Facebook, Mobile Legends, Viber, Instagram, JOOX တို့ကို စိတ်ကြိုက်သုံးနိုင်သည့် “စုံစုံလင်လင် Maxi Pack” ကို MPT မိတ်ဆက်

MPT မှ သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးမည့် “ခံစားခွင့်နဲ့ ဝန်ဆောင်မှုတွေ ပိုမိုစုံလင်တဲ့ စုံစုံလင်လင် Maxi Pack”ကို ထပ်မံမိတ်ဆက်လိုက်ပြီး သုံးစွဲသူများအနေနှင့် Facebook, Mobile Legends, Viber, Instagram, JOOX တို့ကို အချိန်နှင့်ဒေတာ အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်မည့်အပြင် အခြားအင်တာနက် အသုံးပြုမှုများအတွက်(7GB), MPTဖုန်း အချင်းချင်း ခေါ်ဆိုမှုအတွက် အသင့်တော်ဆုံးနှုန်းထားဖြစ်သည့် ၁မိနစ်လျှင် ၅ ကျပ် ဖြင့် ဖုန်းခေါ်ဆိုခွင့် နှင့် ဖုန်းဘေလ် ၁၀၀၀ကျပ် ရရှိမည်ဖြစ်ကာ ရက် ၃၀ အသုံးပြုနိုင်မည်ဖြစ်သည်။
“စုံစုံလင်လင် Maxi Pack” သည် သုံးစွဲသူများအတွက် ကုန်ကျစရိတ် သက်သာစွာဖြင့် ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူး ရရှိနိုင်သည့် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေသည့် အခြေအနေကြောင့် လူအများအပြား အိမ်တွင် နေထိုင်နေရသည့် ကာလတွင် MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ် ဆက်ရှိနေနိုင်မည့်အပြင် အွန်လိုင်းမှအရေးကြီးသတင်းနှင့် အချက်အလက်များ၊ ဖျော်ဖြေရေးများကို သိရှိခံစားနိုင်ရန် စုံစုံလင် Maxi Pack ကို အသုံးပြုနိုင်မည်ဖြစ်သည်။
သုံးစွဲသူများသည် Facebook အက်ပလီကေးရှင်း/ ဝက်ဘ်ဆိုဒ် မှတစ်ဆင့် Facebook (ပြင်ပ link များမပါဝင်ပါ)၊ Facebook Messenger (Voice, Video calls များမပါဝင်) ကို အချိန် နှင့် ဒေတာအကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်ခြင်း၊ Instagram ကိုလည်း အချိန်အကန့်အသတ် မရှိ အပူအပင်ကင်းစွာ သုံးနိုင်ခြင်း၊ Viber (Voice, Video calls များမပါဝင်) မှဆက်သွယ် ပြောဆိုခြင်း၊ အကန့်အသတ်မရှိ Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြား အသုံးပြုမှုများ မပါဝင်ပါ) ဂိမ်းကစားနိုင်ခြင်းနှင့် JOOX တေးဂီတမှ နောက်ဆုံးပေါ် သီချင်းများကိုလည်း နားဆင် နိုင်ပါသည်။
ထို့အပြင် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ သုံးနိုင်သည့် ဖုန်းဘေလ် ၁,၀၀၀ ကျပ်ကို ရရှိခံစားနိုင်ပြီး MPT အချင်းချင်း သက်သာသောနှုန်းထားဖြင့် ဖုန်းခေါ်ဆိုခွင့်များဖြင့် မိမိ၏ ချစ်ခင်သူများနှင့် အဆက်အသွယ် ပြုလုပ်နိုင်မည်ဖြစ်သည်။ Facebook မှတစ်ဆင့် ပြင်ပလင့်ခ်များသို့ဝင်ရောက်ခြင်း၊ Voice/Video Calls များခေါ်ဆိုခြင်း နှင့် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် Mobile Legends ဂိမ်းကစားခြင်း အတွက်မဟုတ်သည့် အခြားအသုံးပြုမှုများ အတွက် ဝယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ Maxi Pack တွင်ပါဝင်သော အပိုဆုလက်ဆောင် 7GB ဒေတာကို အခြား အင်တာနက်အသုံးပြုမှုအားလုံးအတွက် (YouTube, Browser, Facebook, Gaming အစရှိသည်) အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid စနစ် အသုံးပြုနေသူများသည် “ခံစားခွင့်နဲ့ ဝန်ဆောင်မှုတွေ ပိုမိုစုံလင်တဲ့ စုံစုံလင်လင် Maxi” Pack ကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ ပရိုမိုးရှင်းကာလမှာ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သုံးစွဲလိုသူများအနေနှင့် MPT4U သို့မဟုတ် *9498# သို့မဟုတ် ၁၀၆ သို့ ခေါ်ဆိုဝယ်ယူနိုင်မည်ဖြစ်သည်။
“ခုထပ်မံမိတ်ဆက်လိုက်တဲ့ “စုံစုံလင်လင် Maxi Pack” မှာ သုံးစွဲသူတိုင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီစေမယ့် ခံစားခွင့်တွေ အများကြီးပါဝင်တာမို့ ဒေတာနည်းနည်းသုံးသူရော များများသုံးသူပါ စိတ်ကျေနပ်စေမှာပါ။ ကိုဗစ်-၁၉ကြောင့် လူချင်းတွေ့ဖို့မဖြစ်နိုင်တဲ့ အခိုက်အတန့်မှာ စုံစုံလင်လင် Maxi Pack ကိုသုံးပြီး မိသားစုတွေ နဲ့ စိတ်ကြိုက်ဖုန်းခေါ်ဆိုပြီး ဆက်သွယ်ပြောဆိုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိတ်ရက်မှာ စာဖတ်ချင်သူ၊ ရုပ်ရှင်ကြည့်သူတွေ၊ အွန်လိုင်း YouTube ကနေ ဟင်းချက်နည်း၊ မုန့်ဖုတ်နည်းစသဖြင့် သင်ယူလိုသူတွေအတွက်လည်း Maxi Pack မှာပါဝင်တဲ့ ဒေတာနဲ့ စိတ်ကြိုက် သုံးနိုင်မှာဖြစ်ပါတယ်”ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr.Tetsunori Nagashima က ပြောကြားသည်။
ထို့ပြင် နှစ်သစ်ကူးအခါသမယတွင် ချစ်ခင်သူများအား လက်ဆောင်ပေးလိုသူတွေ အနေနှင့်လည်း အခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *9498# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ် ကိုရိုက်နှိပ် လက်ဆောင်ပေးနိုင်မည်ဖြစ်သည်။