FNF နှင့် ဆိုက်ဘာဘေးကင်းအဖွဲ့တို့ပူးပေါင်းကာ Social Media Campaign တစ်ခုကိုမိတ်ဆက်

Friedrich Naumann Foundation Myanmar နှင့် ဆိုက်ဘာဘေးကင်းအဖွဲ့တို့ပူးပေါင်းကာ Social Media Campaign တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကျင်းပပြုလုပ်ခဲ့ ပြီးလည်းဖြစ်သည်။
အဆိုပါ Campaign သည် မြန်မာနိုင်ငံရှိကာတွန်းဆရာ ၃၀ ရေးဆွဲထားသော privacy နှင့်ပတ်သက်သည့် တကွက်ကာတွန်း ၃၈ ကွက်ဖြင့်ပုံဖော်ထားကြောင်းသိရသည်။ ကာတွန်းဆရာများထဲတွင် နာမည်ကြီး ကာတွန်းဆရာများဖြစ်သည့် အော်ပီ ကျယ်၊ မောင်မောင်ဖောင်တိန်နှင့် လဂွမ်းအိမ်ကဲ့သို့သော ကာတွန်းဆရာများပါဝင်ကြောင်းသိရသည်။
“ဒီ အစီအစဉ်ကတော့ FNF နဲ့ ဆိုက်ဘာဘေးကင်းအဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံကာတွန်းဆရာများအဖွဲ့က ကာတွန်းဆရာ တွေနဲ့ Digital Privacy တွေကို Social Media ပေါ်မှာ မိတ်ဆက်ပေးခြင်းပဲဖြစ်ပါတယ်” ဟု Friedrich Naumann Foundation မှ Executive Programme Manager မနှင်းဝင့်နိုင်မှပြောကြားသည်။

Photo Source https://web.facebook.com/CyberBayKin

ကာတွန်းများကို Privacy ဆိုင်ရာ အထွေထွေသိကောင်းစရာများ၊ အချက်အလက်ခိုးယူမှုများ၊ လုံခြုံရေးနှင့်တစ်ကိုယ်ရည် ဆိုင်ရာနေရာများဟူ၍ လေးပိုင်းခွဲခြားထားသည်။ အပတ်စဉ် အင်္ဂါနေ့မနက် ၁၀ နာရီတိုင်းတွင် ကာတွန်းများကို FNF Myanmar နှင့်ဆိုင်ဘာဘေးကင်း Facebook စာမျက်နှာများတွင် ဖော်ပြပေးသွားမည်ဖြစ်သည်။ အဆိုပါ campaign သည် လေးပတ်ကြာမြင့်မည်ဖြစ်သည်။
Facebook အသုံးပြုသူများအနေဖြင့် အင်္ဂါနေ့မှစ၍ နောက်တစ်ပတ်တနင်္လာနေ့အထိ ကာတွန်းများကို like & Share နှင့် comment ပေးပို့မှုများပြုလုပ်ကာ campaign တွင်ပါဝင်ဆင်နွဲခြင်းဖြင့်လက်ဆောင်များရယူနိုင်မည်ဖြစ်သည်။ အပတ်စဉ် တနင်္လာနေ့ နေ့လည် သုံးနာရီတွင် ကာတွန်းဆရာတစ်ယောက်မှ ၎င်းကာတွန်းအကြောင်းရှင်းပြထားသည့် video clip တွင် လက်ဆောင်ရရှိသူ ၁၂ ယောက်အား ကြေညာပေးသွားမည်ဖြစ်သည်။ ကာတွန်းဆရာများသည် ၎င်းတို့ ကာတွန်းရေးဆွဲခြင်း ကို မည်သို့မည်ပုံ အိုင်ဒီယာရကြောင်း၊ မည်သည်က လွှမ်းမိုးမှုရှိကြောင်းတို့ကို ပြောပြသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/CyberBayKin

လက်ဆောင်ရရှိသူသည် ကာတွန်းစာအုပ်၊ FNF မှ ထုတ်လုပ်ထားသည့် ကိုဗစ်ကာကွယ်ရေးပိုက်ဆံအိတ်နှင့် powerbank တစ်ခုစီရရှိမည်ဖြစ်သည်။
ကာတွန်းများအားလုံးကို FNF Myanmar နှင့် ဆိုက်ဘာဘေးကင်း website များတွင်လည်း ဖော်ပြ ထားမည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://web.facebook.com/CyberBayKin