digital Money system တွေကိုသာ အသုံးပြုထားတယ်။
– မိမိရဲ့ Wallet ရှိ ငွေတွေကိုတစ်ခြားသူဆီသို့ လွှဲပြောင်းပေးနိုင်မယ်။
– #Hashtag trending ပါဝင်တာဖြစ်တဲ့အတွက် မိမိ ပို့စ်တင်တိုင်း #Hashtag ခံပြီးရေးတင်ပါက Trending ထဲပါဝင်သွားမယ်။
– Pro plan လေးမျိုးပါဝင်မယ်။ Star, Hot, Ultima, Vip လေးခုလုံးမှာ မတူညီတဲ့ Feature တွေပါဝင်မယ်။
– Pro member တိုင်း Verfied Badges ကို မိမိဘာသာ အဖွင့်အပိတ်လုပ်နိုင်မယ်။
– Pro member တိုင်း မိမိ ဝယ်ယူထားတဲ့ plan အလိုက် မိမိကိုယ်ပိုင် အကောင့်ရှိ ပို့စ်တွေကို Boost နိုင်မယ်။
– မိမိ ကိုယ်ပိုင်အကောင့်မှာတင် ဈေး ဝယ်/ရောင်းနိုင်မယ်။ (OS တွေအတွက် အရမ်းလွယ်ကူကောင်းမွန်မဲ့ စနစ်အသစ်)
-Developer တွေအတွက် LinkBoox API ယူသုံးပြီး တစ်ခြားတစ်နေရာကနေ ပို့စ်တွေလှမ်းတင်နိုင်မယ်။ LinkBoox Newfeed ကို လှမ်းယူနိုင်မဲ့ စနစ်လည်းပါရှိမယ်။

Photo Source https://web.facebook.com/linkboox/

– ရိုင်းစိုင်းတဲ့ စကားလုံးတွေကို (***) တွေအဖြစ်နဲ့ပြသပေးမယ်။
– ရိုင်းစိုင်း/ညစ်ညမ်းတဲ့ ပုံတွေကို Blur ဖြစ်စေမဲ့ စနစ်လည်းပါဝင်တာဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးနိုင်မယ်။
– Friend ရှာရင်လည်း LinkBoox ကိုအသုံးပြုနေတဲ့ သူတွေကို မြေပုံပေါ်မှာတွေ့မြင်နိုင်မယ်။ မိမိပတ်ဝန်းကျင်မှာ အသုံးပြုနေတဲ့ သူငယ်ချင်းတွေရှိရင် Add နိုင်မယ်။
– အဖွဲ့အစည်းတွေအနေနဲ့ Fund ငွေရှာနိုင်မယ်။
– Movie တွေကို Genre အလိုက်၊ Country အလိုက် ရှာကြည့်နိုင်မယ်။ Movie တွေရဲ့ Description, Reviews, Stars, Durations, Views အလိုက်သိရှိနိုင်မယ်။
ဒါတွေအပြင် တစ်ခြားသော Feature များစွာပါရှိနေပါသေးတယ်။ Android အတွက် Download link ကတော့အောက်ပါ အတိုင်းဖြစ်ပါတယ်။ မကြာခင် IOS ပါထွက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
https://apkpure.com/p/com.tk.linkboox