MM Sub နဲ့ဖတ်ရှုနိုင်မယ့် Manhwa နဲ့ Manhua Website များ

Manhua လို့တွေ့လိုက်တာနဲ့ ကိုယ်သိထားခဲ့တဲ့ Comic, Manga, Manhwa တွေနဲ့ မတူဘူးလား ဘာကွာလဲ တွေးမိကြမှာ သေချာပါတယ်။ Manga ဆိုတာကတော့ ဂျပန်နိုင်ငံကထုတ်လုပ်ရေးသားသလို Manhwa ကိုတော့ တောင်ကိုရီးယားနိုင်ငံနဲ့ Manhua အမျိုးအစားကိုတော့ တရုတ်၊ ထိုင်ဝမ် ဒါမှမဟုတ် ဟောာင်ကောင်က ရေးသား ထုတ်ဝေပါတယ်။ အကုန်လုံးကို Comic လို့ခေါ်ဆိုနိုင်တဲ့ Graphic Noval အမျိုးအစားတွေဖြစ်ပါတယ်။ My Hero Academic, Demon Slayer, Chainsaw Man ဇာတ်လမ်းတွေဟာ တော်တော်လေးလူသိများတဲ့ Manga Series တွေဖြစ်ပြီး Manhwa ပိုင်းမှာဆိုရင်လည်း Solo Leveling ဟာ ၂၀၂၁ ကာလအထိ အောင်မြင်မှုတော်တော်လေး ရရှိခဲ့ပါတယ်။

Manga, Manhwa နဲ့ Manhua ကို ထုတ်ဝေတဲ့နိုင်ငံရဲ့ ဘာသာစကားနဲ့ဖတ်ရှုနိုင်သလို အများအားဖြင့် အင်္ဂလိပ်ဘာသာစကားနဲ့ ဖတ်နိုင်ပါတယ်။ မြန်မာဘာသာနဲ့ ဖတ်ချင်တဲ့သူတွေအတွက်လည်း Website တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Ace Manga Collection – III

Ace Manga Collection – III မှာတော့ ထွက်ရှိပြီးသားဖြစ်တဲ့ Series တွေအပါအဝင် ထွက်ရှိနေဆဲ Ongoing Series တွေကိုပါ မြန်မာဘာသာစကားနဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ Website UI ကလည်းရှင်းလင်းပြီး စာဖတ်သူတွေ အတွက် ကိုယ်သဘောကျတဲ့ Series ကိုရှာဖွေဖတ်ရှုနိုင်ပါတယ်။ Website မှာအကောင့်ပြုလုပ်ပြီးလည်း ကိုယ်ဖတ်နေဆဲဖြစ်တဲ့ Series တွေကို Bookmark ပြုလုပ်မှတ်သားထားနိုင်ပါတယ်။ Ace Manga Collection – III ရဲ့ Facebook Page နဲ့ Website Ace Scanlation မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

(၂) EM Channel

EM Channel ဆိုတာကတော့ အရင်ကတည်းက မြန်မာဘာသာနဲ့ Manhua, Manhwa တွေတင်ပေးနေတဲ့ Website တစ်ခုဖြစ်ပြီး အခုအချိန်မှာတော့ Version အသစ်တစ်မျိုးနဲ့ စတင်လည်ပတ်တော့မယ်လို့ EM Channel Facebook Page မှာဖော်ပြထားပါတယ်။ အခမဲ့ဖတ်ရှုနိုင်မယ့်အပြင် အခကြေးငွေယူပြီး ဖတ်ရှုရမယ့် Paid အစီအစဉ်တွေ လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Application ကိုလည်းမကြာခင် စတင် တော့မှာပါ။ EM Channel Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Website အသုံးပြုပုံကတော့ အပေါ်မှာဖော်ပြေပေးခဲ့သလိုပါပဲ။

(၃) Eternal Manhua/Manhwa World

Eternal World ကတော့ Website အသုံးပြုပြီးဖတ်ရှုရမယ့် Channel တစ်ခုဖြစ်ပါတယ်။ Website ထဲဝင်လိုက်တာနဲ့ အကောင့်ဖွင့်ထားနိုင်သလို ရှေ့ဆုံးစာမျက်နှာမှာလည်း ဖတ်ရှုနိုင်တဲ့ Category အမျိုးအစားတွေကို အလွယ်တကူရှာဖွေဖတ်ရှုနိုင်ပါတယ်။ အခမဲ့ဖတ်ရှုနိုင်သလို အခကြေးငွေပေးပြီး ဖတ်ရှုရမယ့် Paid Plan လည်းရှိပါသေးတယ်။ Eternal World ရဲ့ Facebook Page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(၄) God Channel

တခြား Channel တွေနဲ့မတူတဲ့အချက်ကတော့ God Channel မှာ စာဖတ်သူတွေအနေနဲ့ Application က တစ်ဆင့်ဝင်ရောက်ဖတ်ရှုရမှာ ဖြစ်ပါတယ်။ Application ကိုတော့ Google Play Store မှာ Download ရယူနိုင်ပါတယ်။ God Channel ရဲ့  Facebook Page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(၅) NOVA Scans

NOVA Scans ကတော့အပေါ်မှာဖော်ပြထားခဲ့သလိုပဲ Website အသုံးပြုပြီး ဖတ်ရှုရမှာဖြစ်ပါတယ်။ Telegram Channel နဲ့ Facebook Page တို့မှာ အသစ်အသစ်တင်ပေးနေတဲ့အပိုင်းတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။