Small Business လုပ်ငန်းတိုင်း သိထားသင့်တဲ့ MMW POS System (MMW POS ၏ Owner ဖြစ်သူ ကိုကျော်ရဲနိုင်နှင့်အင်တာဗျုးဆောင်းပါး)

MMW POS ဆိုတာ ကုန်စုံဆိုင်ငယ်လေးတွေနဲ့ ကိုယ်ပိုင်စီးပွားရေးအတွက် ဆိုင်ငယ်လေးတွေ ဖွင့်ထားသူတွေအတွက် အရမ်းကို အရေးပါတဲ့ POS Software System တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိရောင်းချလိုက်လိုက်တဲ့ ပစ္စည်းတွေရဲ့ ဘောင်ချာတွေကို အလွယ်တကူထုတ်ယူနိုင်တယ်။ ဝယ်ယူသူတွေ စိတ်ကျေနပ်မှု ပိုမို ရရှိစေတာကြောင့် ဖြစ်ပါတယ်။
MMW POS Software System ကို မစတင်တင်ခင် ၂၀၁၇ ခုနှစ်လောက်တုန်းက အီလက်ထရောနစ်ပစ္စည်းတွေကို ရောင်းချ ဖို့စတင်လုပ်ငန်းတည်ထောင်ခဲ့ခြင်းးဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် နှစ်အစပိုင်းလောက်မှသာ POS System ကို စတင်ရောင်းချခဲ့ တာလည်းဖြစ်ပါတယ်။ POS System ကိုစတင်ခဲ့ချိန်တုန်းက POS ဆိုတာကို လူသိနည်းနေသေးတဲ့ အချိန် တစ်ခုလည်းဖြစ်ပါတယ်။

Photo…MMW POS ၏ Owner ဖြစ်သူ ကိုကျော်ရဲနိုင်

“စတင်ချိန်တုန်းက POS System က ဈေးလည်းနည်းနည်းကြီးတယ်။ အနည်းဆုံး Software တင် ၃ သိန်းလောက်က စသုံးရတယ်ပေါ့နော်။ အဲဒါတောင် POS Printer တွေမပါသေးဘူးပေါ့။ အဲဒီတော့ POS Software ကို တစ်သိန်းဝန်း ကျင်လောက်နဲ့ စတင်အသုံးပြုနိုင်ပြီး ကုန်စုံဆိုင်၊ စတိုးဆိုင်ငယ်လေးတွေ သုံးလို့ရအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ စတင်ခဲ့ တာပါ”ဟု MMW POS System ၏ Owner ဖြစ်သူ ကိုကျော်ရဲနိုင်က သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
MMW POS ကို စတင်ခဲ့ချိန်တုန်းက POS System ဆိုတာကို ဈေးနှုန်းသက်သက်သာသာနဲ့ သုံးလို့ရမယ်ဆိုတာ လူတွေ သိပ် မသိကြသေးပါဘူး။ သက်သာတဲ့ဈေးနှုန်းနဲ့ POS System ဆိုတာကို ရနိုင်ပါ့မလားဆိုတဲ့ အတွေးနဲ့ သုံးစွဲသူတွေ စိုးရိမ်စိတ် ဖြစ်ခဲ့ကြပါသေးတယ်။ တကယ်တော့ အဲဒီအချိန်တုန်းကလည်း POS System ဆိုတာ ကွန်ပျုတာတစ်ခုတည်းနဲ့သာ ချိတ်ဆက်သုံးနိုင်မယ်လို့ ထင်မှတ်ကြပြီး ဖုန်းနဲ့ တွဲသုံးလို့ အဆင်မပြေကြဘူးလို့ ထင်နေကြတာကြောင့်ပါ။
“အဲ့အချိန်တုန်းက POS System ဆိုတာကို ပိုက်ဆံ သိန်းဆယ်ချီပေးမှ ရမယ်လို့ ထင်ထားကြတယ်ပေါ့နော်။ အဲဒီအချိန် တုန်းက အသိပညာပေးမှု တော်တော်လေးလုပ်ယူခဲ့ရပါတယ်။ ခုချိန်မှာတော့ မြန်မာပြည်ရဲ့လုပ်ငန်း တစ်ဝက်လောက်က တော်တော်လေးကို သိနေကြပါပြီ။ အခု ကျွန်တော်တို့ဆီမှာ အဓိကရောင်းတာကတော့ Bluetooth Printer တွေဖြစ်ပါတယ်။ ဖုန်းနဲ့ချိတ်ဆက်ပြီးသုံးရတာမျိုးပေါ့။ ကွန်ပျုတာနဲ့ ချိတ်ဆက်သုံးလို့ရတဲ့ ဟာမျိုးတွေလည်းရောင်းပါတယ်။ ရွှေဆိုင်၊ အပေါင် ဆိုင်ကလွဲပြီး အခြား ဈေးရောင်းတဲ့ ဆိုင်တိုင်းသုံးလို့ရတဲ့ POS ပေါ့။ ဓာတ်ဆီဆိုင်တွေနဲ့ အခြားကားဂိတ်တွေမှာ ကုန်ပစ္စည်း အဝင်အထွက် POS တွေအပါအဝင်ဖြစ်ပါတယ်” ဟု ကိုကျော်ရဲနိုင် ကပြောပါတယ်။
လက်ရှိမှာ ဈေးနှုန်းအပြောင်းအလဲတွေရှိတာကြောင့် ပုံသေဈေးနှုန်းသတ်မှတ်ပေးလို့မရလို အနိမ့်ဆုံးဈေး ၁၂၀၀၀၀ ကျပ်ကနေ စတင်ပြီးရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ POS System ကိုစတင်ချိန်တုန်းက ရောင်းချခဲ့တဲ့ဈေးဟာ ၆၀၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တာပါ။ စတင်ချိန်ကစပြီး အခုအချိန်အထိ POS System Software ကို ဝယ်ယူအသုံး ပြုတဲ့ဆိုင်ပေါင်း ၁၅၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။ စက်အရေအတွက် အနေနဲ့ဆိုရင်တော့ အလုံးရေ ၂၀၀၀ လောက်ရှိနေ ပါပြီ။
“နောက်ပိုင်းမှာ ပိုပြီးတော့ သုံးလို့လွယ်အောင်ဆိုပြီး ကိုယ်ပိုင် Software တွေ ထပ်ဆွဲနေတာမျိုးတွေရှိတယ်။ အခြား ဝန်ဆောင်မှုတွေအနေနဲ့ မြို့ကြီးတွေမှာ၊ ဆိုင်တွေမှာ Marketing တွေလုပ်ပေးတယ်။ အသုံးပြုနည်းတွေကို ရှင်းပြပေးတယ်။ သင်ပေးတယ်။ ကျွန်တော်တို့က စက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် အာမခံ သုံးလပေးတယ်။ Software ပိုင်းဆိုင်ရမှာတော့ အားနည်းချက်ကတော့ မရှိသလောက်ပါပဲ။ အသုံးပြုသူက မသုံးတတ်ဘူးဆိုရင်လည်း ကျွန်တော်တို့ကိုယ်တိုင် မြန်မာလို ရှင်းပြပေးတဲ့ video ဖိုင်လေးတွေလုပ်ပေးထားတယ်။ အရမ်းဝေးတဲ့ နယ်မြို့တွေက အသုံးပြုသူတွေအတွက် ဆိုရင်လည်း video ဖိုင်လေးပို့ပေးလိုက်တယ်။ အဲဒါကို ကြည့်ပြီး သူ တို့လိုက်လုပ်နိုင်ပါတယ်” ဟု ကိုကျော်ရဲနိုင်က ရှင်းပြပါတယ်။

Photo Source https://www.facebook.com/mmwposprinter

MMW POS System ရဲ့ Printer တွေကို စတင်ဝယ်ယူမယ်ဆိုရင် စက္ကူလိပ် လက်ဆောင်သုံးအိတ်ပေးသလို ထပ်မံလိုအပ် သူတွေအတွက်လည်း လက်ရှိမှာ တစ်လိပ်ကို ၇၀၀ ကျပ်လောက်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာ Barcode Printer တွေလည်းရောင်းချပေးနေသလို အသုံးပြုသူအကြိုက် စာသားတွေရေးပြီး ထုတ်နိုင်တဲ့ Sticker Printer တွေကို လည်း ရောင်းချပေးလျက်ရှိပါတယ်။ ဆိုင်ကိုလာရောက်ဝယ်ယူတဲ့သူတွေအတွက် POS Software ကို ဖုန်းထဲမှာ တစ်ခါ တည်းထည့်ပေးပြီး အသုံးပြုပုံသင်ကြားပေးသလို နယ်ကမှာယူဝယ်ယူလိုသူတွေအတွက် အသုံးပြုနည်း Video ဖိုင်တွေကို မျှဝေပေးပြီးသင်ကြားပေးပါတယ်။
“ကျွန်တော်တို့ဆီမှာ အဝယ်အများဆုံးကတော့ ကုန်စုံဆိုင်တွေ၊ စတိုးဆိုင်ငယ်လေးတွေအများဆုံးပါပဲ။ ဒုတိယအများဆုံးက တော့ စားသောက်ဆိုင်တွေဖြစ်တဲ့ လက်ဖက်ရည်ဆိုင်အစပေါ့။ အွန်လိုင်းကနေ အစားအသောက်ရောင်းတဲ့ ဆိုင်တွေလည်း ပါဝင်ပါတယ်။ ဖုန်းဆိုင်တွေ၊ ဆိုင်ကယ်/ကားအပိုင်ပစ္စည်းဆိုင်တွေ၊ ကုန်မာဆိုင်တွေ သုံးပါတယ်။ ဆေးဆိုင် တွေလည်းသုံးပါတယ်။ ဖြည့်စွတ်ပြောလိုတာက မဝယ်ခင်တော့ အသေအချာလေးလေ့လာပါလို့ပြောလိုပါတယ်။ ကိုယ့်လုပ် ငန်းနဲ့သင့်တော်မယ်ဆိုမှ ဝယ်စေချင်ပါတယ်။ တချို့က ကြားဖူးနားဝလေးနဲ့ဝယ်ပြီးတော့မှ အဆင်မပြေတာတွေ ကျွန်တော် တို့ ခဏခဏကြုံရတဲ့ အတွက်ကြောင့်ပါ” ဟု သူက ပြောကြားခဲ့ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/mmwposprinter