ကလေးငယ်များရဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်တဲ့ Engineering for Kids (Engineering for Kids မှ Computer Science Teacher ကိုအောင်ခန့်ကိုနှင့်အင်တာဗျုးဆောင်းပါး)

Engineering For Kids ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေကို computer science ပိုင်းဆိုင်ရာတွေကို စနစ်တကျသင်ကြားပေးဖို့ ဖွင့်လှစ်ထားတဲ့နေရာတစ်ခုပါ။ ငယ်ရွယ်တဲ့ကလေးငယ်တွေကို ကွန်ပျုတာဘာသာရပ်ပိုင်းမှာ အခြေခံကစပြီး လေ့ကျင့်သင်ကြားပေးတာကြောင့်မိဘတွေအတွက် ကလေးငယ်တွေရဲ့အနာဂတ်ကိုစိတ်ချစွာ ပုံဖော်နိုင်တဲ့ နေရာတစ်ခုလို့လည်းဆိုနိုင်ပါတယ်။
လက်ရှိမှာ မြန်မာပြည်တွင်းကလူကြီးမိဘတွေအနေနဲ့ကလေးငယ်တွေကို Computer Science ကိုသင်ပေးဖို့အတွက် အရမ်းစောလွန်းသေးတယ်လို့ ထင်နေကြပါတယ်။ ငယ်စဉ်ကတည်းကအခြေခံကိုသေချာစွာသင်ကြားလာခဲ့ရင် အသက်ကြီး လာတဲ့အချိန်မှာ အခြေခံကောင်းတွေပိုမိုရရှိစေမှာလည်းဖြစ်ပါတယ်။
Engineering for Kids Myanmar ကို ၂၀၁၆ ခုနှစ်မှာ စတင်ပြီးတည်ထောင်ခဲ့စဉ်က STEM Education ဆိုတာကို အရမ်းစိမ်းနေခဲ့ပါသေးတယ်။ Science, Technology, Engineering and Mathematics ကိုအတိုချုံးခေါ်တဲ့ ပညာရေး စနစ်ဆိုတာက နိုင်ငံတကာက ကျောင်းတွေမှာ မဖြစ်မနေကိုထည့်သွင်းနေကြပေမယ့် ဒီနိုင်ငံမှာတော့မရှိသေးတာရယ်၊ စာတွေကို အလွတ်ကျက်မှတ်ပြီး လက်တွေ့မပါတဲ့အခါ ပြန်လည်အသုံးချနိုင်စွမ်းမရှိတာတွေကို မြင်တွေ့ရတာတွေကြောင့် ဒီနိုင်ငံရဲ့ ပညာရေးကိုအဆင့်တစ်ခုအထိမြှင့်တင်ပေးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူစတင်ဖြစ်ခဲ့တာဖြစ်ပါတယ်။
Engineering For Kids Myanmar ရဲ့တည်ထောင်သူဖြစ်တဲ့ ကိုအောင်နိုင်ဦးကိုယ်တိုင် အင်္ဂလန်နိုင်ငံကနေပြီး Engineer ဘွဲ့ယူခဲ့စဉ်က အတွေ့အကြုံတွေနဲ့အတူ လက်တွေ့လေ့လာမယ့်ပညာရေးစနစ်ကို မိခင်နိုင်ငံမှာ ပြန်လည်ဖြည့်သွင်း စေချင်တဲ့ စိတ်အရင်းခံနဲ့စတင်ခဲ့တာပါ။ စတင်တည်ထောင်ခဲ့စဉ်ကတည်းက Engineering For Kids အနေနဲ့ မိတ်ဖက် ပညာရေးအဖွဲ့အစည်းများစွာနဲ့အတူ မြန်မာနိုင်ငံတဝှမ်းကကလေးငယ်ပေါင်းများစွာကို STEM ပညာရေးနဲ့မိတ်ဆက်ပေး နိုင်ခဲ့ပါတယ်။

Photo Source…Engineering for Kids မှ Computer Science Teacher ကိုအောင်ခန့်ကို

“နိုင်ငံတကာမှာကျတော့ အသက် ၄ နှစ်လောက်ကတည်းကစပြီး သင်နေရပြီပေါ့။ ဒီတော့ကျွန်တော်တို့အနေနဲ့ computer science basic ကို ငယ်ငယ်လေးကတည်းကမသင်ဘဲ ကြီးမှသင်ရင်တော်တော်လေးကွာခြားသွားမှာပါ။ ငယ်ငယ်လေး ကတည်းက သင်ခဲ့ရတဲ့နိုင်ငံခြားက ကလေးငယ်တွေက ကြီးလာတဲ့အခါမှာ တော်တော်ကျွမ်းကျင်သွားကြပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ယှဉ်ရင် educational gap ကအရမ်းကြီးတယ်” ဟု Engineering for Kids Myanmar မှ computer science teacher ဖြစ်သူကိုအောင်ခန့်ကိုက ပြောပါတယ်။
လက်ရှိ Engineering for Kids သင်ကြားရေးပိုင်းကိုတော့ After School Program အတိုင်းပြု လုပ်ထားတာလည်းဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကလေးငယ်များအနေနဲ့ ကျောင်းပြင်ပချိန် extra curriculum subject အနေနဲ့အများဆုံး လာရောက်လေ့လာသင်ယူကြတာဖြစ်ပါတယ်။ Engineering for Kids မှာ computer science specialize class, programming, java script, စတဲ့ အတန်းတွေအပြင် game development တွေကိုစိတ်ဝင်စားကြတဲ့ကလေးတွေအတွက် game supremacy ကိုသင်ကြားပေးနေပါတယ်။ ဒါ့အပြင် stand regular class တွေဖြစ်တဲ့ သိပ္ပံ၊ သင်္ချာ၊ နည်းပညာပိုင်းတွေကိုလည်းသင်ကြားပေးပါတယ်။
“နိုင်ငံတကာကကျောင်းသားတွေဆိုရင် ကျောင်းပြင်ပမှာ အကောင်အထည်ဖော်လို့ရတဲ့ project တွေ program တွေရေးမယ်။ ဒီလိုအတန်းတွေတက်မယ်ဆိုရင် သူတို့အတွက် အခွင့်အရေးတွေလမ်းပွင့်သွားစေတယ်ပေါ့နော်။ ပြည်တွင်းက ကလေးတွေကျတော့ Standard education ကိုစိတ်ဝင်စားတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ Language barrier တစ်ခုဖြစ်ဖြစ် ဒါမှမဟုတ် အခြေအနေတစ်ခုခုကြောင့် တခြားသော online education တွေမှာလိုက်မလုပ်နိုင်ဘူးပေါ့။ Educational Gap ကိုဖြည့်ဆည်းပေးချင်တဲ့အတွက် engineering for kids ကိုထောင်ဖြစ်သွားတာပါ။ STEM( Science, Technology, Engineering and Mathematics) Education ကိုမြန်မာနိုင်ငံမှာမိတ်ဆက်ပေးချင်ပါတယ်”ဟု သူက ဆက်လက် ရှင်းပြပါတယ်။
Engineering for Kids အနေနဲ့ နောက်ပိုင်းမှာ ၁၀ လကြာသင်တန်းကိုထပ်မံဖွင့်လှစ်သွားမှာဖြစ်ပြီး ကွန်ပြူတာကို စိတ်ဝင်စားသူများ၊ ဘယ်ကစလေ့လာရမလဲမသိတဲ့သူများ၊ mentor လိုအပ်နေတဲ့သူတွေအတွက် java, java script, c++, script programming တွေအကုန်ပါဝင်တဲ့သင်တန်းတွေကိုထပ်မံဖွင့်လှစ်သွားအုံးမှာပါ။
“after school program မှာကျောင်းသားအနေနဲ့ နိုင်ငံတကာသင်ရိုးအပြည့်အစုံသင်ရမယ်။ ဒါ့အပြင် ထည့်ဖြည့်တဲ့ သင်ရိုး တွေကို သင်ရမယ်။ ဆရာတစ်ယောက်ချင်းစီရဲ့သင်ကြားမှုပုံစံအတွက် သင်ရိုးကိုဘယ်လိုသင်ကြားရမယ်။ ဘယ်လို feedback ဆိုတာမျိုးကတော့ organization ထဲမှာအမြဲရှိပါတယ်။ Meeting တိုင်းမှာလည်းသင်ကြားမှုပုံစံအတွက် အမြဲအလေးထားပြီး လုပ်ဖြစ်ပါတယ်။ subject တွေမှာပြင်ပလောကမှာ အဓိကအသုံးချလို့ရမယ့် လက်တွေ့ လုပ်ဆောင်မှုတွေကို အဓိကထားပြီးသင်ကြားဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ face-to-face သင်ကြားပေးတဲ့ program မျိုးလည်းရှိပါတယ်”ဟု သူကဆက်လက်ရှင်းပြပါတယ်။

Photo Source https://www.facebook.com/EngineeringForKidsMyanmar

လက်ရှိ Engineering for Kids ရဲ့ course တွေထဲမှာ robotic အတန်းတွေလဲပါရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် LEGO အရုပ်တွေနဲ့ ဘယ်လိုအသုံးချကြမလဲ။ ဘယ်လို creativity ဖြစ်အောင်ထည့်သွင်းသင်မလဲဆိုတာလေးကို ပြင်ဆင်လျက်ရှိ နေပြီဖြစ်ပါတယ်။ EV3, WEDO 2.0 ဆိုတဲ့ပညာရေးဆိုင်ရာ စက်ရုပ်သင်ခန်းစာတွေသင်ကြားတဲ့ အတန်းတွေလည်းရှိသလို မြန်မာနိုင်ငံကပညာရေးစနစ်နဲ့ ကိုက်ညီတဲ့အခြားဖြည့်စွက်သင်ခန်းစာတွေကို ထည့်သွင်းပေးသွားဖို့စီစဉ်လျက်ရှိပါတယ်။ သင်တန်းတိုင်း ကိုတော့ mobile payment အားလုံးနဲ့ပေးချေနိုင်မှာလည်းဖြစ်ပါတယ်။
နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေဖြစ်တဲ့ကမ္ဘာ့စက်ရုပ်အားကစားပြိုင်ပွဲ (World Robot Olympiad) ပြိုင်ပွဲများအထိ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကလေးငယ်များကို လေ့ကျင့်ပျိူးထောင်ခဲ့တဲ့အပြင် အခြားပြည်တွင်း၊ပြည်ပ Coding, Robotic နဲ့ Hackathon ပြိုင်ပွဲများစွာအတွက်လည်း လေ့ကျင့်ပေးလျှက်ရှိပါတယ်။
ပြည်တွင်းမှာလည်း အစိုးရဆရာ/ဆရာမများကို CSR programs များအနေနဲ့ STEM Training များစွာပေးခဲ့ဖူးတဲ့ အတွေ့အကြုံရှိတဲ့အပြင် လူမှုအကျိုးပြုအစီအစဉ်များကိုမိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီးဆက်လက်စီစဉ်သွားဖို့ ကြိုး ပမ်းလျှက်ရှိနေပါတယ်။
“Engineering for Kids ကိုCognia Organization အပြင်နိုင်ငံတကာသင်္ချာဆရာများအသင်း ( NCTM), အပြည်ပြည် ဆိုင်ရာ အင်ဂျင်နီယာပညာအဖွဲ့ (ITEEA) အစရှိတဲ့အဖွဲ့အစည်းတွေကအသိအမှတ်ပြုထားတာပေါ့နော်။ Engineering for Kids အနေနဲ့ တစ်ကမ္ဘာလုံးမှာနိုင်ငံ ၃၀ ကျော်မှာသင်ကြားမှု Center ပေါင်း ၁၅၀ ကျော်ဖွင့်လှစ်ထားပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ USA တခြားနိုင်ငံတွေမှာရှိပြီး အားလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပါတယ်။ ကျောင်းသားကဒီကcertificate ကိုရပေမယ့်တကမ္ဘာလုံးက certificate ကိုရလိုက်တာနဲ့တူတူပါပဲ။ local မဟုတ်ဘဲ နိုင်ငံတကာ အသိအမှတ်ပြု certificate တစ်ခုဖြစ်ပါတယ်”ဟုသူကပြောပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှု့နိုင် ပါတယ်။

https://www.facebook.com/EngineeringForKidsMyanmar