ဇာတ်ကားတွေကို Shuffle ပြုလုပ်ပြီး ပြသပေးနိုင်မယ့် Netflix ရဲ့ Play Something

ကိုယ့်ရဲ့အားလပ်ချိန်လေးမှာ တစ်ချို့ကဇာတ်ကားကြည့်ရင်း အနားယူတတ်ကြပါတယ်။ ဒါပေမယ့် ဘာ ဇာတ်ကားကြည့်ရမလဲ ရွေးချယ်ရတာက အချိန်တော်တော်လေးကုန်စေပါတယ်။ ကိုယ့်အတွက် စိတ်တိုင်း မကျတာမျိုး ကိုယ်တိုင်လည်းမစဉ်းစားတတ်တော့တာမျိုးတွေ ခနခနကြုံတတ်ကြမှာပါ။ Movie Platform တစ်ခုဖြစ်တဲ့ Netflix ကတော့ ဒီလိုအဖြစ်မျိုးတွေအတွက် ဖြေရှင်းချက်လေးတစ်ခု ပေးလိုက်ပြီ ဖြစ်ပါတယ်။

Netflix အနေနဲ့ အသုံးပြုသူတွေအတွက် “Play Something” ဆိုတဲ့ Feature လေးကို TV based version ဖြစ်တဲ့ Netflix App တွေနဲ့ Android အသုံးပြုသူတွေအတွက် ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ iOS တွေအတွက် ကတော့ ရရှိဦးမှာ မဟုတ်သေးပါဘူး။

Photo Source https://about.netflix.com/en

Feature ကတော့ အသုံးပြုသူတွေအတွက် တစ်ခါမှမကြည့်ဖူးသေးတဲ့ ဇာတ်ကားကောင်းတွေကို ကျပန်း ပြသ ပေးမှာ ဖြစ်ပါတယ်။ ကြည့်လို့မဆုံးနိုင်တဲ့ ဗီဒီယိုတွေကို ကိုယ်စိတ်ကြိုက်မတွေ့မချင်း ထိုင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်အမြဲကြည့်နေကျ ရှာဖွေနေကျ ဇာတ်ကားအမျိုးအစားတွေပေါ်လိုက်ပြီး Play Something က အမျိုးအစားတူတဲ့ ဇာတ်ကားတွေ၊ show တွေနဲ့ Series တွေကို ကျပန်းအနေနဲ့ ပြသပေးမှာပါ။

Netflix ရဲ့ Play Something Feature ကိုအသုံးပြုဖို့အတွက် Profile ကနေဝင်ရောက်ကြည့်နိုင်သလို ဘယ်ဘက်အခြမ်းက Navigation Menu ကနေလည်း Home Page ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ အသေးစိတ်အချက်အလက်များအတွက် https://about.netflix.com/en/news/play-something-netflix-does-the-work-for-you မှာဝင်ရောက်ဖတ်ရှုနိုင်သလို Play Something ရဲ့ Product Feature Video Link လေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။