အင်တာနက်အသုံးပြုသူတိုင်း သိထားသင့်သည့် မီဂါဘိုက် (MB) နဲ့ မီဂါဘစ် (Mb) ကွာခြားချက်များ

ယနေ့အင်တာနက်ခေတ်မှာ မြန်မာနိုင်ငံက လူကြီးလူငယ်မရွေး နေ့စဉ်အင်တာနက်ကို အနည်းနဲ့အများဆိုသလို အသုံးပြု လာနေကြပါပြီ။ Facebook ၊ အင်တာနက်သုံးရင်း Package တွေဝယ်ရာမှာ တွေ့နေရတဲ့ မီဂါဘိုက် MB နဲ့ မီဂါဘစ် Mb ကြားမှာရှိတဲ့ ကွာခြားချက်လေးတွေကို မသိရှိသေးတဲ့ သူတွေအတွက် ဗဟုသုတရစေဖို့ ရည်ရွယ်ဖော်ပြလိုက်ခြင်းဖြစ်ပါ တယ်။

Photo Source By Myanmar Tech Press

MB ဆိုတာ မီဂါဘိုက် (Megabyte) ဖြစ်ပြီး M ရော B ရော စာလုံးအကြီးနဲ့ ရေးပါတယ်။ Mb ဆိုတာ မီဂါဘစ် (Megabits) ဖြစ်ပြီး b ကို အသေးနဲ့ ရေးပါတယ်။ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကတော့ အင်တာနက် အမြန်နှုန်းကို မီဂါဘိုက် (MB) အနေနဲ့ သိကြတာများပါတယ်။
အင်တာနက် အသုံးပြုခြင်းနှင့် အတိုင်းအတာများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1024 bits = 1 Kilo byte (KB)
1024 KB = 1 Mega Byte (MB)
1024 MB = 1 Giga Byte (GB)
မီဂါဘိုက် နှင့် မီဂါဘစ် ဆက်စပ်မှုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1 byte = 8 bits
1 MB = 8 Mb
12.5 MB = 100 Mb
1 GB = 8 Gb တို့ဖြစ်ပါတယ်။
အင်တာနက် 20Mbps နဲ့ လိုင်းသုံးနေတယ်ဆိုရင် 20MBps (မီဂါဘိုက်) ရနေတာ မဟုတ်ဘဲ ၁ စက္ကန့်ကို 2.5MB (မီဂါဘိုက်) အမြန်နှုန်းနဲ့ သုံးနေကြတာလည်းဖြစ်ပါတယ်။

Source- https://greenwaymyanmar.com/