Moving Walls Group နှင့် Ganad Myanmar တို့ပူးပေါင်းပြီး Location Media Xchange(LMX) ဝန်ဆောင်မှု မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Moving Walls Group နှင့် Ganad Myanmar တို့ပူးပေါင်းပြီး Out-of-Home (OOH) စားသုံးသူများနှင့် သက်ဆိုင်သော အလိုအလျောက် တိကျစွာတိုင်းတာပေးနိုင်သော Location Media Xchange (LMX) ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
ယခုလို LMX နည်းပညာကို အသုံးပြုလိုက်ခြင်းဖြင့် OOH Media သုံးစွဲသူများနှင့် သက်ဆိုင်သော အချက်အလက် များကို တိုင်းတာပေးပို့နိုင်မည်ဖြစ်ပြီး Ganad ဖြင့် သုံးစွဲသူများ၏အချက်အလက်များကို လေ့လာပြီး အစီအစဉ်များ၊ Campaign များပြုလုပ်ပြီး ဒီဂျစ်တယ်ကြော်ငြာများ၊ ဈေးဝယ်စင်တာများနှင့် ကားမှတ်တိုင်များတွင် ရှိသော ကြော်ငြာများ စသည့်နေရာများမှလည်း တိုးချဲ့နိုင်လာသည့်အတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်သည်။

Photo Source quinn@movingwalls.com
LMX Registry နှင့် LMX Deals Platform များကို အသုံးပြုပြီး Ganad သည် စင်ကာပူ၊ လန်ဒန်၊ တိုကျို၊ နယူးယောက်နှင့် အခြားဒေသများမှ မီဒီယာအေဂျင်စီများ၏ သတင်းအချက်အလက်များကို တိကျမှန်ကန်စွာ တိုင်းတာစေနိုင်မည် ဖြစ်သည်။ Digital Demand-side Platform များအနေဖြင့် ဈေးဝင်စင်တာများတွင် စားသုံးသူနှင့် ဝယ်လိုအားများကို မြင့်တက်လာစေနိုင်ပါသည်။ OOH Media ပိုင်ရှင်များအနေဖြင့် OOH လုပ်ငန်းများနှင့် DOOH အစီအစဉ်များကို အဖွဲ့များဖြင် ဆက်သွယ်လုပ်နိုင်ရန် အရေးကြီးသည်။
မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းမှာ ဖွုံ့ဖြိုးဟု ဆိုင်နိုင်သော်လည်း အင်တာနက်နှင့် လမ်းသွားလမ်းလာ များအတွက် တိုးတက်လာပြီး အရှေ့တောင်အာရှိ၏ ပျမ်းမျှသတ်မှတ်ချက်အထိပင် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အင်တာနက်မှတစ်ဆင့် ကြော်ငြာပြီး သုံးစွဲသူဦးရေကို မြင့်တက်ပေးနိုင်စွမ်းရှိပါသည်။ မြို့ပြများတွင်လည်း လူဦးရေတိုးပွား စည်ကားလာခြင်းကြောင့် Outernet နည်းစနစ်ဖြင့် ကြော်ငြာခြင်းက ပို၍ထိရောက်နိုင်မည် ဖြစ်သည်။
“မြန်မာနိုင်ငံက ကြော်ငြာလုပ်ငန်းနယ်ပယ်ကလည်း ဒီဂျစ်တယ်ဘက်ကို ကူးပြောင်ဖို့အတွက် အလားအလာ ရှိပါတယ်။ OOH ကိုအားကောင်ပြီး အခိုင်အမာ သီးခြားရပ်တည်စေနိုင်ရန်နှင့် ဈေးကွက်အတွင်းရှိအခြားသော အဓိက လုပ်ငန်းများနှင့် အတူစီမံဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းနှင့် အချက်အလပ်များကို ရရှိစေနိုင်ဖို့အတွက် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်ပြီး ပိုမိုနားလည်လွယ်စေဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု Ganad Myanmar ၏ အမှုဆောင်ညွှန်ကြားရေးမှူး သောမတ်စ်ဒေး ကပြောကြားခဲ့သည်။

Photo Source quinn@movingwalls.com

Moving Walls ၏ တည်ထောင်သူနှင့် CEO တစ်ယောက်ဖြစ်သူ Srikanth Ramachandran က “စင်ကာပူက Work from Home စနစ်နဲ့ အလုပ်လုပ်နေကြရတဲ့ အေဂျင်စီတွေ Advertiser တွေအနေနဲ့လည်း မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေအတွက် အစီအစဉ်တွေဆွဲကြပါတယ်။ LMX ရဲ့ vision ကလည်း OOH Media ကိုအသုံးပြုပြီးတော့ အတွေ့အကြုံကောင်းတွေကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
Moving Walls Group ၏ အသစ်တည်ထောင်ထားသော Location Media Xchange (LMX) ကုမ္ပဏီသည် လွတ်လပ်ပြီး တည်နေရာပေါ်လိုက်ပြီး သုံးစွဲသူများကို တိုင်းတာကြည့်ရှုနိုင်သော နည်းပညာအခြေပြု ကြော်ငြာကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
LMX ကုမ္ပဏီသည် ဈေးကွက်တွင် ကြော်ငြာချင်သူများနှင့် Brand ပစ္စည်းများအတွက် သုံးစွဲသူများနေ့စဉ် သွားလာနေသော မြင်ကွင်းများရှေ့ရောက်အောင် ကြော်ငြာပေးနိုင်သော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ LMX အနေနဲ့ ဈေးကွက်မှာကြော်ငြာချင်သူတွေအတွက် နေရာနဲ့ ကြော်ငြာချင်တဲ့ စားသုံးသူများ၏ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး Billboard များကို နေ့စဉ်သွားလာနေသော လမ်းကြောင်းပေါ်လိုက်ပြီး ကြော်ငြာနိုင်အောင် ထောက်ပံ့ပေးနိုင်သော Platform တစ်ခုဖြစ်ပါသည်။