လေ့လာထားသင့်တဲ့ (မြန်မာစကားပုံ) Proverb Application

မြန်မာလူမျိုးတို့အတွက် ရှေးလူကြီးများရဲ့ဆိုရိုးစကားတွေ၊ စကားပုံတွေက ယနေ့ခေတ်လူငယ်တွေအတွက် များစွာအကျိုးရှိ စေပြီးအသုံးဝင်နေကြဆဲပါပဲ။ မှတ်သားထိုက်တဲ့ မြန်မာစကားပုံတွေကလည်း နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ပျောက် ပျက်သွားခြင်းမရှိသလို စာအုပ်စာပေတွေအဖြစ် ရေးသားထုတ်ဝေထားတာတွေလည်းရှိပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ရသစာပေ၊ အတွေးအမြင်စာပေ စတဲ့စာပေရေးသားတဲ့သူတွေက ကိုယ်ရေးချင်တဲ့အကြောင်းအရာတွေကို ဥပမာအနေနဲ့ ရှေးစကားပုံတွေရေးသားပြီး ထည့်သွင်းဖော်ပြတတ်ကြပါတယ်။ တချို့ကလည်း စကားပြောဆိုရာမှာထည့်သွင်း ပြောဆို တတ်ကြတဲ့အတွက် မြန်မာစကားပုံတွေက များစွာအသုံးဝင်လှပါတယ်။

Photo Source- Screenshot by Myanmar Tech Press

အများအားဖြင့် လူကြီးပိုင်းတွေ ငယ်ရွယ်သူကို ဆုံးမစကားပြောကြားတဲ့အခါမှာ အဓိကထည့်သွင်းပြောဆိုတတ်ကြတဲ့အ တွက် လူငယ်တွေထက်စာရင် လူကြီးတွေက မြန်မာစကားပုံတွေကို ပိုပြီးသိရှိကြတယ်လို့လည်း ဆိုနိုင်ပါတယ်။ လူငယ်ပိုင်း တွေလည်း စာပေစကားပိုင်းတွေမှာ မြန်မာစကားပုံတွေကို ထည့်သွင်းပြောဆိုရတဲ့အခါမျိုးတွေရှိလာတဲ့အခါ Proverb App ကအကျိုးရှိစေပါလိမ့်မယ်။

Photo Source- Screenshot by Myanmar Tech Press

Proverb Applicatinon မှာ လူအသုံးများဆုံး စကားပုံတွေဖြစ်တဲ့ ကြာရှည်ဝါးမည့်သွား အရိုးကြည့်ရှောင်၊ ကိုယ်မွေးတဲ့ မျောက်ကိုယ့်ပြန်ခြောက်၊ ကြာကြာဝါးမှခါးမှန်းသိ၊ ငါးစိမ်းမြင် ငါးကင်ပစ်၊ စစ်မရောက်ခင်မြှားကုန်၊ ဆွမ်းခံရင်းငှက်သင့်၊ ထန်း ရေမူး ကျွဲခိုးပေါ်၊ နွားရှေ့က ထွန်ကြူး စတဲ့ အသုံးများတဲ့စကားပုံတွေများစွာပါရှိသလို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း စ ကားပုံကိုသိပြီး အဓိပ္ပာယ်မသိသေးတဲ့သူတွေအတွက် အသိအမြင်တွေရစေနိုင်တဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။
Proverb Application မှာတော့ မြန်မာလူမျိုးတို့ရဲ့ မှတ်သားထိုက်တဲ့ စကားပုံတွေကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်ဘာသာဖြင့်ဖော်ပြပေးထားပြီး စကားပုံတစ်ခုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း အသုံးပြုသူတွေနားလည်ရလွယ်ကူအောင် ရေးသားထားပါတယ်။ ကိုယ်ရွေးချယ်ပြီးဖတ်ထားတဲ့ စကားပုံများကိုလည်း အသဲပုံသေင်္ကတလေးပေးထားရုံနဲ့မှတ်သားပေး ထားသလို ကြည့်ချင်တဲ့အချိန်မှာ ပြန်လည်ဖွင့်ကြည့်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press

မြန်မာစကားပုံတွေကို မြန်မာအက္ခရာ “က” မှ “ခ” ထိ အက္ခရာအစဉ်လိုက် ရှာဖွေဖတ်ရှုနိုင်အောင် ပြုလုပ်ထားပြီးအင်တာ နက်အသုံးပြုစရာမလိုတဲ့ Mobile Application တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ်ရှာချင်တဲ့ စကားပုံရှေ့ဆုံးစလုံးကို Search မှာ ရိုက်ထည့်ရုံနဲ့ သိချင်တဲ့စကားပုံကိုဖတ်ရှုနိုင်ပါတယ်။
အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.naing.funnyfacecamera