ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများမှ မိုဘိုင်းဝန်ဆောင်မှုများဆိုင်ရာများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် MPT၊ Ooredoo၊ Telenor၊ Mytel တို့မှ ၎င်းတို့၏ လက်ရှိဝန်ဆောင်မှု များနှင့်သက်ဆိုင်သည့်အကြောင်းအရာများကို မိုဘိုင်းဖုန်းသုံးစွဲသူများပိုမိုသိရှိနားလည်စေရန် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ Pullman Yangon Centrepoint တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo Source By Myanmar Tech Press

အော်ပရေတာများအနေဖြင့် သုံးစွဲသူများအား မိုဘိုင်းဖုန်းအသုံးပြုခြင်းအတွေ့အကြုံကိုနားလည်လွယ်ကူစေရန် ရည်ရွယ် ချက်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ယူနီကုတ်ဖောင့်ပြောင်းလဲဖောင်ဆောင်ခြင်း၊ ဝန်ဆောင်မှုများအားစာရင်းသွင်းရယူခြင်းနှင့် ဝန် ဆောင်မှုအသစ်ပြန်လည်ရယူခြင်း၊ ထပ်ဆောင်းဝန်ဆောင်မှုများအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာများ၊ ဖုန်းခေါ်ဆိုခြင်း နှင့်ဒေတာအစီအစဉ်များအပြင် အနာဂတ်မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

Photo Source By Myanmar Tech Press

“တယ်လီကွန်းအော်ပရေတာတွေအနေနဲ့ သုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီပြီး ဆန်းသစ်တီထွင် ဖန်တီးထားတဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ကအလွန်ပဲ အရေးကြီးလှပါတယ်။ မြန်မာပြည်သူလူထုအတွက် ရေရှည် အကျိုးဖြစ်ထွန်းနိုင်ဖို့ ဝန်ဆောင်မှုရဲ့အမြင့်ဆုံးအရည်အသွေးက အခြေခံအဆောက်အဦခိုင်မာအားကောင်းမှုပေါ်မှာ မူတည် ပါတယ်။ အခြေခံခိုင်မာအောင် တည်ဆောက်ဖို့အတွက် အားလုံးအတူ ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံးဖြစ်မှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကိုသာမက လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

“မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ ဒီဂျစ်တယ်အတွေ့အကြုံတွေနဲ့ လူနေမှုဘဝ ပြည့်စုံကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ဖို့အတွက် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ရေရှည်တည်တံ့ ခိုင်မြဲစေရန် ဥပဒေပြုအဖွဲ့အစည်းတွေနဲ့ အော်ပရေတာတွေ အတူပူးပေါင်းဆောင်ရွက်ဖို့ အလွန်အရေးပါ ပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Legal and Regulatory Officer ဖြစ်သူ Mr. Chris Peirce က ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ “သုံးစွဲသူများကို ဦးစားပေး” ဆိုတဲ့ကတိတည်အောင် အမြဲဆောင်ရွက်ပြီး ကျွန်တော်တို့ရဲ့ ဆန်းသစ်တီ ထွင်ဖန်တီးထားတဲ့ ထုတ်ကုန်တွေကို အခက်အခဲမရှိ အသုံးပြုနိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အမြဲနား စွင့်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး သုံးစွဲသူတွေ ပိုမိုနားလည်သိရှိလာ အောင် ဆောင်ရွက်ပေးတဲ့ ဒီဆက်သွယ်ရေးလုပ်ငန်းတစ်ခုလုံးစုပေါင်းဆောင်ရွက်မှုမှာ တစ်စိတ်တစ်ပိုင်းက ပါဝင်နိုင်လို့ ကျေးဇူးတင်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief Corporate Affairs Officer ဖြစ်သူ Hans Martin Hoegh Henrichsen ကပြောကြားလိုက်သည်။

Photo Source By Myanmar Tech Press

“ခိုင်မာတဲ့ ဒီဂျစ်တယ်စီးပွားရေးစနစ်တစ်ရပ် တည်ဆောက်ရေးရဲ့အရေးကြီးမှုကို နားလည်ထားရှိမှုနဲ့ အတူ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ နိုင်ငံရဲ့ ဒီဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ရေးလမ်းကြောင်းတွေကို ပြည့်ပြည့်ဝဝပံ့ပိုး ပေးဖို့ဖြစ်ပြီး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ အခြေခံအဆောက်အဦအသင့်ဖြစ်နေခြင်း၊ ခေတ်မီပြီး ထူးခြားတဲ့ ဆန်းသစ်တီထွင်ဖန်တီးမှုများကို ကမ်းလှမ်းပေးခြင်းနှင့် သုံးစွဲသူကျေနပ်သည့် အဆင့်ထက်ကျော်လွန်တဲ့ စင်းလုံးချောကောင်းမွန်တဲ့ဝန်ဆောင်မှုများကို ပေးအပ်ခြင်းတို့နဲ့ အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။