MPT Club က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပရိုမိုးရှင်းအစီအစဉ်များကျင်းပ

MPT Club က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပရိုမိုးရှင်းအစီအစဉ်နှင့် အမေများနေ့ ပရိုမိုးရှင်းအစီအစဉ်ဟု အမည်ပေးထားသော အထူးပရိုမိုးရှင်း အစီအစဉ်များကို ၂၀၂၂ ခုနှစ် မတ်လ နှင့် မေလတို့တွင် အသီးသီး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ပရိုမိုးရှင်းအစီအစဉ်များမှတစ်ဆင့် MPT Club သည် အဖွဲ့ဝင်များ လဲလှယ်လိုက်သော ပွိုင့်၏ တန်ဖိုး ၅၀ ရာခိုင်နှုန်း နှင့်ညီမျှသည့်ပမာဏ စုစုပေါင်း ကျပ် ၄၇ သိန်းကို MPT Club အဖွဲ့ဝင်များကိုယ်စား မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းများသို့ ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။
MPT Club သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် ကျပ် ၁၅ သိန်းကို ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း (PHF) အဖွဲ့အစည်းသို့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ပံ့ပိုးကူညီခဲ့သည်။
ထို့အပြင် MPT Club သည် အမေများနေ့ ပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် ကျပ် ၃၂ သိန်းကို ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း (PHF) အဖွဲ့အစည်းသို့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်တွင် ပံ့ပိုးကူညီခဲ့သည်။
MPT Club သည် ပရိုမိုးရှင်းအစီအစဉ်များကို လစဉ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၎င်း၏ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာအမျိုးသမီးများကို ပံ့ပိုးကူညီသွားမည် ဖြစ်သည်။ MPT Club ပရိုးမိုးရှင်း အစီအစဉ်များကို ရယူခံစားနိုင်ရန် MPT သုံးစွဲသူများသည် MPT Club သို့ အဖွဲ့ဝင်ရန်လိုအပ်ပြီး MPT Club ၏ အကျိုးကျေးဇူးများ ဖြစ်သည့် MPT နှင့် MPT ၏ မိတ်ဖက်အဖွဲ့အစည်းများမှ လျှော့ဈေးများ (သို့မဟုတ်) အထူးလက်ဆောင်များကို ခံစားနိုင်မည် ဖြစ်သည်။

Photo Source https://www.mpt.com.mm/mm/mpt-club-mm/

MPT Club သို့ အဖွဲ့ဝင်ရန် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
(၁) MPT4U App ကို ဒေါင်းလုတ်ရယူပြီး ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု၊ ဖုန်းဘေလ် မိုဘိုင်းလ် ဆုလက်ဆောင်များအတွက် ပွိုင့်များဖြင့် လဲလှယ်နိုင်ပါသည်။
(၂) *345# ကို ခေါ်ဆို၍ အခမဲ့ စာရင်းသွင်းနိုင်ပါသည်။
(၃) အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ အဖွဲ့ဝင်နိုင်ပါ သည်။
MPT Club သို့ စာရင်းသွင်းပြီးနောက် MPT Club အဖွဲ့ဝင်များသည် ကြိုဆိုလက်ဆောင်အဖြစ် MPT Club ပွိုင့် ၅၀ ရရှိမည်ဖြစ်သည်။ ထို့အပြင် MPT Club အဖွဲ့ဝင်များသည် MPT Club ပွိုင့်များရရှိပါက MPT၏ မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတွင် MPT Club ပွိုင့်များဖြင့် လဲလှယ်နိုင်သည့် အပြင် MPT ၏ Lucky 5 မိတ်ဖက်အဖွဲ့အစည်းများထံမှ လစဉ် ၅ ရက်၊ ၁၅ ရက်၊ ၂၅ ရက်များတွင် လျှော့ဈေးများ သို့မဟုတ် ပရိုမိုးရှင်းအစီအစဉ်များကို ရယူခံစားနိုင်ပါသည်။
MPT Club ၏ မိတ်ဖက် အဖွဲ့အစည်းများကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.mpt.com.mm/mm/mpt-club-mm/