MPT နှင့် Microsoft ပူးပေါင်း၍ B2B လုပ်ငန်းများအတွက် အဆင့်မြင့်ဝန်ဆောင်မှုများ စတင်ပေးအပ်

MPT သည် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများအတွက် အထူးပြုသုံးစွဲနိုင်သည့် Microsoft 365 ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် Microsoft နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဝန်ဆောင်မှုပေးအပ်ခြင်းဖြင့် MPT သည် ၎င်း၏ ကော်ပိုရိတ် သုံးစွဲသူများ အတွက် B2B မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ချိတ်ဆက်မှုများ၊ B2B business mobile plans နှင့် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် cloud-based SaaS ဝန်ဆောင်မှုကို ချိတ်ဆက် ဆောင်ရွက်ပေးလိုက်ခြင်းဖြင့် ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းတွင် ရရှိနိုင်စေရန် ပူးပေါင်းဆောင်ရွက် လိုက်ခြင်းဖြစ် သည်။

Photo Source https://www.facebook.com/mptofficialpage

Microsoft 365 သည် ကမ္ဘာအနှံ့အပြားရှိ စီးပွားရေးလုပ်ငန်းများအတွက် ပြီးပြည့်စုံသော လစဉ်ကြေး နှစ်စဉ်ကြေး ပေးသွင်းခြင်းဖြင့်ရရှိနိုင်သော ဝန်ဆောင်မှု (Subscription-based) ဖြစ်ပြီး လုံခြုံမှု အထူးအားကောင်းသော ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။ MPT ၏ အထူးပံ့ပိုးမှုဖြင့် B2B ဝန်ဆောင်မှုသုံးစွဲသူများသည် Microsoft ထုတ်ကုန်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းသုံး ပက်ကေ့ချ်တွင်သမာရိုးကျ Microsoft 365 applications များဖြစ်သော Word, PowerPoint, Outlook နှင့် Excel တို့သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ အဖွဲ့အစည်း အသီးသီးမှ ယုံကြည်စိတ်ချစွာ အသုံးပြုလျက်ရှိသော လုပ်ငန်းသုံး စီးပွားရေး ပက်ကေ့ချ် (Enterprise Package) နှင့် လုံခြုံမှုရှိသည့် စာတိုပေးပို့ခြင်း ၊ ဗွီဒီယို ကွန်ဖရင့် လုပ်ဆောင်ချက်များဖြင့် ဝန်ထမ်းများအကြား ပေါင်းစည်းဆက်သွယ်မှုများကို ပြုလုပ်နိုင်မည့် Microsoft Exchange နှင့် Teams တို့ ပါဝင်သည်။
MPT သည် Microsoft Enterprise Level ဝန်ဆောင်မှုများကို ဒီဇင်ဘာလ (၂၃)ရက်နေ့မှ စတင်ကာ ကနဦး အကဲဖြတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ နည်းပညာ အထောက်အပံ့များ၊ လုပ်ငန်းစနစ်မြှင့်တင်ခြင်းများနှင့် သင်တန်းများပေးအပ်သွား မည်ဖြစ်သည်။ MPT ဝန်ဆောင်မှု၏ အားသာချက်မှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း B2B သုံးစွဲသူများအတွက် စီးပွားရေးလုပ်ငန်းများတွင် ဝန်ထမ်းများ၏ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းကို တိုးတက်လာစေရန်နှင့် အဝေးမှထိန်းချုပ်ညွှန်ကြားရာ၌ အရေးပါသည့် MPT ၏ fixed အင်တာနက် ဝန်ဆောင်မှု၊ အင်တာနက်ဒေတာ ဝန်ဆောင်မှုများ၊ ကွန်ပျူတာ၊ တက်ဘလက်၊ ဟန်းဆက်များနှင့် ချိတ်ဆက်၍ အခြားအရေးပါသော လုပ်ငန်းသုံး လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ထို့အပြင် MPT သည် B2B ဝန်ဆောင်မှုသုံးစွဲသူများ လိုအပ်ချက်နှင့် ကိုက်ညီမည့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အဆင်ပြေလွယ်ကူစွာ ရရှိနိုင်သည့် One Stop ဝန်ဆောင်မှုဖြင့် အထူးပရိုမိုးရှင်း အစီအစဉ်များကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။
“ကျွန်တော်တို့ MPT အနေနဲ့ Microsoft ထုတ်ကုန်တွေကိုအသုံးပြုပြီး အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအပါအဝင် B2B ဝန်ဆောင်မှု သုံးစွဲသူတွေအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ ကုန်ထုတ်စွမ်းအား၊ သတင်းအချက်အလက်မျှဝေခြင်းနဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေကို တိုးမြှင့်ပေးအပ်နိုင်ဖို့ နည်းလမ်းသစ်တွေ ဖန်တီးနိုင်ခဲ့တဲ့အတွက် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စီးပွားရေးလုပ်ငန်း အများစုအနေနဲ့ အလုပ်တွေကိုတစ်နေရာစီကနေ ဆောင်ရွက်နေကြတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို အဆင်ပြေချောမွေ့စွာနဲ့ အရှိန်အဟုန်မြှင့်တင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့အနေနဲ့ Microsoft 365 Enterprise Level ဝန်ဆောင်မှုတွေ အပါအဝင် Microsoft ရဲ့ ထုတ်ကုန်တွေကို အသက်သာဆုံးနှုန်းထားတွေနဲ့ ဝင်ရောက် သုံးစွဲနိုင်ခွင့်ကို ပေးအပ်သွားမှာပါ။ လုံခြုံစိတ်ချရတဲ့ cloud-based အခြေခံတဲ့ Microsoft Enterprise solutions နဲ့အတူ ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချရတဲ့ B2B တယ်လီကွန်း ဝန်ဆောင်မှုနဲ့ MPT ရဲ့ အထူးပံ့ပိုးထားတဲ့ ဝန်ဆောင်မှုက မြန်မာကုမ္ပဏီတွေအတွက် နည်းပညာအခြေခံအဆောက်အအုံမှာ ကုန်ကျစရိတ်များပြားတဲ့ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုကို လုပ်စရာမလိုဘဲ ယှဉ်ပြိုင်နိုင်တဲ့အားသာချက်တွေကို ဆောင်ရွက်ပေးနိုင်မှာပါ။ ကျွန်တော်တို့ဟာ ကျယ်ပြန့်လာတဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ICT နည်းပညာတွေကို ပံ့ပိုးရင်း ယုံကြည်ရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအဖြစ် အတူတူရပ်တည်သွားဖို့ရည်ရွယ်ပါတယ်” ဟု MPT-KSGM Joint Operations စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားခဲ့သည်။
“MPTအနေနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုမိုပြည့်စုံတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်မယ့်အပြင် မြန်မာပြည်သူတွေအတွက် အခက်အခဲရှိနေတဲ့နေရာတွေ အရေးကြီးလိုအပ်တဲ့နေရာတွေမှာ ဖြေရှင်းနိုင်မယ့်နည်လမ်းသစ် တွေ ဖော်ဆောင်ရာမှာလည်း အကူအညီပေးနိုင်မှာပါ။ အခုကစပြီး MPT အနေနဲ့ Microsoft ထုတ်ကုန်တွေဖြစ်တဲ့ Microsoft 365၊ Azure နဲ့ Dynamic 365 တို့ကို မြန်မာပြည်အနှံ့အပြားက စီးပွားရေးလုပ်ငန်းတွေ နဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် တစ်နေရာတည်းမှာ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ MPT နဲ့ အတူတကွ လက်တွဲဆောင်ရွက်ခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်! မြန်မာပြည်သူပြည်သားတွေ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ နဲ့ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရ တဲ့ ကာလအတွင်း ခံနိုင်ရည်ရှိဖို့အတွက် ကျွန်တော်တို့ အတူတကွ အတတ်နိုင်ဆုံး ကူညီပေးသွားမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ရည်မှန်းချက်က ကမ္ဘာပေါ်ရှိ လူသားတိုင်း၊ အဖွဲ့အစည်းတိုင်းကို အောင်မြင်မှုတွေ ပိုမိုရရှိအောင် ဆောင်ရွက်ပေးဖို့ပဲဖြစ်ပါတယ်”ဟု Microsoft Myanmar ၏ Country Manager ဖြစ်သူ ဦးစိုးသူအောင် ကပြောကြားသည်။
MPT သည် B2B ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို စဉ်ဆက်မပြတ် တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် စီးပွားရေး လုပ်ငန်းများအတွက် ရည်ရွယ်၍ မြန်နှုန်းမြင့်ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုများ အပါအဝင် စီးပွားရေးသုံး fixed lines ဝန်ဆောင်မှုများကိုလည်း ကျယ်ပြန့်စွာ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ Microsoft 365 ဝန်ဆောင်မှု၊ လက်ရှိပရိုမိုးရှင်းများအကြောင်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက MPT သုံးစွဲသူများအတွက် အခမဲ့ဆက်သွယ်နိုင်သည့် B2B Hotline ဖြစ်သော 0800 800 9990 သို့မဟုတ် ၀၉၄၂၆၀၀၀၃၂၃ (အခြားအော်ပရေတာသုံးစွဲသူများအတွက်) (သို့) ၁၀၆ (သို့) 01- 2399106 နှင့် b2b-ms365@mptjo.com.mm သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများ နှင့် လုပ်ငန်းအသီးသီးအတွက် MPT ၏ ဝန်ဆောင်မှု အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ https://www.mpt.com.mm/en/business-home/ သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။