MPT နှင့် Viber အတူပူးပေါင်း၍ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် သုံးစွဲသူများအား အထူးလက်ဆောင်များပေးအပ်

MPT သုံးစွဲသူများအားလုံးအတွက် Viber branded paid stickers များကို အခမဲ့ရယူနိုင်မည့် ‘A Wonderful Christmas & New Year Treat’ အစီအစဉ်ကို MPT မှ Viber နှင့် ထပ်မံပူးပေါင်း ဆောင်ရွက်လိုက်ပြီဖြစ်သည်။ MPT သုံးစွဲသူအားလုံးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ Viber Sticker Market ရှိ သတ်မှတ်ထားသော premium stickers များအား မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန်မလိုဘဲ ဒေါင်းလုတ်ရယူ အသုံးပြုနိုင်မည်ဖြစ်ပြီး Sticker ဒေါင်းလုတ်ဆွဲရာတွင် အသုံးပြုသည့် ဒေတာပမာဏမှာမူ ပုံမှန်အတိုင်း ကျသင့်မည်ဖြစ်သည်။
Viber ဇာတ်ကောင် sticker များဖြစ်သည့် အပြုသဘောဆောင်သော၊ ကာလရှည်ရင်းနှီးကျွမ်းဝင်မှု၊ (Natsumi နှင့် Lana the Sheep) ကာတွန်း ဇာတ်ကောင်လေးများ၊ အားလပ်ရက်အစီအစဉ်များ၊ မိမိစိတ်ဝင်စားမှုအပေါ်အခြေခံသည့် (နေရာနှင့် ရုပ်ရှင်များ) စသည့် paid stickers package ကို MPT သုံးစွဲသူများ အနေနှင့် အခမဲ့သုံးစွဲခွင့် ရရှိမည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

“ဒါဟာ MPT ကို အစဉ်တစိုက်သုံးစွဲသူတွေအတွက် သူတို့ရဲ့စိတ်ခံစားချက်ကိုဖော်ပြနိုင်စေဖို့နဲ့ သူတို့ချစ်ခင်ရတဲ့သူ တွေနဲ့အတူ stickers လေးတွေမျှဝေနိုင်စေမယ့် ကျွန်တော်တို့ရဲ့ ခရစ္စမတ်နဲ့နှစ်သစ် အထူးလက်ဆောင်ပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ကြည်နူးစရာအချိန်လေးမှာ ကျွန်တော်တို့ အနေနဲ့ အချင်းချင်း ရင်းနှီးနွေးထွေးစွာနဲ့ သတင်းစကားတွေ ပေးပို့နိုင်ဖို့ ဖန်တီးပေးချင်ပါတယ်။ Stickers လေး‌တွေနဲ့ဆိုရင် လူတိုင်းက ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုပြီး ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းအောင် အလွယ်တကူဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က MPT သုံးစွဲသူတွေအတွက် အထူးသီးသန့် Viber Sticker Market ကိုဖွင့်ပေးဖို့အတွက် Viber နဲ့ အတူပူးပေါင်းခဲ့တာပါ။ အခုပဲ မိမိကြိုက်နှစ်သက်ရာဇာတ်ကောင်နဲ့ sticker set ကို ဒေါင်းလုတ်ရယူရင်း sticker လေးတွေနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို ရင်းနှီးနွေးထွေးစွာ နဲ့ဖော်ပြလိုက်ပါ”ဟု MPT-KSGM JO စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။
A Wonderful Christmas & New Year Treat အစီအစဉ်ကို MPT သုံးစွဲသူအားလုံး ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ရရှိခံစားနိုင်ပြီဖြစ်သည်။ MPT သည် စုံစုံလင်လင် package ကို စတင်မိတ်ဆက် သည့်အချိန်မှစ၍ Viber နှင့် အတူပူးပေါင်းခဲ့ပြီး အကျိုးရလဒ်အနေဖြင့် စုံစုံလင်လင် Mini Pack နှင့် စုံစုံလင်လင် Maxi Packs သုံးစွဲသူများ ပါ Viber ကို အကန့်အသတ်မရှိ သုံးစွဲနေပြီဖြစ်သည်။
“သုံးစွဲသူတွေအနေနဲ့ လူမှုအသိုင်းအဝိုင်းအတွင်း ဆက်သွယ်ပြောဆိုတဲ့အခါ လုံခြုံစိတ်ချရတဲ့ messaging platform မှာ sticker လေးတွေကို အသုံးပြုပြီး အချင်းချင်းကိုယ့်ခံစားချက်ကို ဖော်ပြပြောဆိုနေကြတာ တွေ့မြင်ရတဲ့အတွက် MPT နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရမှုကို အလွန်စိတ်ကျေနပ်မိပါတယ်။ လာမယ့် အားလပ်ရက်အတွင်းမှာ ဒီအထူးလက်ဆောင်အသုံးပြုပြီး ကျွန်မတို့အားလုံး သုံးစွဲသူတွေရော မိတ်ဖက်အဖွဲ့ အစည်းအားလုံးဟာ ၂၀၂၀ ခုနှစ်ဆိုတဲ့ မှတ်တိုင်ကြီးကို အတူတကွ ဆင်နွဲဖို့အတွက် အချိန်ကောင်းပဲ ဖြစ်ပါတယ်”ဟု Rakuten Viber မှ Chief Growth Officer ဖြစ်သူ Anna Znamenskaya မှပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage

Messaging platforms များတွင် sticker များကို အသုံးပြုပြီး ဆက်သွယ်ပြောကြားခြင်းမှာ အလွန်ရေပန်းစား လျက်ရှိသည်။ Viber သည် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး messaging apps တစ်ခုဖြစ်ပြီး Viber အသုံးပြုသူများမှာ တစ်နေ့တွင် ပျမ်းမျှအားဖြင့် ၁၂ ကြိမ်မျှ apps ကိုဖွင့်ပြီး message အသစ်များကို ကြည့်ရှု လေ့ရှိကြသည်။ Viber Sticker Market တွင် ရေပန်းစားနေသည့် ဘန်းစကားများနှင့် ဟာသရုပ်ပြောင်များ၊ ရာနှင့်ချီပါဝင်သော ပြည်တွင်းဇာတ်ကောင် sticker များကို ပေးအပ်ထားသည်။ အချို့သော Sticker များသည် သက်ဝင်လှုပ်ရှားနေပြီး အချို့တွင် အသံပါရှိသည်။ Premium stickers များကို ဒေါင်းလုတ်ရယူခြင်းဖြင့် အသုံးပြုသူများသည် MPT ၏ Viber Community Group သို့ အလိုအလျောက် စာရင်းသွင်းဝင်ရောက်ပြီးဖြစ်မည်။
Rakuten Viber သည် မည်သူမဆို မည်သည့်နေရာမှဖြစ်စေ လူအများအား ဆက်သွယ်ချိတ်ဆက်ပေးလျှက်ရှိသည်။ Viber ၏ကမ္ဘာအရပ်ရပ်မှ သုံးစွဲသူများအနေနှင့် များပြားလှစွာသော လုပ်ဆောင်ချက်များဖြစ်သည့် တစ်ဦးချင်းချိတ်ဆက် ပြောဆိုခြင်း (one-on-one chats)ဗွီဒီယို ခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls) အဖွဲ့လိုက်မက်ဆေ့ချ်များ ပေးပို့ခြင်း၊ (group messaging) သို့မဟုတ် ၎င်းတို့ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ အနုပညာရှင်များဖြင့် ဆွေးနွေးစကားပြောခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ Viber သည် သုံးစွဲသူအားလုံးအတွက် ၎င်းတို့၏ စိတ်ခံစားချက်များကို မျှဝေနိုင်ရန် စိတ်ချရပြီး လွတ်လပ်သောပတ်ဝန်းကျင်ကို ပေးစွမ်းလျှက်ရှိသည်။ Rakuten Viber သည် e-commerce နှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်သူတစ်ဦးဖြစ်သည့် Rakuten Inc. ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Viber သည် FC Barcelona ၏ တရားဝင် ဆက်သွယ်ရေးမိတ်ဖက်ဖြစ်သည့်အပြင် Golden State Warriors ၏ တရားဝင် အချိန်နှင့် တပြေးညီ စာတိုပေးပို့နိုင်သာ ဖုန်းခေါ်ဆိုနိုင်သော အက်ပလီကေးရှင်း မိတ်ဖက်တစ်ဦးလဲဖြစ်သည်။