Ooredoo မှ Stevie® International Business Awards ၂၀၂၀ တွင် အကောင်းဆုံးဆန်းသစ်တီထွင်ဖန်တီးနိုင်မှုနှင့် လူမှုအကျိုးပြုတာဝန်ယူမှုအတွက် ဆု၃ဆုရယူနိုင်ခဲ့

အူရီဒူးမြန်မာသည် Stevie® International Business Awards ၂၀၂၀ တွင် တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီ (Most Innovative Company of the Year) အတွက် ငွေတံဆိပ်ဆု၊ တစ်နှစ်တာ တန်ဖိုးအရှိဆုံး လူမှုအကျိုးပြုတာဝန်ယူမှု (Most Valuable Corporate Response) နှင့်တစ်နှစ်တာလူမှုအကျိုးပြုလုပ်ငန်း (အာရှ၊ ဩစတြေးလျ နှင့် နယူးဇီလန်)(Corporate Social Responsibility Program of the Year in Asia, Australia and New Zealand) တို့အတွက် ကြေးတံဆိပ်ဆုများစသည်ဖြင့် ဂုဏ်သတင်းကြီးမားသည့်ဆု စုစုပေါင်းဆု ၃ဆုကို ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဆုများသည် အူရီဒူး၏ ပြည်သူများ၏ဒစ်ဂျစ်တယ်လူမှုဘဝများကို ပြည့်စုံကောင်းမွန်စေမည်ဆိုသည့် ရည်မှန်းချက်အတိုင်း တစ်စိုက်မတ်မတ်ကြိုးစားဆောင်ရွက်ချက်များကို အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည်။ “The International Stevies” ဟုလူသိများထင်ရှားသည့် နိုင်ငံတကာ စီးပွားရေးဆိုင်ရာဆုများသည် ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းကြီး များနှင့်လုပ်ငန်းလေးများ၊ အများပိုင်ကုမ္ပဏီနှင့် တစ်ဦးပိုင်ကုမ္ပဏီ၊ အကျိုးအမြတ်အတွက်ဆောင်ရွက်သောလုပ်ငန်း (သို့) အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့အစည်းများစသဖြင့် မည်သည့်အဖွဲ့အစည်းမဆို ပါဝင်ယှဉ်ပြိုင်လျှောက်ထားနိုင်ပါ သည်။ ၂၀၂၀ ဆုချီးမြှင့်ပွဲအတွက် နိုင်ငံပေါင်း၆၃ နိုင်ငံမှလုပ်ငန်း အဖွဲ့အစည်းပေါင်း ၃,၈၀၀ကျော်မှ လျှောက်ထား ခဲ့ကြသည်။

Photo Source https://www.facebook.com/OoredooMyanmar

“အခုလိုမျိုး နိုင်ငံတကာမှာလူသိများတဲ့ Stevie International Business Award ၂၀၂၀ မှာ ဂုဏ်သရေရှိ ဆု၃ဆုကို ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အူရီဒူးမြန်မာက အများပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အရည်အသွေးမြင့်ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေနဲ့အတူ အဆင့်မြင့်ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးအပ်လျက် ရှိပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဒစ်ဂျစ်တယ်ဘဝတွေကို ပြည့်စုံကောင်းမွန်စေဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု တွေပေးအပ်နိုင်အောင် အစဉ်တစ်စိုက် ကြိုးစားလျက်ရှိပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
အူရီဒူးမြန်မာသည်တစ်နှစ်တာ ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီကဏ္ဍတွင်ငွေတံဆိပ်ဆုရရှိခြင်းခဲ့ခြင်းမှာ မြန်မာနိုင်ငံအတွက် အဆင့်မြင့်ဆုံး 4G ကွန်ရက်စတင်ဆောင်ရွက်ခြင်း၊4G LTE Turbo ကွန်ရက်ကိုနိုင်ငံ တစ်ဝန်းဖြန့်ကြက်ခဲ့ခြင်းနှင့် ဆန်းသစ်တီထွင်ထားသည့် အပိုဆောင်းဒစ်ဂျစ်တယ်ထုတ်ကုန်များကို ကမ်းလှမ်းခြင်းဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ဦးဆောင်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။
အဆင့်မြင့်ကွန်ရက်နှင့် မြန်ဆန်သည့်အင်တာနက်တို့၏ အားသာချက်နှင့်အတူ သုံးစွဲသူများအတွက် ဈေးကွက်အတွင်း လိုအပ်ချက်များပေါ်တွင်မူတင်ကာ အူရီဒူးကွန်ရက်ကို သင့်တင့်မျှတာသည့်နှုန်းထားဖြင့် သုံးစွဲနိုင်မည့် ထုတ်ကုန်နှင့်ဝန် ဆောင်မှုများကို ကမ်းလှမ်းပေးလျက်ရှိသည်။ ဥပမာ အားဖြင့် အူရီဒူး 4G ကွန်ရက်ကို သင့်တင့်မျှတသည့်နှုန်းထားဖြင့် အသုံးပြုနိုင်မည့် Supernet Wireless Home Broadband ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးအပ်သည့် M-Pitesan app ၊အသုံးပြုသူများကိုCovid 19 နောက်ဆုံးရသတင်းများသိရှိနိုင်သောAthipay Appနှင့်လယ်သမားများနှင့် အသုံးပြုသူများ၏ နေ့စဉ်ဘဝများကိုဒစ်ဂျစ်တယ်နည်းပညာဖြင့်ကူညီရန်အတွက် ပေးအပ်ထားသည့်“rural IVR” ဝန်ဆောင်မှုစသဖြင့် ပါဝင်သည်။ ၎င်းတို့ကဲ့သို့ ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများက အူရီဒူးမြန်မာကSilver Stevie® Award for “Most Innovative Company of the Year”ကို ရရှိစေနိုင်ခဲ့ခြင်းဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

၏အူရီဒူးမြန်မာ၏Covid-19ကာလတွင် တုန့်ပြန်ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံအားပံ့ပိုးပေးမှုတို့မှလည်းတစ်နှစ်တာ တန်ဖိုးအရှိဆုံး လူမှုအကျိုးပြုတာဝန်ယူမှု (Most Valuable Corporate Response category) အတွက် ကြေးတံဆိပ်ဆုဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။
Ooredoo အနေဖြင့်ဒေတာနှင့်ဖုန်းဘီလ်များပါဝင်သည့် ဆင်းကတ် ၁၄,၀၀၀ ကျော်ကို quarantine စင်တာများ၊ COVID-19 ကုသရေးစင်တာများနှင့် COVID-19 လူနာများအားအခမဲ့လူနာတင်ယာဉ်များဖြင့်ကူညီပေးနေသည့် ပရဟိတ အဖွဲ့အစည်း များအားပေးအပ်လှူဒါန်းခြင်း၊ ပညာရေးဝန်ကြီးဌာနမှ ဆရာဆရာမများအားမွမ်းမံသင်တန်းများပေးအပ်ရန် ဝဘ်ဆိုဒ်ကို အခမဲ့ဒေတာဖြင့်အသုံးပြုခွင့်၊ အူရီဒူး M-ပိုက်ဆံဖြင့် မြန်မာနိုင်ငံရှိ NGO အဖွဲ့အစည်းများအားလုံးကို ငွေအမြောက်အမြားလွှဲပို့နိုငသည့် Bulk Paymentဝန်ဆောင်မှုကိုအခမဲ့အသုံးပြုခွင့်၊ အူရီဒူးသုံးစွဲသူများမှလှူဒါန်းမှု များအားစုပေါင်းလွှဲပြောင်းပေးရန်အတွက် SMS ပလက်ဖောင်းဆောင်ရွက်ခြင်း၊ အကူအညီလိုအပ်နေသူများထံ သို့သွား ရောက်၍ အခြေခံစားသောက်ကုန်များပံ့ပိုးလှူဒါန်းခြင်းစသည်တို့ကိုလည်းဆောင်ရွက်ခဲ့သည်။
ယခုနှစ်အတွက် Stevie International Business Awards (IBAs) ၂၀၂၀ ကိုအွန်လိုင်းဆုပေးပွဲအခမ်းအနားဖြင့် ၂၀၂၀ခုနှစ်၊ဒီဇင်ဘာလ(၁) ရက်နေ့တွင်ကျင်းပပေးမည်ဖြစ်ကြောင်းသိရသည်။