Infinity VR Myanmar မှ Mobile App ရေးဆွဲနည်းသင်တန်း အွန်လိုင်းမှဖွင့်လှစ်

Infinity VR Myanmar မှ Mobile App ရေးဆွဲနည်းသင်တန်း အွန်လိုင်းမှဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ Course က EachScape ၊ Mobile Development Platform ကို အသုံးပြုပြီး Mobile App များရေးဆွဲနည်းကို လေ့လာသင် ယူနိုင်မည့် Course တစ်ခုဖြစ်ပါတယ်။
EachScape | Mobile Development Platform ဖြင့် ကိုယ့် စိတ်တိုင်းကျ Mobile App များကို ဖန်တီးရေးဆွဲနိုင်ပါတယ်။ Android အတွက်သာမဟုတ်ဘဲ iOS နှင့် Web app များပါ ဖန်တီးနိုင်ပါတယ်။EachScape ဖြင့် app များ ဖန်တီးရာမှာ ထူးခြားချက်ကတော့ Software ဒေါင်းစရာမလိုဘဲ Web ကနေ Drag and Drop စနစ်ဖြင့် လွယ်ကူစွာ ဖန်တီးတည် ဆောက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

Photo Source https://tripvar.com/

အဆိုပါ Course မှာ EachScape Platform ကို အသုံးပြုပြီး Movie Streaming App တွေ၊ News App တွေ , Membership App တွေ. မြေပုံ App တွေ, Ecommerce App များကို စိတ်ကြိုက်ဖန်တီးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီ Course ကို တက်ရောက်ပြီးပါက မည်သည့် Programing Language မှ တက်စရာမလိုဘဲ Mobile App တွေကို ကိုယ်တိုင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။
Online စနစ်ဖြင့် သင်ယူရမှာ ဖြစ်တာကြောင့် လောလောဆယ် Wifi ရှိသူများသာ သင်ကြားဖို့အဆင်ပြေမှာ လည်းဖြစ်ပါတယ်။ သင်တန်းကြေးက ၁၅၀၀၀ သွင်းရမှာဖြစ်ပါတယ်။ Mobile App ရေးဆွဲတာနဲ့ပတ်သက်လို့ စတင်ပြုလုပ်ပုံ အခြေခံအဆင့်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
လုပ်ငန်းအတွက် အပ်ပလီကေးရှင်းတစ်ခု ရေးဆွဲတော့မယ် ဆုံးဖြတ်လိုက်ရင် iOS အတွက်လား Andriod အတွက်လား ဆိုတာ ပထမဆုံး ဆုံးဖြတ်ရမယ့် အရာဖြစ်ပါတယ်။ နောက်ဆုံး ရည်ရွယ်ချက်က ပလတ်ဖောင်းနှစ်ခုလုံးမှာ ရေးဆွဲချင်တာ ဖြစ်မှာပါ။ သို့သော် တစ်ပြိုင်နက်တည်း နှစ်ခုလုံးရေးဆွဲမယ်ဆိုရင်တော့ ကုန်ကျစရိတ်များပါတယ်။ အဲ့ဒီအစား developer အများစုဟာ ပလတ်ဖောင်းတစ်နေရာရာမှာ အပ်ပလီကေးရှင်း စတင်ရေးဆွဲပြီး အနည်းငယ်အောင်မြင် သွားပြီဆိုမှ ပလတ်ဖောင်းနောက်တစ်ခုမှာ ထပ်မံဖြန့်ဖြူးလေ့ရှိကြပါတယ်။

Photo Source https://tripvar.com/

ဒါဆို အပ်ပလီကေးရှင်းကို andriod လား ios လား ဘယ်မှာ စတင်ရေးဆွဲမလဲဆိုတာ ဘယ်လိုဆုံးဖြတ်ကြမလဲ။ ဘယ်ဟာက ကောင်းတယ်လို့တော့ တစ်သတ်မှတ်တည်းမရှိပါဘူး…ပလတ်ဖောင်းနှစ်ခုလုံးမှာတော့ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်စီ ရှိကြပြီး နောက်ဆုံးရွေးချယ်မှုမှာ အောက်ပါ အချက် ၅ ချက် ပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်ပါတယ်။
(1) Audience
(2) Timeline
(3) Desired features
(4) Budget
(5) Revenue goal စတဲ့အချက်တွေပဲဖြစ်ပါတယ်။
app မှ ငွေရှာချင်တယ်ဆိုရင် ဒါမှမဟုတ် e-commerce app ရေးဆွဲချင်တယ်ဆိုရင် iOS ကို ရွေးချယ်သင့်ပါတယ်။ သို့သော် ကမ္ဘာအန့ှံရောက်သော (ဒါမှမဟုတ်) အာရှနဲ့ လက်တင်အမေရိကမှာ ရှိတဲ့ emerging markets ဈေးကွက်ကို ဦးတည် နေတာ (ဒါမှမဟုတ်) Apple က support မပေးတဲ့ features တွေပါဝင်နေရင် Android သည် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။
တက်ရောက် သင်ယူဖို့ စိတ်ဝင်စားသူ မည်သူမဆို အောက်ပါ Link မှာဝင်ရောက်စာရင်းပေးသွင်းနိုင်ပါတယ်။
သင်တန်းအပ်ရန် – https://m.me/ivrmyanmar