MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဖြင့် 100 MB မိုဘိုင်းလ်ဒေတာ နှင့် MPT Money တစ်ထောင်ကျပ် ဆုလက်ဆောင်များ ရယူနိုင်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်ဝယ်ယူပြီးနောက် မိမိတို့၏ ဆင်းမ်ကတ်များကို မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်တို့ဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး MPT အ‌နေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များ လျင်မြန်လွယ်ကူစွာ လုပ်ဆောင်နိုင်မည့်နည်းလမ်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို နည်းလမ်းများစွာအသုံးပြု၍ လွယ်ကူစွာဖြင့် အခမဲ့ ဆောင်ရွက်နိုင်မည်ဖြစ်လည်းသည်။
MPT သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်စိစစ်ရန်၊ မိမိတို့၏ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး မှတ်ပုံတင်ကြရန်နှင့် အခြားသောသူ၏ အချက်အလက်ဖြင့် ကြိုတင်မှတ်ပုံတင်ထားပြီးဖြစ်သည့် ဆင်းမ်ကတ်များကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် အလေးအနက်ထား တိုက်တွန်းထားကြောင်းလည်းသိရသည်။ ယခုထုတ်ပြန်ချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် MPT သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမတိုင်မီ အသုံးပြုထားသော MPT သုံးစွဲသူများအားလုံးသည် MPT 4U အက်ပလီကေးရှင်း နှင့် care.mpt.com.mm ဝက်ဘ်ဆိုက်တို့မှတစ်ဆင့် အသုံးပြုသူ/မိမိ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့အား မှန်ကန်စွာ ပြန်လည်ပြင်ဆင် ဖြည့်စွက်၍ မှတ်ပုံတင်မည်ဆိုပါက 100 MB မိုဘိုင်းလ်ဒေတာ အပိုဆုများပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Photo Source https://www.facebook.com/mptofficialpage

၂၀၂၀ ပြည့်နှစ် မတ်လ ၇ ရက်မှစတင်ပြီး မိမိဆင်းမ်ကတ်အား အချက်အလက်မှန်ကန်စွာဖြင့် ပြန်လည်ပြင်ဆင် ဖြည့်စွက်ထားသော MPT သုံးစွဲသူများသည် အပိုဆုလက်ဆောင်များကို ခံစားခွင့်ရရှိသွား မည်ဖြစ်သည်။ MPT သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခြင်း အတွက် မည်သည့် ထပ်ဆောင်းကုန်ကျမှုမျှ မရှိဘဲ အောက်ပါ နည်းလမ်းများမှတစ်ဆင့် လွယ်ကူစွာ စာရင်းသွင်း၍ မှတ်ပုံတင်နိုင်ပါသည်။
(၁) သင်၏ဆင်းမ်ကတ်တွင် မှတ်ပုံတင်ထားသောအချက်အလက်များကိုစစ်ဆေးရန် * 601 # ကိုသာခေါ်ဆိုပါ။
(၂) MPT 4U အက်ပလီကေးရှင်း (Android ဖုန်းအသုံးပြုသူများအနေဖြင့် *4040# သို့ ခေါ်ဆိုခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ပြုလုပ်၍ ရယူနိုင်ပါသည်။ Apple Store https://apple.co/3bdjV7w သို့မဟုတ် Google Play store https://bit.ly/2WB6BWq တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်ပြီး ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။)
(၃) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် care.mpt.com.mm
သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ဖြင့် အချက်အလက်မှန်ကန်စွာမှန်ပုံတင် မှတ်ပုံတင်ခြင်းသည် သုံးစွဲသူများအနေဖြင့် MPT ၏ ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း (Mobile Financial Service) ဆောင်ရွက်မှုများတွင် ရာဇဝတ်မှုများကျူးလွန်နိုင်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းဖြင့် အမှန်တကယ်သုံးစွဲသူ တို့အပေါ်တွင် အလွဲသုံးစားပြုလုပ်ခြင်းနှင့် အသုံးချခံရခြင်းတို့မှ ကာကွယ်နိုင်မည့်အပြင် ဆင်းမ်ကတ်ကိုင်ဆောင်သူများ ကိုလည်း မိမိတို့၏ လုပ်ဆောင်ချက်များ နှင့်ပတ်သက်ပြီး တာဝန်ယူတာဝန်ခံနိုင်စေမည်ဖြစ်သည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၉) ရက် မှ (၃၁) ရက်အတွင်း MPT4U Application မှတစ်ဆင့် မိမိအချက်အလက်များဖြင့် မှန်ကန်စွာ ပြန်လည်ပြင်ဆင်ဖြည့်စွက်၍ မှတ်ပုံတင်သည့် MPT သုံးစွဲသူများကို ၎င်း၏ MPT Money အကောင့်ထဲသို့ ဆုလက်‌ဆောင် ငွေ (၁,၀၀၀) ကျပ်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်တွင် ထည့်သွင်းပေးသွားမည် ဖြစ်ပြီး အဆိုပါဆုလက်ဆောင်အား ဆိုင်များတွင် ဈေးဝယ်ခြင်း နှင့် ဖုန်းငွေဖြည့်သွင်းခြင်း၊ ငွေလွှဲခြင်း သို့မဟုတ် ငွေထုတ်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

MPT Money အကောင့်မရှိသေးသော သုံးစွဲသူများအနေဖြင့် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက် နိုင်ပါသည်။
(၁)MPT Money အက်ပလီကေးရှင်းကို Android အသုံးပြုသူများအနေဖြင့် bit.ly/MPTMoneyAndroid မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်နိုင်ပြီး iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှတစ်ဆင့် ဒေါင်းလုတ်ပြုနိုင်မည်ဖြစ်ပြီး ပုံမှန်ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။
(၂) ပထမဦးစွာ အကောင့်ဖွင့်ရန်အတွက် စာရင်းသွင်းခြင်းကိုဆောင်ရွက်ရန် (စာရင်သွင်းခြင်း အခမဲ့)
(၃)သင်၏မိုဘိုင်းလ်ဖုန်းနံပါတ်ကိုဖြည့်ပါ။ စာရင်းသွင်းခြင်းပြီးမြောက်ရန် သင်၏မိုဘိုင်းလ်ဖုန်းသို့ အတည်ပြု ကုတ် (Verification code) ပါသည့် စာတစ်စောင်ပေးပို့ပါလိမ့်မည်။
(၄) သင်၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် ဖုန်းနံပါတ်များကို အတည်ပြုပါ။
(၅) နိုင်ငံသားစိစစ်ရေးကတ် ဓါတ်ပုံကိုရိုက်၍ တင်သွင်းပါ။
(၆) PIN Code အသစ်ကို ပြန်လည် သတ်မှတ်ပါ။
(၇) MPT Money Account ဖွင့်ခြင်း အောင်မြင်ပြီ ဖြစ်ပါသည်။ ၎င်းနောက် MPT Money အက်ပလီကေးရှင်း တွင် ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

သုံးစွဲသူများအနေဖြင့်လည်း ၎င်းတို့နှင့် အနီးဆုံးတွင်ရှိသည့် MPT Own Shop များနှင့် MPT အမှတ် တံဆိပ်စတိုးဆိုင်များတွင်လည်း ဆင်းမ်ကတ်ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ သုံးစွဲသူများအနေဖြင့် မိမိနိုင်ငံသားစိစစ်ရေးကတ် တစ်ခုလျှင် ဆင်းမ်ကတ် (၂) ကတ်ကိုသာ မှတ်ပုံတင်ခွင့်ပြုထားပါသည်။ MPT သုံးစွဲသူများအား အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက် မတိုင်မီ စနစ်တကျ စာရင်းသွင်းမှတ်ပုံတင်ရန် တိုက်တွန်း ထုတ်ပြန်ထားသည်။
MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ အပြာရောင်အမှတ် အသားပါသော (Blue Mark) တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ https://www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။