စာပေချစ်သူတွေအတွက် အသုံးဝင်လွန်းတဲ့ MM Bookshelf

စာဖတ်ဝါသူနာပါသူတွေက ကိုယ်ကြိုက်နှစ်သက်တဲ့စာအုပ်တွေကို အိမ်မှာဝယ်သိမ်းထားပြီးမှ ဖတ်တတ်ကြသလို တချို့က လည်း အင်တာနက်ပေါ်က Download ပြုလုပ်ပြီးဖုန်းထဲမှာ သိမ်းဆည်းပြီးဖတ်တတ်ကြပါတယ်။ ဒါပေမဲ့လည်း သိမ်းထားတဲ့ စာအုပ်တွေမှာမပါဝင်ပဲ အခြားသိချင်တဲ့အကြောင်းအရာစာအုပ်တွေ၊ လတ်တလောဖတ်ချင်စိတ်ပေါ်လာတဲ့စာအုပ်တွေက ကိုယ့်မှာမရှိသေးတဲ့အခါ ရှာဝယ်ရတာလည်း အခက်တွေ့စေသလို အင်တာနက်မှာရှာလို့မတွေ့တာမျိုး တွေလည်းရှိတတ် ပြန်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ခုနောက်ပိုင်းမှာပေါ့ အင်တာနက်ပေါ်မှာပဲ ကိုယ်လိုချင်သိချင်တဲ့စာအုပ်စာပေတွေကို အများဆုံးရှာဖွေဖတ်ရှုလာကြသလို ဖုန်း Application တွေကိုအသုံးပြုပြီးလည်း ရှာဖွေဖတ်ရှုလာကြတာတွေလည်းရှိကြပါတယ်။ အဲ့ဒါကလည်း ဖတ်ချင်တဲ့စာအုပ် တွေကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူနဲ့အချိန်တိုတိုအတွင်း ဖတ်လို့ရတဲ့အတွက် လူတိုင်းအတွက်အဆင်ပြေစေတဲ့နည်း လမ်းတစ်ခုဖြစ်လာတာပါ။ စာအုပ်တွေရှာဖွေဖတ်ရှုလို့ရတဲ့ ဖုန်း Application တွေထဲများစွာရှိသလို MM Bookshelf App က လည်း ခုနောက်ပိုင်းမှာ လူသုံးများလာသလို သုံးရတာအဆင်ပြေတယ်ဆိုတဲ့ Comment တွေလည်းမြင်တွေ့လာရပါတယ်။

Photo Source- Screenshot by Myanmar Tech Press

MM Bookshelf App ကို မိမိဖုန်းထဲမှာစတင်ဖွင့်လိုက်တာနဲ့ Category အနေဖြင့် နေ့စဉ်သတင်းများ၊ စာအုပ်အမည်နဲ့ရှာရန်၊ Download လုပ်ထားသော စာအုပ်များ၊ နောက်ဆုံးတင်ထားသော စာအုပ်များ၊ ကဗျာပေါင်းချုပ်စာအုပ်များ၊ ကျန်းမာရေး လမ်းညွှန်စာအုပ်များ၊ စီးပွားရေးအတွေးအခေါ်စာအုပ်များ၊ စိုက်ပျိုးရေးဗဟုသုတစာအုပ်များ၊ စုံထောက်ဝတ္တုစာအုပ်များ၊ နည်းပညာမိတ်ဆက်စာအုပ်များ၊ နိုင်ငံခြားဘာသာစကားစာအုပ်များ၊ ဘာသာရေးစာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ မဂ္ဂဇင်း နှင့်စာစဉ်များ၊ ရသစာပေများ၊ ရုပ်ပြကာတွန်း၊ ရှားပါးစာအုပ်များ၊ ရှေးဟောင်းသမိုင်းစာအုပ်များ၊ လုံးချင်းဝတ္တု၊ သဲထိတ်ရင်ဖို စာအုပ်များ၊ သတင်းစာဂျာနယ်များ၊ သိုင်းဝတ္တုများ၊ သီချင်းစာအုပ်များ၊ ဟာသစာအုပ်များ၊ သင်ကြားရေးဆိုင်ရာစာအုပ်များ၊ အခြားစာအုပ်များ စတဲ့ စာအုပ်အမျိုးအစားအစုံအလင်ပါရှိတော့ သုံးစွဲသူအတွက် ရှာချင်တဲ့စာအုပ်အကြောင်းအရာနာမည်ကို ရွေးချယ်ရှာဖွေလို့ရပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ဒါမှမဟုတ် ကလောင်နာမည်နဲ့ရှာမယ်ဆိုရင်လည်း “က”နဲ့စတဲ့ ကလောင်နာမည်ကနေ “ဧ”နဲ့ဆုံးတဲ့ကလောင်နာမည်ရှင်က အဆုံးလွယ်လင့်တကူရှာဖွေနိုင်အောင်လည်းပြုလုပ်ထားပါတယ်။ ကြိုက်နှစ်သက်တဲ့စာအုပ်တွေ့ရင်လည်း Download ပြု လုပ်သိမ်းထားနိုင်ပြီး ဖတ်ချင်တဲ့အချိန်ကျမှ ပြန်လည်ဖွင့်ဖတ်လို့လည်း ရပါသေးတယ်။ သိမ်းထားတဲ့ စာအုပ်ကို မိမိသူငယ် ချင်းမိတ်ဆွေတွေကို ပြန်လည်မျှဝေချင်တယ်ဆိုရင်လည်း မျှဝေလို့ရပြီး သိမ်းထားတဲ့စာအုပ်တွေများလာလို့ ဖျက်ပစ်လိုက်လို့ လည်းရပါသေးတယ်။

Photo Source- Screenshot by Myanmar Tech Press

MM Bookshelf App ကဖုန်းထဲမှာထည့်ထားပြီး ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို အလွယ်တကူဖတ်လို့ရတဲ့အတွက် စာပေချစ်သူ တွေအကြိုက်တွေ့စေတာအမှန်ပါပဲ။ အပြင်မှာရှာရခက်တဲ့စာအုပ်တွေ ခု App ထဲမှာ အလွယ်တကူမြင်တွေ့နေရတော့အချိန် မရွေးသိမ်းထားပြီးဖတ်လို့ရတာကလည်း အားသာချက်တစ်ခုပါပဲ။ နောက်ထပ်တစ်ခုအားသာချက်က နေ့စဉ်သတင်းစာ၊ ဂျာ နယ်တွေရှာဝယ်ရတဲ့ ဒုက္ခကင်းဝေးစေပြီး ကိုယ်ဖတ်ချင်တဲ့နေ့စဉ် သတင်းစာကို အလွယ်တကူ Download လုပ်ပြီး ဖတ်ခွင့်ရတာကလည်း နေ့စဉ်သတင်းစာမျှော်ရတဲ့သူတွေအတွက်စိတ်ချမ်းသာမှုရစေပါတယ်။
အောက်ပါလင့်မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.naing.screencracker&hl=en