MPT မှ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ဆုလက်ဆောင်များပါဝင်သည့် ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ်ကို မိတ်ဆက်

MPT သည် နှစ်သစ်ကူးပြောင်းတော့မည့် အချိန်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ MPT ကို အစဉ်တစိုက်သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့်အနေနှင့် ပျော်ရွှင်ကြည်နူးမှုများ ပေးစွမ်းနိုင်ရန် အထူးအစီအစဉ်တစ်ရပ်အဖြစ် “ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ်”ကို မိတ်ဆက်လိုက်ကြောင်းသိရသည်။
MPT သုံးစွဲသူများအားလုံးသည် MPT4U App မှတစ်ဆင့် Top-up ထိပေါက် ကစားခြင်းအားဖြင့် စိတ်လှုပ်ရှား စရာဆုများဖြစ်သည့်ငွေကျပ် (၁၀)သန်း၊ iPhone 12 Pro နှင့်အတူဒေတာ 1,000GB၊ ဒေတာ 100GB အစရှိသည့် အထူးဆုကြီးများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၀)ရက် မှ ဒီဇင်ဘာလ (၂၇) ရက်အတွင်း ရရှိ ကံထူးနိုင်မည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် မည်သည့် Channel မှမဆို ဖုန်းဘေလ် ၁၀၀၀ကျပ် နှင့် အထက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း Chance ၁ ခုရှိပြီး MPT4U ထဲရှိ“Top-up ထိပေါက်” တွင် “Chance” များဖြင့် ဝင်ရောက်ကံစမ်းခြင်းဖြင့် “ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ်” ၏ ကံထူးနိုင်သည့် ဒေတာဆုများ (သို့) အထူးဆုကြီးများအတွက် tickets များကို ရရှိနိုင်မည်ဖြစ်သည်။ ဖုန်းဘေလ်များများ ဖြည့်ပါက ကံထူးနိုင်သည့် Chance များများရရှိပြီး အထူးဆုကြီးများကို ကံစမ်းနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

MPT4U App တွင် “Top-up ထိပေါက်” ဂိမ်းကစားခြင်းဖြင့် ရရှိနိုင်သော ဆုလက်ဆောင်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

“ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားတဲ့ကာလဖြစ်တာကြောင့် ဒီနှစ်မှာကြီးမားတဲ့ စိန်ခေါ်မှုတွေ အများအပြား ကြုံတွေ့ကြရပါတယ်။ ၂၀၂၁ ခုနှစ် နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ ကံထူးပျော်ရွှင် ၂၀၂၁ လို့ ခေါ်တဲ့ နှစ်သစ်အထူး ကံစမ်းမဲအစီအစဉ်နဲ့အတူ MPT ကို အစဉ်တစိုက်သုံးစွဲသူတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပျော်ရွှင်ကြည်နူးမှုများ ပေးစွမ်းနိုင်ဖို့၊ ဆုကြီးများ ရရှိကံထူးနိုင်စေဖို့ ဒီအစီအစဉ်ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ခက်ခဲလှတဲ့ဒီနှစ်အတွင်းမှာ သူတို့ရဲ့ MPT ကို ယုံကြည်စိတ်ချစွာ အသုံးပြုမှုအတွက် ကျေးဇူးတင်အသိအမှတ်ပြုမှုကို ဒီအစီအစဉ်ကနေတစ်ဆင့် ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်။ နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင်၊ ကျန်းမာ၊ ရွှင်လန်းချမ်းမြေ့ပြီး ကောင်းခြင်း အဖြာဖြာပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးချင်ပါတယ်” ဟု MPT-KSGM Joint Operations၏ စီးပွားရေး ဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။
ကံထူးပျော်ရွှင် ၂၀၂၁ အစီအစဉ် နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage တွင် ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူ ဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှု များအား ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီး မားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြု ထားသောLTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင် ထားပါသည်။
၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။
MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းချီနိုင်စေရန် ဆောင်ရွက် လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံအတွင်းရှိ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ် ဗီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။