WavePay App မှ ဖုန်းဘေလ်ဖြည့်သွင်းတိုင်း ပြန်အမ်းငွေရရှိသည့်အစီအစဉ်သည် ၂၀၂၁ မတ်လကုန်တွင် ပြီးဆုံးမည်

မည်သည့်ဖုန်းဆက်သွယ်ရေးအော်ပရေတာမှမဆို ဖုန်းဘေလ်ဖြည့်သွင်းတိုင်း ပြန်အမ်းငွေပြန်လည်ရရှိသည့် ပရိုမိုးရှင်းအစီအ စဉ်သည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း Wave Money မှ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ပရိုမိုးရှင်းတွင် မည့်သည့်ဆက်သွယ်ရေးအော်ပရေတာဖုန်းများကိုမဆို ဖုန်းငွေဖြည့်သွင်းတိုင်း ပြန်အမ်းငွေ ၄ ဒဿမ ၅ ရာခိုင်နှုန်း အထိရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်ကာ နိုင်ငံအတွင်း ဆက်သွယ်ရေးကွန်ရက်ယာ ယီပြတ်တောက်မှုများကြောင့် Wave Money ဆိုင်များနှင့် WavePay အက်ပလီကေးရှင်းတို့မှတဆင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးရန် နှောင့်နှေးမှုများကြုံ တွေ့ခဲ့ကြရသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့ များတွင်လည်း ဆက်သွယ်ရေးညွှန်ကြားချက်များအရ ကွန်ရက်ယာယီထိန်းသိမ်းမှုများကြောင့် Wave Money ငွေလွှဲ၊ ငွေ ထုတ်လုပ်ငန်းများနှင့် WavePay Application လုပ်ငန်းလုပ်ဆောင်ချက်များရပ်တန့်ခဲ့ကြရသည်။ Photo Source https://www.wavemoney.com.mm
၂၀၂၁ ခုနှစ်မတ်လ ၂၂ ရက်နေ့ညနေပိုင်းတွင်လည်း နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများကြောင့် Wave Money နှင့် WavePay အသုံးပြုမှုရပ်နားခဲ့ရသည်။ ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့တွင်လည်း ဗဟိုဘဏ်၏ ယာရီညွှန်ကြားချက်အရ မတ်လ ၇ ရက်နေ့မှစတင်၍ WavePay အကောင့်ထဲမှ ငွေထုတ်ယူခွင့်ကို တစ်နေ့လျှင် ကျပ်သုံးသိန်းအထိ ပြောင်းလဲသတ် မှတ်ထားကြောင်း၊ မိမိအကောင့်နှင့်ချိတ်ဆက်ထားသော ရိုးမဘဏ်အကောင့်သို့ ငွေလွှဲခွင့်ကိုလည်း သုံးသိန်းကျပ်အထိ ပြောင်းလဲသတ်မှတ်ထားကြောင်း Wave Money မှ ထုတ်ပြန်ထားသည်။
ငွေလွှဲ၊ ငွေထုတ်ပြုလုပ်နေစဉ်ကာလအတွင်း ရုတ်တရက်ဆက်သွယ်မှုပြတ်တောက်သွားပါကလည်း ငွေသွင်း၊ ငွေထုတ်ပြု လုပ်နေသည့်စာရင်းသည်လည်း နဂိုမှုလအတိုင်းသာရှိနေမည်ဖြစ်ကြောင်း Wave Money မှ ထုတ်ပြန်ထားသည်။ ယခုအခါတွင် မြန်မာနိုင်ငံအနှံ့အပြားရှိ Wifi ရရှိသောနေရာများတွင် Wave Money နှင့် WavePay ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်သည်။
Wave Money အနေဖြင့်လည်း ဝန်ဆောင်မှုအကူအညီများရယူလိုပါက Wave Money customer service သို့ဆက်သွယ် နိုင်ရန်ဖုန်းနံပါတ်များထုတ်ပြန်ထားသည်။ Telenor အသုံးပြုသူများက 900 နှင့် အခြားအော်ပရေတာများက 09790009000 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။ ထို့အပြင် Wave Money နှင့် WavePay အသုံးပြုသူများအနေဖြင့် Wave Money ၏ Facebook နှင့် Messenger အား ဆက်သွယ်ရန်အခက်အခဲရှိပါက ၂၄ နာရီ ဝန်ဆောင်မှုပေးနေသော အထက်တွင် ဖော်ပြပေးထားသော ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်မည်ဖြစ်သည်။
Wave Money ၏ ဝန်ဆောင်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက်များအား  Wave Money ၏ တရားဝင် Website၊ Facebook၊ WavePay Application (သို့) call center တို့မှ တဆင့်အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ Wave Money Official Facebook Page ဖြစ်သော Wave Money နာမည်ဘေးတွင် Blue Mark(အပြာ ရောင်အမှန်ခြစ်) ပါမှသာ Wave Money Facebook Page အစစ်ဖြစ်ကြောင်း အထူးသတိပြုရန်လိုအပ်ကြောင်းလည်း ထုတ် ပြန်ထားသည်။ Photo Source https://www.wavemoney.com.mm
WavePay သုံးစွဲသူများအနေဖြင့်လည်း PIN နံပါတ်၊ OTP နံပါတ်၊ လျှို့ဝှက်နံပါတ်နှင့် အခြားကိုယ်ပိုင်အချက်အလက်များ အား မည်သူ့ကိုမှ မပြောပြပေးရန်ရန်၊ Wave Money  customer service ဝန်ထမ်းများသည်လည်း သုံးစွဲသူတို့၏အချက် အလက်များနှင့်တစ်ဦးတည်းသာသိသင့်သော အချက်အလက်များအား မေးမြန်းခြင်းမရှိပါကြောင်းထုတ်ပြန်ထားသည်။ Wave Money သုံးစွဲသူများကိုလည်း တရားဝင် channel များမှသာ ဆက်သွယ်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။
Wave Money သည် ၂၀၂၀ ခုနှစ် ကိုဗစ် – ၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်းတွင်လည်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၁၂ ထရီလီယံ( အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ) အထိ ငွေလွှဲ၊ ငွေထုတ်မှုများပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ် ဝန်ဆောင်ခအဖြစ်လည်း မြန်မာကျပ်ငွေ ၈၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆၅ မီလီယံ) အထိ ပေးအပ်ခဲ့သည်။ ထိုကာလ အတွင်း Wave Money ငွေလွဲ၊ ငွေထုတ် ဝန်ဆောင်မှုအား လစဉ် ၃.၉ သန်းကျော်ရှိခဲ့ပြီး WavePay အသုံးပြုသူ လစဉ်အသုံး ပြုသူ ၁.၅ သန်းကျော် ရှိခဲ့ကြောင်းသိရသည်။