နေအိမ်တိုက်ခန်းများအတွက် ကောင်းမွန်တဲ့ဝန်ဆောင်မှုများရှိတဲ့ MyanAnts(မြန်အံ့) Service

အခုနောက်ပိုင်းရန်ကုန်မြို့အပါအဝင် နယ်မြို့ကြီးတွေတော်တော်များများမှာလည်း ဖုန်းနဲ့ဖြစ်စေ၊ အွန်လိုင်းပေါ်မှဖြစ်စေ အလွယ်တကူချိတ်ဆက်ခေါ်ယူအသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေများစွာပေါ်ပေါက်လာခဲ့ပါပြီ။ အထူးသဖြင့် လူဦးရေထူထပ်များပြားလှတဲ့ ရန်ကုန်မြို့အတွက်တော့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးတဲ့စနစ်တွေပိုမို များပြားလာခဲ့တာ ကလည်း အလားအလာကောင်းတစ်ခုလို့ဆိုနိုင်သလို အချိန်ကုန်ကျမှုလည်း သက်သာစေမှာအမှန်လည်းဖြစ်ပါတယ်။
အဲ့ဒီလို ရန်ကုန်မြို့ပေါ်မှာ အိမ်တွင်းပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဝန်ဆောင်မှုတွေပေးနေတဲ့လုပ်ငန်းတွေများစွာရှိတဲ့အနက် အိမ်တွင်းအိမ်ပြင်ဝန်ဆောင်မှုလုပ်ငန်းတွေကို အစုံလင်ဆုံးနဲ့တိကျမြန်ဆန်ဈေးနှုန်းမှန်စွာ ဝန်ဆောင်မှုပေးနေတဲ့ MyanAnts (မြန်အံ့) startup ကုမ္ပဏီတစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်။

Photo Source – http://bit.ly/MyanAnts

အိမ်တိုင်းရဲ့ လိုအပ်ချက်ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကတော့ အချိန်ပိုင်းအကူဝန် ဆောင်မှုတွေဖြစ် တဲ့ ပုံမှန်အိမ်သန့်ရှင်းရေး၊ ရုံးခန်းသန့်ရှင်းရေး၊ အဝတ်လျှော်၊ မီးပူတိုက်၊ အလှူတွင်ကူညီပေးခြင်း၊ ဟင်းချက်ရာမှာဝိုင်း ကူပေးခြင်း၊ အိမ်တွင်းရေချိုးကန်ဆေး၊ အဝတ်ဘီဒိုကူရှင်းပေးခြင်း၊ အိမ်ပြောင်းရန်အတွက် ပစ္စည်းဝိုင်းသိမ်းပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှုများအပြင် အချိန်ပြည့် အိမ်အကူများကြောင့် အဆင်မပြေဖြစ်နေသူများရဲ့ အခက်အခဲ ကိုဖြေရှင်းပေးနိုင်တဲ့ အချိန်ပိုင်းအကူဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်။ တနင်္လာ၊သောကြာနေ့နဲ့ အစိုးရရုံးပိတ်ရက် များမှာတော့ အကူတစ်ယောက်ကို သုံးနာရီမှာ ၈၀၀၀ကျပ်သာကျသင့်မှာဖြစ်ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ စနေ ၊ တနင်္ဂနွေနေ့များမှာတော့ အကူတစ်ယောက်ကို သုံးနာရီအတွက် ၇၀၀၀ ကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။

Photo Source – http://bit.ly/MyanAnts

အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နဲ့ရေပူရေအေးစက် ပြုပြင်ခြင်း ဝန်ဆောင်မှုတွေကတော့ အိမ်တိုင်းမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြသနာတွေဖြစ်တဲ့ အအေးဓာတ်နည်းသွားခြင်း၊ အသံထွက်နေခြင်း၊ အနံ့အသက်မကောင်းခြင်း၊ Gas ဖြည့်ရန်လိုခြင်း၊ ရေယိုနေခြင်း၊ ရေပူရေအေးမရတော့ခြင်း အစရှိတဲ့ ပြသနာတွေအပြင် အသစ်တပ်ဆင်ခြင်း၊ နေရာပြောင်းတပ်ဆင်ပေးခြင်းနဲ့ အဲကွန်းအပါအဝင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နဲ့ရေပူရေအေးစက် ပြုပြင်ခြင်းဝန် ဆောင်မှုတွေလည်း ပါဝင်မှာလည်းဖြစ်ပါတယ်။
Deep Cleaning ဝန်ဆောင်မှုအနေနဲ့ကတော့ အိမ်ပြောင်းအိမ်ရွှေ့၊ ရုံးခန်းပြောင်း၊ အိမ်အသစ်၊ရုံးခန်းသစ်သန့်ရှင်းရေးအပြင် အိမ်နဲ့ရုံးတိုင်းအတွက် နှစ်စဉ် ပုံမှန်လုပ်ရန်လိုအပ်သော Deep Cleaning ဝန်ဆောင်မှုတွေကိုလည်းရရှိနိုင်မှာဖြစ်သလို အိမ်တိုင်ရာရောက် လာယူ၊ လာပို့ အဝတ်လျှော်ဝန်ဆောင်မှုများလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အိမ်တွင်း၊ အိမ်ပြင် ရုံးတွင်း ရုံးပြင်ဆေးသုတ်ခြင်း၊ ကြွေပြားခင်းခြင်း၊ အခန်းဖွဲ့ခြင်း၊ ခေါင်မိုးပြင်ခြင်း၊ မျက်နှာကျက်ပြင်ခြင်း၊ ဘိုထိုင်ပြောင်းခြင်း အစရှိတဲ့ ပြင်ဆင်မှုများအပြင် အသေးစားပြင်ဆင်မှုတွေဖြစ်တဲ့ Door Lock လဲခြင်း၊ တံခါး၊ ပြတင်းပေါက် ပြုပြင်ခြင်း စတာတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်ရနိုင်တဲ့ မြန်အံ့ရဲ့ လက်သမား၊ ပန်းရံ၊ ဆေးသုတ်ဝန်ဆောင်မှုကိုလည်းရရှိနိုင်မှာလည်းဖြစ်ပါ တယ်။

Photo Source – http://bit.ly/MyanAnts

အိမ်တစ်လုံးမှာအဓိကလိုအပ်ချက်ထဲမှာပါဝင်တဲ့ လျှပ်စစ်ပိုင်းဆိုင်ရာတွေမှာလည်း မီးခလုတ်ပျက်ခြင်း၊ Fuse ပျက်ခြင်း၊ Wire ကြိုးပျက်ခြင်း၊ Main ပြန်တင်မရခြင်းအစရှိတဲ့ ပြသနာတွေအပြင် မီးဆိုင်းသွယ်ခြင်း၊ တစ်အိမ်လုံးမီးကြိုးဆင်ခြင်း၊ စစ်ဆေးပေးခြင်း အစရှိတာတွေကိုပါ ဝန်ဆောင်မှုပေးနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရေပိုက်နဲ့ပတ်သက်တာတွေက တော့ ရေပိုက်ပိတ်ခြင်း၊ ရေယိုခြင်း၊ ရေပိုက်ခေါင်းပြုတ်နေခြင်း၊ ပိုက်ဆက်ပြုတ်နေခြင်း၊ လေခိုနေခြင်း အစရှိတာတွေကို ပြုပြင်ပေးသောဝန်ဆောင်မှုအပြင် ရေမော်တာအသစ်တပ်ခြင်း၊ ပြုပြင်ခြင်းတွေအတွက် စတဲ့ဝန်ဆောင်မှုတွေကိုလည်း ရရှိနိုင် မှာလည်းဖြစ်ပါတယ်။

Photo Source – http://bit.ly/MyanAnts

ဝန်ဆောင်မှုကိုရယူသူများအနေဖြင့်လည်း ဖုန်းဆက်ပြီးဖြစ်စေ Messenger နဲ့Online Form တို့မှတစ်ဆင့် လိုအပ်သော ဝန်ဆောင်မှုများကို အလွယ်တကူရယူနိုင်မှာလည်းဖြစ်ပါတယ်။ ဆက်သွယ်နိုင်သော ဖုန်းနံပတ်များတွေကတော့ 09767774939၊ 09765774939၊ 0976587493 တို့ပဲဖြစ်ပါတယ်။ ဝန်ဆောင်မှုရယူဖို့ ငွေပေးချေတဲ့အခါမှာလည်း Online ကနေအလွယ်တကူငွေပေးချေနိုင်သလို ငွေပေးချေနိုင်တဲ့ Online Platform တွေကတော့ KBZ၊ AYA၊ YOMA၊ CB၊ Wave Money၊ OK Dollar၊ PayHere အစရှိတဲ့နေရာတွေကနေ ငွေပေးချေနိုင်မှာလည်းဖြစ်ပါတယ်။
အောက်ပါ Facebook Pge တွင်လည်း အသေးစိတ်သိလိုသည်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://bit.ly/MyanAnts