MPT ၏ စုံစုံလင်လင် ပက်ကေ့ချ်တွင် အကန့်အသတ်မရှိ Instagram စိတ်ကြိုက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မိတ်ဆက်

MPT မှ သုံးစွဲသူများအတွက် တစ်နေရာတည်းတွင် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးနိုင်ရန် အချိန်နှင့်ဒေတာအကန့်အသတ်မရှိ Instagram စိတ်ကြိုက်အသုံးပြုခွင့်အား စုံစုံလင်လင် ပက်ကေ့ချ်တွင် နောက်ထပ်ခံစားခွင့်အသစ်အနေဖြင့် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
MPT သုံးစွဲသူများအနေနှင့် ၎င်းတို့နှစ်သက်ရာ ဆိုရှယ်မီဒီယာ app များဖြစ်သည့် Instagram, Facebook, Viber, JOOX နှင့် ဂိမ်းကစားသူ ပရိသတ်တို့ အကြိုက် Mobile Legends Game တို့ကို MPT ၏ အကျယ်ပြန့်ဆုံး ကွန်ရက်တွင် တစ်နေ့လျှင် ၁၆၇ ကျပ်နှင့် ရက်ပေါင်း ၃၀ အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

ယခုထပ်မံထည့်သွင်းလိုက်သော အချိန်နှင့်ဒေတာအကန့်အသတ်မရှိ Instagram စိတ်ကြိုက် အသုံးပြုခွင့်ပါ ပါဝင်သော စုံစုံလင်လင်ပက်ကေ့ချ်သည် ဆိုရှယ်မီဒီယာ Platform ပေါ်တွင် မိမိတို့၏ ဓာတ်ပုံများ၊ ဗွီဒီယိုများနှင့် မိမိတို့၏ အမှတ်တရ ဖြစ်ရပ်များ ကို မျှဝေချင်သူများအတွက် ပြီးပြည့်စုံသော စွယ်စုံရပက်ကေ့ချ် တစ်ခုဖြစ်သည်။ စုံစုံလင်လင်ပက်ကေ့ချ် အသုံးပြုသူများအနေနှင့် Instagram စိတ်ကြိုက်အသုံးပြုခွင့်အပြင် အကန့်အသတ်မရှိ Facebook, Mobile Legends, Viber နှင့် JOOX အသုံးပြုခွင့်အပြင် အခြားအင်တာနက် အသုံးပြုမှုများအတွက် (2GB)၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုမှုအတွက် အသင့်တော်ဆုံးနှုန်းထားဖြစ်သည့် ၁မိနစ်လျှင် ၁၀ကျပ် ဖြင့် ဖုန်းခေါ်ဆိုခွင့် နှင့် ဖုန်းဘေလ် ၁၀၀၀ကျပ် ရရှိမည်ဖြစ်ကာ ရက်ပေါင်း ၃၀ အသုံးပြုနိုင်မည်ဖြစ်သည်။
MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid စနစ် အသုံးပြုနေသူများသည် စုံစုံလင်လင် Pack ကို ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲလိုသူများအနေနှင့် MPT4U (သို့မဟုတ်) *4998# သို့ခေါ်ဆိုဝယ်ယူနိုင်မည်ဖြစ်သည်။
စုံစုံလင်လင် Pack ကိုဝယ်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါ အတိုင်း ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

“မြန်မာပြည်မှာရှိတဲ့ အသက် ၁၈နှစ်နဲ့ ၂၄ နှစ် အင်တာနက် သုံးစွဲသူတွေကြားမှာ Instagram က နာမည်ကြီးလာနေတာ ကျွန်တော်တို့ သတိထားမိပါတယ်။ သူတို့တွေအနေနဲ့ Instagram မှာ သူတို့ မျှဝေချင်တာကို မျှဝေဖို့၊ အဆက်အသွယ်တွေလုပ်ဖို့၊ ထင်ရှားသူ (Celebrities) တွေ နဲ့ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို follow လုပ်ဖို့ Platform တစ်ခုအနေနဲ့ အသုံးပြုကြတာ တွေ့ရပါတယ်။ Instagram ဟာ Facebook နဲ့ ပေါင်းစပ်ထားတာကြောင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်တဲ့ Platform တစ်ခုဖြစ်စေပါတယ်။ ဒါ့ကြောင့် သုံးစွဲသူအားလုံးကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်ဖို့ ရည်ရွယ်ပြီး စုံစုံလင်လင် ပက်ကေ့ချ်မှာ နောက်ထပ်ခံစားခွင့် အသစ်ဖြစ်တဲ့ Instagram ဝန်ဆောင်မှုကို ထပ်မံဖြည့်သွင်းပေးနိုင်ခဲ့တဲ့ အတွက် ဝမ်းသာမိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အသက်အရွယ်မရွေး သုံးစွဲသူတွေဟာ စုံစုံလင်လင် Pack ကို အသုံးပြုပြီး Instagram ပေါ်မှာ သူတို့ရဲ့ ဓာတ်ပုံရိုက်စွမ်းရည်တွေ၊ ဖန်တီးထားတဲ့ ဗွီဒီယိုတွေ ဒါမှဟုတ် Instagram ပေါ်က ကျွမ်းကျင်သူတွေရဲ့ လက်ရာတွေကို လေ့လာနည်းယူနိုင်ပါတယ်။ MPT ကပေးအပ်တဲ့ ဝန်ဆောင်မှုတွေကြောင့် သုံးစွဲသူတွေအနေနဲ့ နေ့စဉ်ဘဝတွေကို ပိုမိုပျော်ရွှင် တက်ကြွစေပြီး နေထိုင်မှုပုံစံသစ်နဲ့နေထိုင်ရမယ့် နေ့ရက်တွေမှာလည်း မိသားစုတွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ် ရှိနိုင်ဖို့မျှော်လင့်ပါတယ်” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr.Tetsunori Nagashima က ပြောကြားသည်။

သုံးစွဲသူများ အနေနှင့် စုံစုံလင်လင်မှ ထပ်မံမိတ်ဆက်ထားသော Packages အမျိုးအစားနှစ်ခု ဖြစ်သည့် စုံစုံလင်လင် Mini Pack နှင့် စုံစုံလင်လင် Maxi Pack နှစ်ခုအနက်မှ မိမိ၏ လူမှုဘဝ၊ မိမိအသုံးပြုလိုသော ဝန်ဆောင်မှုနှင့် ကိုက်ညီသည့် Pack တစ်ခုကို သုံးစွဲနိုင်ပါသည်။ စုံစုံလင်လင် ပက်ကေ့ချ်ကို MPT4U၊ USSD ကုတ် *4998# သို့ခေါ်ဆိုပြီး ရယူသုံးစွဲနိုင်သည်။
ဝန်ဆောင်မှု သတင်းအချက်အလက်များအကြောင်း ပိုမိုသိရှိလိုလျှင် ၁၀၆ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT official Facebook page https://www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT official website https://www.mpt.com.mm သို့လည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။