စိုက်ပျိုးရေးနည်းပညာများအတွက် ဆောင်ထားသင့်သည့် Htwet Toe Application

စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာပြည်ရဲ့အဓိကအခန်းကဏ္ဍမှာပါဝင်နေတာကြောင့် စိုက်ပျိုးရေးနည်းပညာနဲ့သက်ဆိုင်တဲ့အ ကြောင်းအရာတွေကို အခြေခံကျကျလေ့လာထားပြီးလက်တွေ့ဆောင်ရွက်နေတဲ့သူတွေလည်းများပါတယ်။ စီးပွားဖြစ်မဟုတ် တောင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြတဲ့သူတွေကလည်း စိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့ နည်းပညာဗဟုသုတတွေကို လေ့လာမှတ် သားရတာထုံးစံပါပဲ။ အဲ့ဒါကြောင့် စိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့အခြေခံကျတဲ့အကြောင်းအရာတွေကနေစပြီး အဆင့်မြင့်နည်းပ ညာတွေအထိ သိရှိနားလည်ထားတာကလည်း မိမိတို့အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

Photo Source- https://bit.ly/2VT57E0

စိုက်ပျိုးရေးဆိုင်ရာနည်းပညာတွေသာမက စိုက်ပျိုးရေးဈေးကွက်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ၊ ဈေးနှုန်းအပြောင်းအ လဲတွေကိုလည်း စိုက်ပျိုးရေးပြုလုပ်သူတိုင်း စဉ်ဆက်မပြတ်လေ့လာနေရမယ့် အကြောင်းအရာတွေထဲမှာလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါမှသာ ကိုယ်စိုက်ပျိုးထားတဲ့ အသီးအနှံတွေရဲ့ အကျိုးအမြတ်ကိုအပြည့်အဝရရှိခံစားနိုင်ကြနိုင်မှာလည်းဖြစ်ပါ တယ်။

Photo Source- Screenshot by Myanmar Tech Press

စိုက်ပျိုးရေးဝါသနာပါတဲ့သူတွေအပြင် တောင်သူဦးကြီးတွေအတွက်လည်း စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်တွေကို ယခင်က ထက်ကောင်းမွန်တဲ့စိုက်ပျိုးနည်းတွေ၊ ပိုးမွှားနိုင်နှင်းနည်းစနစ်တွေကိုသိရှိဖို့အတွက် နည်းပညာအကူအညီတစ်ခုအနေနဲ့ Mobile ဖုန်းတွေထဲမှာထည့်သွင်းကြည့်ရှုလေ့လာနိုင်တဲ့ App တွေများစွာထွက်ပေါ်လာပါတယ်။
လက်ရှိအချိန်မှာစိုက်ပျိုးရေးဆိုင်ရာနည်းပညာတွေနဲ့ပတ်သက်လို့ လူသုံးများနေပြီးအသုံးပြုရလွယ်ကူတဲ့Mobile Application တစ်ခုကတော့ Htwet Toe Mobile Application ပဲဖြစ်ပါတယ်။ Htwet Toe Mobile Application ဟာမြန်မာ့သြဘာကုမ္ပဏီ က ပြုလုပ်ထားတဲ့ Mobile Application တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင်စတင်မိတ် ဆက်ခဲ့ကြောင်းလည်း သိရပါတယ်။

Photo Source- Screenshot by Myanmar Tech Press

မိမိဖုန်းထဲမှာ Htwet Toe App ကို Install ပြုလုပ်ပြီး Facebook၊ ဖုန်းနံပါတ်တို့နဲ့အဆင်ပြေစွာချိတ်ဆက်အသုံးပြုလို့ရစေရန် ပြုလုပ်ပေးထားပါတယ်။ App ရဲ့ပင်မစာမျက်နှာမှာတော့ အသုံးပြုသူအကြောင်းကို ဖြည့်ခြင်းနှင့်၊ အကြောင်းကြားချက်များ၊ အမေးအဖြေကဏ္ဍ၊ စိုက်ပျိုးရေးရာနည်းပညာ၊ ကောက်ပဲသီးနှံဈေးနှုန်း၊ ထွက်တိုးပညာရေး၊ ရာသီဥတု၊ သတင်း၊ ဗီဒီယို စတဲ့ အကြောင်းအရာများကို ရွေးချယ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

စိုက်ပျိုးရေးရာနည်းပညာကဏ္ဍမှာလည်း မြေသြဇာလုပ်နည်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ အာလူး၊ မတ်ပဲ၊ ဂျင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ဒူးရင်း၊ နာနတ်၊ သခွား၊ သရက် စသည်ဖြင့်များပြားလှတဲ့ စိုက်ပျိုရေးနည်းပညာတွေကို ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။ App ထဲမှာ မပါဝင်ပဲ မေးမြန်းချင်သည့်အရာများရှိရင်လည်း မေးမြန်းနိုင်အောင်ပြုလုပ်ထားပေးပါတယ်။

Photo Source- Screenshot by Myanmar Tech Press

အင်တာနက်ဖွင့်အသုံးပြုရတဲ့ App ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့အသုံးပြုလို့ရတဲ့ ပိုပြီးအဆင်ပြေလွယ်ကူစေပါတယ်။ Htwet Toe Facebook Page တွင်ဝင်ရောက်၍လည်း စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး ဆောင်းပါးများဝင်ရောက်ဖတ် ရှုနိုင်ပါတယ်။
အောက်ပါ Link တွင် ဝင်ရောက် Inatall ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.awba.htwettoe