စီးပွားရေးလုပ်ငန်းများ ဆိုက်ဘာခြိမ်းခြောက်မှုရန်မှ ကင်းဝေးစေရန် Web Shield ဝန်ဆောင်မှု တယ်လီနောမိတ်ဆက်

တယ်လီနောမြန်မာသည် စီးပွားရေးဝန်ဆောင်မှု သုံးစွဲသူအားလုံးအတွက် ရည်ရွယ်၍ မြန်မာ့ပထမဆုံး cloud နည်းပညာအခြေခံ အင်တာနက်လုံခြုံရေး ဝန်ဆောင်မှုသစ် တစ်ခုဖြစ်သည့် တယ်လီနော Web Shield ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
တယ်လီနောကွန်ရက်မှတဆင့် ထောက်ပံ့ပေးအပ်ထားသည့် ယခုဒစ်ဂျစ်တယ်လုံခြုံရေးနည်းပညာသည် သုံးစွဲသူများကို malware မသင်္ကာဖွယ် ဆော့ဖ်ဝဲ (သို့) ဗိုင်းရပ်စ်မှတဆင့် ကွန်ပြူတာ (သို့) ကွန်ရက်ပေါ်ရှိ အချက်အလက်များကို ရယူခြင်း၊ phishing အရေးကြီး အချက်အလက်များကို အီးမေးလ်၊ ဖုန်း၊ မက်ဆေ့ခ်ျမှတဆင့် တစ်စုံတစ်ဦးဟန်ဆောင်၍ လိမ်လည်ရယူခြင်းနှင့် botnets attack ကွန်ရက်တစ်ခုတည်းကို မျှဝေအသုံးပြုနေသည့် စက်များကို မသမာ သည့်အဖွဲ့များမှ ထိန်းချုပ်ရန် လှည့်စားလုပ်ဆောင်တိုက်ခိုက်ခြင်း အစရှိသည့် အဓိက ဆိုက်ဘာခြိမ်း‌ခြောက် မှုများမှ တိုးမြှင့်ကာကွယ် ပေးသွားနိုင်မည်ဖြစ်သည်။ တယ်လီနောစီးပွားရေး ဝန်ဆောင်မှု သုံးစွဲသူများသည် Web Shield ကို အသုံးပြုနိုင်ရန် မည်သည့်အပိုပစ္စည်းကိရိယာ (hardware) သို့မဟုတ် ဆော့ဖ်ဝဲလ်ကိုမျှ ထည့်သွင်းရန် မလိုအပ်ဘဲ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရယူ အသုံးပြုနိုင်ပြီဖြစ်သည်။

Photo Source https://www.telenor.com.mm/en/business/Web-Shield-Service

“လုပ်ငန်းတော်တော်များများက အခုဆိုရင် အွန်လိုင်းပေါ်ကို ရောက်လာကြပြီး လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ဆက်သွယ်နိုင်ရေးအပေါ် မှီခိုလာကြပါတယ်။ ကိုဗစ်-၁၉ ကလည်း ဒီလိုမြန်ဆန်တဲ့ ဒစ်ဂျစ်တယ်အသွင် ကူး ပြောင်းမှုကို ထပ်လောင်းအရှိန်ပိုမြှင့်တင်ပေးလျက်ရှိပါတယ်။ ပိုမိုများပြားလာတဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေက နေ ကာကွယ်နိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့ စီမံခန့်ခွဲရေး တာဝန်ရှိသူတွေကလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘာမှ ထပ်မံထည့်သွင်းဖို့ မလိုအပ်တဲ့အပြင် ကွန်ရက်မှာ ချိတ်ဆက်လိုက်ရုံနဲ့ လုပ်ငန်းတွေကို ကာကွယ်ပေးနိုင်တဲ့ အတွက် သုံးစွဲသူတွေအနေနဲ့ သူတို့အတွက် အ‌ရေးပါဆုံးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းအပေါ်မှာ ပိုမိုအာရုံစိုက်နိုင် တော့မှာပဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ ဒေါ်ယဉ်ယဉ်ဌေးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးနှင့် အွန်လိုင်းဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် မြင့်တက် လျက်ရှိပြီး သုံးစွဲသူများသည် တယ်လီကွန်းအော်ပရေတာများနှင့် အစိုးရမှ အကာအကွယ်ပေးများ ပေးအပ်နိုင်ရန် မျှော်လင့်လျက် ရှိသည်။ ယခုနှစ်အစောပိုင်းတွင် ကောက်ယူခဲ့သော U-Report မြန်မာ၏ စစ်တမ်းတစ်ခု အရ ဖြေဆိုသူ ဆယ်ဦးတွင် လေးဦးသည် အင်တာနက်ဝန်ဆောင်မှုပံ့ပိုးသူများမှ ၎င်းတို့ကို အွန်လိုင်းပေါ်တွင် ကူညီကာကွယ်ပေးရန် မျှော်လင့်ထား ကြောင်း လေ့လာသိရှိရသည်။
တယ်လီနော Web Shield သည် ချိတ်ဆက်မှု မပြုလုပ်ရသေးသည့် အချိန်မှာပင် Domain Name System (DNS) လုံခြုံရေနည်းပညာကို အသုံးပြုပြီး သုံးစွဲသူများ၏ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်တားဆီးပေးသွားမည်ဖြစ်သည်။ Web Shield ဝန်ဆောင်မှုသည် DNS မှ ပေးပို့သော အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာပြီး ခြိမ်းခြောက်မှုများကို အချိန်နှင့်တပြေးညီ ထိထိရောက်ရောက်၊ တိတိကျကျ ကာကွယ် ပေးသွားမည်ဖြစ် သည်။

Photo Source https://www.telenor.com.mm/en/business/Web-Shield-Service

ကုန်ကျစရိတ်နှင့် ရှုပ်ထွေးသည့် အဆင့်များကို လျော့ချဖန်တီးရေးဆွဲထားသည့် တယ်လီနော Web Shield သည် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေပြေနှင့် ထိထိ‌ရောက်ရောက် အသုံးပြုနိုင်မည်ဖြစ်သည်။ လုံခြုံ စိတ်ချရသည့် နည်းပညာဖြင့် တယ်လီနောကွန်ရက်ပေါ်တွင်ပင် ထောက်ပံ့ပေးအပ်ထားသည့်အတွက် အဆင်ပြေ လွယ်ကူပြီး သုံးစွဲသူ၏ စက်ကိရိယာများတွင်း အခြားသော မည်သည့်ဆော့ဖ်ဝဲလ် သို့မဟုတ် စနစ် (configurations) တို့ကိုမျှ ထပ်မံထည့်သွင်းရန် မလိုအပ်ပေ။ ဆိုက်ဘာလုံခြုံရေးစနစ်ကို ကွန်ရက်ပေါ်တွင် ထောက်ပံ့ပေးထားသည့်အတွက် စီးပွားရေးဝန်ဆောင်မှု သုံးစွဲသူများအနေဖြင့် သီးခြားဆော့ဖ်ဝဲလ်ကုမ္ပဏီများ ပေးအပ်သည့် ဝန်ဆောင်မှုများထက် ပိုမိုကောင်းမွန်ပြီး အချိန်နှင့်တပြေးညီ ကာကွယ်မှုများကို လုပ်ဆောင်ပေး သွားနိုင်မည်ဖြစ်သည်။
“အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ သုံးစွဲသူတွေ၊ ဝန်ထမ်းတွေနဲ့ မိတ်ဖက်လုပ်ငန်း တွေကို ဆိုက်ဘာတိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်ဖို့ သမားရိုးကျ Firewall နဲ့ antivirus ဆော့ဖ်ဝဲလ် တွေကလွဲရင် ဘယ်ဆိုက်ဘာလုံခြုံရေးနည်းပညာကို အသုံးပြုရမလဲဆိုတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ Firewall နဲ့ antivirus ဆော့ဖ်ဝဲလ်က အချို့ဆိုက်ဘာခြိမ်းခြောက်မှုတွေကို ကာကွယ်ပေးနိုင်ပေမဲ့ ယနေ့ကြုံတွေ့ နေရတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်တဲ့ malware၊ phishing နဲ့ botnets နည်းပညာတွေကလည်း ပိုပြီးဆန်းပြားရှုပ်ထွေးလာပါတယ်။ ရှိရင်းစွဲကွန်ရက်ထဲမှာတင် Web Shield ဝန်ဆောင်မှုကို ထောက်ပံ့ပေးလိုက် တဲ့အတွက် တယ်လီနောက စီးပွားရေးဝန်ဆောင်မှု သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုတွေကို ပေးအပ်သွားနိုင်တော့မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ နည်းပညာပိုင်းဆိုင်ရာ မိတ်ဖက်လုပ်ငန်းဖြစ် သော APJ Media နှင့် Carrier from Akamai ၏ Regional Vice President ဖြစ်သူ Sid Pisharoti က မှတ်ချက်ပေး ပြောကြားခဲ့သည်။
စက်ကိရိယာများနှင့် စီးပွားရေးလုပ်ငန်းများသည် ဆိုက်ဘာတိုက်ခိုက်မှုများ ကြုံတွေ့ရနိုင်သည့် အလားအလာများ ရှိသော်လည်း တယ်လီနော Web Shield သည် သုံးစွဲသူများ အဆိုပါ အခြေအနေမျိုးမှ အလွယ်တကူ မကြုံ တွေ့နိုင်အောင် ကာကွယ်တားဆီးပေးသွားမည်ဖြစ်သည်။ မိုဘိုင်းစီးပွားရေးဝန်ဆောင်မှု သုံးစွဲသူများသည် မိတ်ဆက်ကာလအတွင်း စာရင်းပေးသွင်းပါက Web Shield ဝန်ဆောင်မှုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် နေ့အထိ အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ သုံးစွဲသူများအတွက် ပွင့်လင်းမြင်သာပြီး ရေရှည်တည်တံ့သည့် လုံခြုံရေး ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ရန် တယ်လီနော Web Shield ကို သုံးစွဲသူအခြေပြု ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဖန်တီးလုပ်ဆောင်ထားသည်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.telenor.com.mm/en/business/Web-Shield-Service