တယ်လီနော မြန်မာ 4G/ LTE ကွန်ရက်မှ တစ်ဆင့် အခမဲ့ရုပ်အသံလိုင်းများကိုကြည့်ရူနိုင်မဲ့ Pyone Play App

မြန်မာနိုင်ငံရဲ့ မိုဘိုင်းကွန်ရက်တစ်ခုဖြစ်တဲ့ တယ်လီနော မြန်မာ အနေနဲ့ တည်ထောင်ထားပြီးဖြစ်သော 2100 MHz နှင့် 900 MHz လှိုင်းနှုန်းစဉ်တွေကို အသုံးပြုပြီး 4G ၀န်ဆောင်မှုများကို မြို့ကြီး ၂၅ မြို့မှာ ပြီးခဲ့တဲ့ ၁နှစ်တာ ကာလ အတွင်းမိတ်ဆက်ပေးထားပြီးဖြစ်ပြီး တယ်လီနောသုံးစွဲသူတွေအနေနဲ့ သာလွန်ကောင်းမွန်တဲ့နှုန်းများနှင့် Download လုပ်ယူနိုင်ခြင်း HD Videos များကို အပြတ်အတောက်မရှိ ကြည့်ရှုနိုင်ခြင်း Games များကို အထစ်ငေါ့ကင်းကင်းကစားနိုင်ခြင်း လူမှုကွန်ရက်များကို အကောင်းမွန်ဆုံးအသုံးပြုနိုင်ခြင်း လူသုံးများတဲ့အချိန်များတွင်လည်း တည်ငြိမ်တဲ့ကွန်ရက်၀န်ဆောင်မှုကို အသုံးပြုနိုင်ခြင်း တို့ပါ၀င်တဲ့ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှု အတွေကြုံကိုရရှိစေဖို့ တယ်လိီအနေနဲ့ 4G/LTE ကွန်ရက်ကိုအသုံးပြု၍ လက်ရှိ တာဝါတိုင်ပေါင်း ၇၅၀၀ ကျော် ရှိပြီး အလျင်မြန်ဆုံးသော အင်တာနက်ဒေတာကွန်ရက်မှတစ်ဆင့် ပြည်နယ််နှင့် တိုင်းဒေသကြီးများအားလုံးရှိ တယ်လီနော မြန်မာ ကွန်ရက်ကိုသုံးစွဲသူအများပြည်သူများကို ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။

Image Source: http://www.pyoneplay.com

တယ်လီနော၏ 4G/LTE ဝန်ဆောင်မှုများကို မြန်မာနိုင်ငံမြောက်ဖြားပိုင်းများကို တိုးချဲ့ပေးအပ်သွားဖြစ်ပြီး တယ်လီနော 4G/LTE ကွန်ရက်ကို “အဝိုင်းမလည်တော့ပါ” တစ်နည်းအားဖြင့် Loading အတွက် အချိန်မစောင့်ရတော့ဘဲ လာမယ့်လများအတွင်း 4G/LTE ဝန်ဆောင်မှုများကို ပိုမိုများပြားလှသည့် မြန်မာနိုင်ငံမြောက်ဖြားပိုင်း တိုင်းဒေသကြီး အတွင်းရှိ မြို့ကြီးများနှင့် မြို့ပြများတွင် တိုးချဲ့ပေးအပ်သွားမှာဖြစ်ပါတယ်။ တယ်လီနော့မြန်မာလီမီတက် သည် ကုမ္ပဏီ၏ စစ်မှန်သော 4G/LTE ဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်များက အောင်မြင်စွာ မိတ်ဆက်ပေးပြီးနောက် ၎င်းဝန်ဆောင်မှုများကို မြန်မာနိုငံ မြောက်ဖြားပိုင်းဖြစ်သော ကချင်ပြည်နယ် ၏မြို့တော်ဖြစ်သောမြစ်ကြီးနားမြို့နှင့်အတူ ဝိုင်းမော်မြို့တွင်ပါ 4G/LTE ဝန်ဆောင်မှုများကို တိုးချဲ့ပေးအပ်လိုက်ပြီးဖြစ်ပါတယ်။ တယ်လီနော သုံးစွဲသူတွေအနေနဲ့ သာလွန်ကောင်းမွန်ဆုံးသုံးစွဲသူ အတွေ့အကြုံတွေရရှိစေဖို့ အခုလို 4G/LTE ဝန်ဆောင်မှုများကို ပေးအပ်နိုင်ခဲ့ပြီး ဝန်ဆောင်မှုတွေကို အခုလိုတိုးချဲ့ပေးအပ်နိုင်တာဟာထူးခြားဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေသုံးစွဲသူတွေဘယ်နေရာမှာနေနေ ၎င်းဝန်ဆောင်မှုကို ရရှိသုံးစွဲနိုင်စေရန်  ဖြည့်ဆည်းပေးနိုင်မှုတစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူတွေအနေနဲ့အခုဆိုရင် သာလွန်ကောင်းမွန်တဲနှုန်းနဲ့ ဒေါင်းလုတ်လုပ်ယူမှု hi-definition video များကို အပြတ်တောက်မရှိကြည့်ရူနိုင်မှု ဂိမ်းတွေကို အထစ်အငေါ့မရှိကစားနိုင်မှု Social Media တွေကို အကောင်းမွန်ဆုံးအသုံးပြုနိုင်မှု လူသုံးများတဲ့ အချိန်တွေမှာလည်းတည်ငြိမ်တဲ့ကွန်ရက်ဝန်ဆောင်မှုကို အသုံးပြုနိုင်မှု စတာတွေပါဝင်တဲ့ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံတွေကိုရရှိခံစားစေနိုင်မှာဖြစ်ပါတယ်။

တယ်လီနော မြန်မာသည် 4G/LTE ၀န်ဆောင်မှုများကို တိုးချဲ့ပေးအပ်သည့်အထိမ်းအမှတ်အဖြစ် တယ်လီနော သုံးစွဲသူများအတွက် 4G ကွန်ရက်ကိုအသုံးပြုကာ Pyone Play တွင် Videos များကို အခမဲ့ကြည့်ရှု နိုင်မည်ဖြစ်ပါတယ်။ Pyone Play ကိုမိမိ တို့ရဲ့ Mobile Phone ၊ Tablet နှင့် PC များပေါ်တွင် ကြည့်ရှုနိုင်ပြီး MRTV-4 နှင့် Channel 7 က မကြည့်ရှုလိုက်ရတဲ့ အစီအစဉ်များကို ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် MRTV-4 ၊ Channel 7 နှင့် မဟာဗောဓိရုပ်သံလိုင်းများကို အချိန်မရွေး နေရာဒေသ မရွေး အင်တာနက်ရှိယုံမျှနဲ့ တိုက်ရိုက်ကြည့် ရှုနိုင်မှာဖြစ်ပါတယ်။ Pyone Play App ကို Android ၊ IOS ၊ PC အားလုံးမှာ Install လုပ်ပြီး ကြည်ရှုနိုင်မှာဖြစ်ပြီး Wifi အင်တာနက် ကွန်ရက်လိုင်းများ နဲ့လည်းအသုံးပြုနိုင်ပြီး တခြားဆက်သွယ်ရေး အော်ပရေတာများအားလုံး ရဲ့ အင်တာနက်လိုင်းများ နဲ့လည်းအဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pyone Play App က အသုံးပြုသူရဲ့ အင်တာနက်လိုင်း အပေါ်မူတည်ပြီး Video Quality ကို ထိန်းညှိပေးတဲ့စနစ်ပါ၀င်တာကြောင့် တခြား Video App တွေနဲ့ နှိုင်းယှဉ်မယ်ဆိုလျှင် ဒေတာသုံးစွဲမှုနည်းပါတဲ့အတွက် သုံးစွဲသူများအနေဖြင့် အကုန်အကျ သက်သာမှာဖြစ်ပါတယ်။ နောက်ပိုင်တွင် Pyone Play App ကိုသုံးပြုပြီး Video ကားတွေကို Download ပြုလုပ်ရယူနိုင်မှာဖြစ်ပါတယ်။ Pyone Play ကို PC နဲ့ အသုံးပြုသူများအနေဖြင့် http://www.pyoneplay.com တွင်ကြည့်ရှုနိုင်ပြီး Android အသုံးပြုသူများအနေဖြင့် https://play.google.com/store/apps/details?id=com.forevergroup.pyoneplay&hl=en တွင် Download လုပ်ယူအသုံးပြုနိုင်ပြီး IOS အသုံးပြုထားသော iUser များအတွက် https://itunes.apple.com/us/app/pyone-play/id1147081810?mt=8 တွင် Download လုပ်ယူကြည့်ရှုနိုင်မှာဖြစ်ပြီး Pyone Play ရဲ့ Facebook Page ကတော့ https://www.facebook.com/pyoneplaymyanmar တို့ဖြစ်ပြီး Pyone Play မှ ရုပ်သံလိုင်းများကိုကြည့်ရှုပြီး ဘ၀အမောတွေ ပြေပျောက်နိုင်ကျပါစေ။