လွယ်ကူ၊ သက်သောင့်သက်သာစွာဖြင့် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်နိုင်သည့် တယ်လီနောဈေး

တယ်လီနောသုံးစွဲသူများ အဆင်ပြေလွယ်ကူမည့် ‌ဈေးဝယ်ခြင်း အတွေ့အကြုံကို ရရှိခံစားနိုင်ရန် တယ်လီနောဈေးအမည်ရှိ ဒစ်ဂျစ်တယ်ဈေးတစ်ခုကို တယ်လီနော မြန်မာမှ မိတ်ဆက်ထားပြီးဖြစ်ကြောင်း သိရသည်။
MyTelenor အက်ပလီကေးရှင်းရှိ တယ်လီနောဈေးသည် သုံးစွဲသူများ ၏ မတူညီသော လိုအပ်ချက်များအလိုက် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်သည်။ City Mall Online၊ Food Panda နှင့် Farm Shop တို့မှ အစားအသောက်နှင့် ကုန်စုံပစ္စည်းများမှာယူခြင်း၊ AR YU International Hospital နှင့် Yin Thway Pediatric Call Center တို့တွင် ဆေးခန်းပြရန် ရက်ချိန်းယူခြင်း၊ တယ်လီဖုန်းဖြင့် ကျန်းမာရေးဆွေးနွေးတိုင်ပင်ခြင်း၊ AYA SOMPO မှ မော်တော်ယာဉ်အာမခံ ဝယ်ယူခြင်းစသည့် ကဏ္ဍစုံစုံလင်လင်ဖြင့် တယ်လီနောဈေးတွင် ဝန်ဆောင်မှုများရရှိနိုင်မည်ဖြစ် သည်။
တယ်လီနောဈေးသည် မိတ်ဖက်ပါတနာများ၏ စီးပွားရေးလုပ်ငန်းများတွင် သုံးစွဲသူအသစ်များ တိုးလာစေရန် အတွက် ဈေးကွက်အခွင့်အလမ်းတစ်ခုအဖြစ် တယ်လီနောသုံးစွဲသူများအကြား မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ သုံးစွဲသူများအနေ နှင့်လည်း မိုဘိုင်းဖုန်းပေါ်မှနေ၍ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် မတူညီသော အမျိုးအစား ကဏ္ဍအစုံအလင်ကို တစ်နေရာတည်း တွင် လွယ်ကူအချိန်ကုန်သက်သာစွာဖြင့် ရရှိခံစားနိုင်မည်ဖြစ်သည်။

Photo Source https://www.telenor.com.mm

“ရောင်းသူတွေရော ဝယ်သူတွေရောက အွန်လိုင်းကနေ ဈေးရောင်း၊ ဝယ်တာဟာ ပိုပြီးတော့ လွယ်ကူ၊ သက်သောင့်သက်သာရှိတဲ့အပြင် ပိုမိုလုံခြုံစွာနဲ့ ဈေးရောင်း၊ ဝယ်လာနိုင်တာကို သိလာသလို အခုလက်ရှိဖြစ်ပေါ် နေတဲ့ ကမ္ဘာ့ကူးစက်ကပ် ရောဂါအခြေအနေကြောင့်လဲ ယခင်အခြေအနေတွေထက် ဒစ်ဂျစ်တယ်လူနေမှုဘဝကို ပိုမိုကျင့်သုံး လို့နေကြပါတယ်။ သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ်နဲ့ ဒစ်ဂျစ်တယ် အဆင်သင့်ဖြစ်မှုက ဆက်ပြီးတိုးတက်နေတဲ့အတွက် အွန်လိုင်းဈေးဝယ်ခြင်းက မြန်မာနိုင်ငံမှာ သိသိသာသာကြီး ဖွံ့ဖြိုးတိုးတက်လာဦးမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအရှိန်အဟုန်နဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေဖို့အတွက် တယ်လီနောမြန်မာအနေနဲ့ တစ်ထောင့်တစ် နေရာကနေ ကူညီပံ့ပိုးနိုင်ဖို့ ဆန်းသစ်တီထွင်မှုတွေ၊ အတွေ့အကြုံ ကောင်းတွေရရှိမယ့် တယ်လီနော‌‌ဈေးကို သုံးစွဲသူတွေနဲ့ မိတ်ဖက်ပါတနာတွေအတွက် မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar မှ ပြောကြားခဲ့သည်။
မကြာသေးမီက တယ်လီနောမှပြုလုပ်ခဲ့သော အစီရင်ခံစာတစ်ခုအရ ကိုဗစ်-၁၉ ဖြစ်ပေါ်လျက်ရှိသည့်ကာလအတွင်း အွန်လိုင်းမှ ဈေးဝယ်ခြင်း၊ လူမှုကွန်ရက် ပိုမိုသုံးပြုခြင်း၊ အွန်လိုင်းအစည်းအဝေးပြုလုပ်ခြင်းနှင့် ဗီဒီယိုများ တိုက်ရိုက် ကြည့်ရှုခြင်းတို့ တိုးတက်လာသည့်အတွက် ဝယ်ယူသုံးစွဲမှုများ အိမ်မှနေ၍ လုပ်ဆောင်လာသည် ကို တွေ့ရှိရပါသည်။ အစားအသောက်များ၊ စားသောက်ကုန်များ၊ ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ ထုတ်ပိုးကုန်များ နှင့် ၎င်းတို့ကို သယ်ယူပို့ဆောင်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော လုပ်ငန်းများဖြစ်သည်။ World Bank ၏ စစ်တမ်းအရ မြန်မာနိုင်ငံရှိ လုပ်ငန်း ၅ ခုလျင် ၁ ခုသည် လုပ်ငန်းပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်ပလက်ဖောင်း သို့မဟုတ် အွန်လိုင်းကို အသုံးပြု၍ စီးပွားရေးလုပ်ငန်း များလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့အပြင် U Report Myanmar မှ ပြုလုပ်သော စစ်တမ်းတစ်ခုအရလည်း ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းတွင် အွန်လိုင်းမှ စားသောက်ကုန်များ ဝယ်ယူမှုသည် ၇ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု တွေ့ရှိရသည်။
“ကျွန်တော်တို့က ချိတ်ဆက်မှုတွေကနေတစ်ဆင့် လူမှုအသိုင်းအဝိုင်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ဖို့ အတွက်ဖြစ်သလို အခုလို တယ်လီနောဈေးပလက်ဖောင်းကနေ သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ချိတ်ဆက်ပေးပြီး မြန်မာ့ E-commerce ကဏ္ဍကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု မစ္စတာ Kumar က ဖြည့်စွက်ပြောကြားသည်။

Photo Source https://www.telenor.com.mm

တယ်လီနောဈေးကို MyTelenor အက်ပလီကေးရှင်းတွင် အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်၍ အသုံးပြုနိုင် မည်ဖြစ်သည်။ သုံးစွဲသူများသည် တယ်လီနောဈေးကို အသုံးပြုနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော တယ်လီနော ဆင်းကတ်တစ်ခု ရှိရန်လိုအပ်ပြီး MyTelenor အက်ပလီကေးရှင်း၏ နောက်ဆုံးဗားရှင်း (၃.၁၈) ကို App Store သို့မဟုတ် Google Play မှတစ်ဆင့် မြှင့်တင်ထားရန် လိုအပ်သည်။
တယ်လီနောသုံးစွဲသူ မည်သူမဆို တယ်လီနောဈေးကို အခမဲ့ ဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်ပြီး စီးပွားရေး မိတ်ဖက်များ၏ ဒစ်ဂျစ်တယ်ဈေးတွင် ရှာဖွေမှုများလုပ်ဆောင်သည့်အချိန်တွင် ဒေတာအသုံးပြုခကျသင့်မည် ဖြစ်သည်။ ငွေ‌ပေးချေမှုများ အတွက် အိမ်အရောက် ငွေပေးချေခြင်း သို့မဟုတ် မိတ်ဖက်ပါတနာများမှ သတ်မှတ်ထားသော ဒစ်ဂျစ်တယ်ငွေပေးချေ မှုများဖြင့် ပေးချေနိုင်မည်ဖြစ်သည်။
MyTelenor အက်ပလီကေးရှင်းကို တယ်လီနောအသုံးပြုသူများအတွက် သင့်‌‌လျော်ပြီး၊ အသုံးဝင် ဆွဲဆောင်မှု ရှိသော အကြောင်းအရာများ၊ ဝန်ဆောင်မှုများကို (ဥပမာ ဂိမ်းကစားခြင်းမှသည် e-learning၊ ကျန်းမာကြံ့ခိုင်ရေး အစရှိသည့်) တစ်နေရာတည်းတွင် ပံ့ပိုးပေးနိုင်သည့် ပလက်ဖောင်းအဖြစ် လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်။ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံသားများ လုံခြုံရေး၊ စဉ်ဆက်မပြတ် ဆက်လက်ဆက်သွယ်နေနိုင်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေးတို့အတွက် စတင်ဝင်ရောက်လာသည့်အချိန်မှ ယနေ့တိုင်လုပ်ဆောင်လျက်ရှိပြီး နောင်တွင်လည်း ဆက်လက်ပံ့ပိုးလုပ်ဆောင်သွားမည်ဖြစ်သည်။
တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.telenor.com.mm