Chatbot Service များပေးစွမ်းနိုင်သည့် Balobot Cloud Based Chatbot Platform အသစ်စတင်မိတ်ဆက်

Chatbot Service များကိုပေးစွမ်းနိုင်သည့် Blaobot Cloud Based Chatbot Platform အကြောင်းနှင့် Go With Me Page ၏ လုပ်ငန်းများအကြောင်းမိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Yangon Excelsior Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် Balobot ၏လုပ်ဆောင်ပုံများနှင့် ဝန်ဆောင်မှုများကိုရှင်းလင်းပြောကြားခဲ့ပြီး Balobot ၏ လုပ် ဆောင်ပုံများကို Networking အစီများဖြင့်ထည့်သွင်း ကျင်းပခဲ့ သည်။
Chatbot Service တစ်ခုဖြစ်သည့် Balobot သည် Go With Me နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးအ တွက် အစားအသောက်နှင့်ခရီးသွားလာမှုကဏ္ဍများတွင် ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် အခွင့်အလမ်းသစ်တစ်ရပ်ကို ဖန်တီးလိုက်ခြင်းလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“ကျွန်မတို့ Balobot ဟာ Cloud Based Chatbot Platform တစ်ခုဖြစ်ပြီး ရည်ရွယ်ချက်ကတော့အသုံးပြုသူတွေအတွက် Messenger/Viber စတဲ့ Chat App ကတဆင့် အလွယ်တကူ Information တွေရယူနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်အစားအ သောက်နဲ့ခရီးသွား Review တွေရေးတဲ့ Go With Me Blog နဲ့ပူးပေါင်းပြီး Review တွေကိုအမျိုးအစားအလိုက် လျင်လျင် မြန်မြန်နဲ့တည်ဆောက်ပေးထားတာဖြစ်ပါတယ်”ဟု Balobot ၏ Business Director တစ်ဦးဖြစ်သူ မနှင်းသွဲ့ချိုမှ ပြောကြား သည်။
Go With Me သည်မြန်မာနိုင်ငံရှိ အစားအသောက်နှင့် Lifestyle Blog တစ်ခုဖြစ်ပြီး Followers နှစ်သိန်းခွဲကျော်ရှိသည့် Page တစ်ခုဖြစ်သည်။ Go With Me သည် ၎င်းနှင့်စားသုံးသူများကြား ပိုမိုထိရောက်သောဆက်ဆံမှုများကို လျင်မြန်စွာရနိုင် ရန်အတွက် Blobot နှင့်လက်တွဲကာ Go With Me Chatbot ဝန်ဆောင်မှုများကို ပူးပေါင်းလုပ်ဆောင်ခြင်းလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“ကုမ္ပဏီတွေရဲ့ Website တွေ၊ Facebook Page တွေမှာ ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကို မေးလာတဲ့ Customer တွေကို ပြန်လည် ဖြေုကြားဖို့မအားလပ်တဲ့အခါမျိုးတွေရှိတတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ မေးလာတဲ့ Customer တွေကို အလိုအလျောက်ပြန်လည်ဖြေကြားပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အဲ့ဒီအတွက်ကြောင့် Balobot Chatbot ဝန်ဆောင်မှုကို ကျွန်မတို့က ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း အသုံးပြုနေသူ ၃၀၀ ကျော်ရှိနေပြီ လည်းဖြစ်ပါတယ်။ စတင်အသုံးပြုမယ်ဆိုရင်တော့ တစ်လကို မြန်မာငွေကျပ် ၇၀၀၀၀ ကျသင့်မှာပဲဖြစ်ပါတယ်”ဟု Balobot မှ Account Executive ဖြစ်သူ Ma Khine Thuta Zaw ကပြောကြားသည်။
Go With Me သည် မြန်မာနိုင်ငံရှိ ခေတ်ဦး Blog များတွင်တစ်ခုအပါအဝင်ဖြစ် စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အလှပြင် ဆိုင်များနှင့်အပန်းဖြေနေရာများကိုလေ့လာသုံးသပ်ပေးလျက်ရှိသောနေရာတစ်ခုလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင်စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပရှိအပန်းဖြေနေရာများကို လေ့လာသုံးသပ်ချက် ၅၀၀ ကျော်ရေးသားခဲ့ပြီးလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

Balobot သည်စာပို့ အက်ပလီကေးရှင်းများတွင် လျင်မြန်တိကျသော စာပို့မှုများဖြစ်စေရန်အတွက် ဝန်ဆောင်မှုပေးနေသည့် Chatbot လုပ်ငန်းတစ်ခုဖြစ်သည်။ The Blink Agency မှတည်ထောင်ထားသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ပစ္စည်းများ အတွက် စားသုံးသူများနှင့်အွန်လိုင်းဆက်ဆံရာတွင် လူ့စွမ်းအားမလိုအပ်ပဲ လျင်မြန်တိကျပြီးအဆင်ပြေချောမွေ့စွာဝန်ဆောင် မှုပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်းလည်းဖြစ်သည်။
လျင်မြန်စွာတိုးတက်နေသော ယနေ့ခေတ်အခါမှာလည်း ကုန်ပစ္စည်းအမှတ်တံဆိပ်များနှင့်စားသုံးသူများကလည်း ပါဝင်စီး မျောလျက်ရှိပြီး ကုန်ပစ္စည်းအမှတ်တံဆိပ်နှင့်စားသုံးသူများကြား ချိတ်ဆက်မှုပုံစံတွေကလည်း လျင်မြန်တိကျရန်အတွက် အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်သည်။ ထိုကဲ့သို့ တိကျမြန်ဆန်သောချိတ်ဆက်မှုပေးနိုင်ရန်အတွက်လည်း Chatbot ကနောက် ဆုံးပေါ်နည်းပညာတစ်ခုအဖြစ်ရပ်တည်လာခြင်းလည်းဖြစ်သည်။
အသေးစိပ်ထပ်မံသိရှိလိုပါက အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/gowithme.mm/
https://www.balobot.com