အူရီဒူးမြန်မာမှ အာရှပစိဖိတ် Stevie®Awards ၂၀၂၀ တွင်ရွှေတံဆိပ်ဆုအပါအဝင်ဆုလေးမျိုးဆွတ်ခူး

အူရီဒူးမြန်မာသည် အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ ပါဝင်သည့် အာရှပစိဖတ် Stevie®Awards ၂၀၂၀ တွင်တီထွင်ဆန်းသစ်မှုများအတွက် အသိအမှတ်ပြုဆုများရရှိခဲ့ကြောင်း သိရသည်။
Stevie®Awards တွင် ချီးမြှင့်သည့် ဆုအမျိုးအစားပေါင်း ၉ခု ရှိပြီး ၎င်းတို့သည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးနှင့်အောင်မြင်မှုအတွက် ဆန်းသစ်တီထွင်ဖန်တီးမှုများကို အသိအမှတ်ပြု ချီးမြှင့်ခြင်း ဖြစ်ပါသည်။ အူရီဒူးမြန်မာမှ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ အစီအစဉ်နှင့် လက်တွေ့လုပ်ဆောင်ချက်များအတွက် ရွှေတံဆိပ်ဆု “Gold Award for Innovation in HR Management, Planning and Practice” ကို ဆွတ်ခူးရရှိခဲ့သည်။
နည်းပညာဆိုင်ရာ စီမံခန့်ခွဲခြင်း၊ စီစဉ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် “Award for Innovation in Technology Management, Planning and Implementation”၊ အ‌ထွေထွေအသုံးဝင်သော Apps တီထွင်ဆန်းသစ်မှုကဏ္ဍတွင်“Award for Innovation in General Utility App”နှင့်လူမှုအဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်ဆက်ဆံ‌ရေးလုပ်ငန်းများတွင် တီထွင်ဆန်းသစ်မှုအတွက် “Award for Innovation in Community Relations/Public Service Communications” စသဖြင့် ကြေးတံဆိပ်ဆုများ ရရှိခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ယခုလိုမျိုး ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သရေရှိအသိအမှတ်ပြုဆုကြီးတွေ ရရှိတဲ့အတွက် ဝမ်းမြောက်ဂုဏ် ယူမိပါတယ်။အူရီဒူးမြန်မာကမြန်မာနိုင်ငံရဲ့ ရေရှည်နဲ့လက်တလော လိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင်ဖို့နဲ့လူမူအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အဆင့်မြင့် ဆက်သွယ်ရေးဝန်ဆောင်မှုတွေ၊ဆန်းသစ်တီထွင်ထားတဲ့ ထုတ်ကုန်တွေနဲ့ကျန်းမာရေးနှင့်ပညာရေးကိုအဓိကထားပြီးနည်းပညာရဲ့စွမ်းအားကို အသုံးပြုပြီး လူမူအကျိူးပြုလုပ်ငန်းတွေ ကိုမြန်မာပြည်သူလူထုရဲ့ လူမှုဘဝကိုပြည့်စုံကောင်းမွန်စေမည်ဆိုတဲ့ရည်မှန်းချက်နဲ့အညီဆောင်ရွက်လျက်ရှိပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Executive Officer ဖြစ်သူ Mr. Rajeev Sethi က ပြောကြားသည်။  Photo Source  https://www.facebook.com/OoredooMyanmar/
ဆုရရှိသူများကို ဇူလိုင်လအစပိုင်းတွင် အ‌ကြောင်းကြားခဲ့ပြီးလာမည့်စက်တင်ဘာလတွင်virtual ဆုပေးပွဲအခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ကောင်းမွန်သောအပြောင်းအလဲများကို ဖော်ဆောင်ရန်တွက် အခြေခံအုတ်မြစ် အနေဖြင့် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး အဓိကမဏ္ဍိုင်ငါးခုပါဝင်သည့် လူ့စွမ်းအားနှင့်အတူ အနိုင်ယူခြင်း “Winning with People”မဟာဗျူဟာဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
Stevie®Awardsမှ အူရီဒူးမြန်မာ၏အဆိုပါအောင်မြင်မှုများကို အသိအမှတ်ပြုချီးမြှင့်သည့်အနေဖြင့် နည်းပညာဆိုင်ရာ စီမံခန့်ခွဲခြင်း၊ စီစဉ်ခြင်းနှင့်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့တွင်တီထွင်ဆန်းသစ်မှုအတွက် ကြေးတံဆိပ်ဆုဖြင့် အသိအမှတ်ပြုခဲ့သည်။
ပြည်သူများ၏ ဒစ်ဂျစ်တယ်ဘဝကို တောက်ပကောင်းမွန်စေမည်ဆိုသည့်ရည်မှန်းချက်နှင့်အညီ အူရီဒူးမြန်မာသည် သုံးစွဲသူများ၊ စီးပွား‌ရေးလုပ်ငန်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် ပြည့်စုံကောင်းမွန်စေမည့် ဝန်ဆောင်မှုများစွာကို ပေးအပ်လျက်ရှိပါသည်။ ယင်းဝန်ဆောင်မှုများသည် သုံးစွဲသူများကို ၎င်းတို့ရရှိနိုင်သည့် အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ဖို့နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်ထိရောက်စွာ လည်ပတ်နိုင်စေရန် ရည်ရွယ်ဖြည့်ဆည်းပေးခြင်းဖြစ်သည်။
ယင်းဝန်ဆောင်မှုများထဲမှ တစ်ခုမှာ My Ooredoo Appဖြစ်ပြီး၎င်းသည်သုံးစွဲသူများအား မိမိတို့၏ အူရီဒူး ကြိုတင်ငွေဖြည့်စနစ်အသုံးပြုသည့် အကောင့်ကို ကိုယ်တိုင်စီမံဆောင်ရွက်ခွင့် ပေးအပ်ထားသည်။ My Ooredoo App ကို အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်ခဲ့ပြီးအသစ်ပါဝင်လာသည့် အင်္ဂါရပ်များမှာသုံးစွဲသူများအနေဖြင့်မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များကိုလွယ်ကူစွာစီမံဆောင်ရွက်နိုင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်းနှင့် ဖုန်းငွေလွှဲခြင်း၊ live chat မှတစ်ဆင့် သုံးစွဲသူဝန်ဆောင်မှုအဖွဲ့ဖြင့် လွယ်ကူစွာဆက်သွယ်နိုင်ခြင်း၊ ဖုန်းနံပါတ်အသစ်များ ကြိုတင်မှာယူနိုင်ခြင်း၊ အစီအစဉ်သစ်များကိုဝယ်ယူခြင်း၊ ဝန်ဆောင်မှုများစွာနှင့်ဖျော်ဖြေရေးဆိုင်ရာဝန်ဆောင်မှုများကို ယင်းဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ်တွင် ရယူနိုင်ခြင်းတို့ကို ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။ယင်းကဲ့သို့ အဆင့်မြှင့်တင်ဆောင်ရွက် ချက်များကြောင့် အထူးအစီအစဉ်များအဖြစ် FIFA 2018 World Cupနှင့်the Suzuki Cup တို့ကိုမြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ပြသပေးနိုင်ခဲ့သည်။

Photo Source  https://www.facebook.com/OoredooMyanmar/

ယင်းကဲ့သို့ထူးခြားပြောင်မြောက်သည့်ဆန်းသစ်တီတွင် ဖန်တီးမှုများကြောင့် အူရီဒူးမြန်မာအနေဖြင့် အ‌ထွေထွေ အသုံးဝင် သော Apps တီထွင်ဆန်းသစ်မှုကဏ္ဍတွင် ကြေးတံဆိပ်ဆု ရရှိခဲ့ပါသည်။ လူမှုအဖွဲ့အစည်းဆိုင်ရာ ဆက်သွယ် ဆက်ဆံ‌ရေးလုပ်ငန်းများတွင် တီထွင်ဆန်းသစ်မှုအတွက် ကြေးတံဆိပ်ဆုရရှိခဲ့ပြီး ၎င်းသည် အူရီဒူးမြန်မာ၏ ကျန်းမာရေး နှင့်ပညာရေးကဏ္ဍများပေါ်တွင် အဓိကထား၍ နည်းပညာ၏ပံ့ပိုးမှုနှင့်အတူ လူမှုအသိုင်းအဝိုင်းကို ပြန်လည်ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းများအား အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည်။
၎င်းအသိအမှတ်ပြုဆုရရှိခဲ့သည့် လူမူအကျိုးပြုအစီအစဉ်များတွင်နိုင်ငံတစ်ဝန်းရှိ သမရိုးကျစာကြည့်တိုက်များကို ဒစ်ဂျစ် တယ်စာကြည့်တိုက်အဖြစ် ပြောင်းလဲဖော်ဆောင်ပေးသည့်“ဒစ်ဂျစ်တယ်စာကြည့်တိုက်အစီအစဉ်”၊ နှစ်စဉ် အမျိုးသမီး အ‌ယောက် ၁၀၀ ခန့်ကို ဦးဆောင်မှုနှင့် လုပ်ငန်းပိုင်းဆိုင်ရာလေ့ကျင့်မှုများပေးအပ်ခြင်းဖြင့် ၎င်းတို့၏ လူမှုဝန်းကျင် အသီးသီးတွင် လူငယ်များအတွက် စံပြပုဂ္ဂိုလ်များဖြစ်လာနိုင်စေရန်နှင့် ယနေ့နည်းပညာဖွံ့ဖြိုးသည့်ခတ်တွင် အမျိုးသမီး ခေါင်းဆောင်များပေါ်ပေါက်လာစေရန် ရည်ရွယ်ဆောင်ရွက်သည့် “Tech Age Girlsအစီအစဉ်”နှင့်မြန်မာနိုင်ငံရှိ လူငယ်များအကြားဆန်းသစ်တီထွင်ဖန်တီးမှုနှင့် စွန့်ဦးတီထွင်မှုများဖွံဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်သည့် “Hackathons”တို့ပါဝင်သည်။