ကားမောင်းနှင်သူတိုင်းအတွက် အဖိုးတန်လွန်းတဲ့ Chat Chin App (Chat Chin Application ကိုစတင်ခဲ့သော One Atkhayar Co.,Ltd မှ Founder ဖြစ်သူ Fynn Hlaing နှင့် Chat Chin ၏ Co-Founder ဖြစ်သူ မနီနီတင်ဝင်း နှင့်အင်တာဗျူးဆောင်းပါး)

မော်တော်ကားဆိုတဲ့ အရာက ဘယ်အချိန်မှာပျက်မယ်။ ဘယ်အချိန်အထိကောင်းနေမလဲဆိုတာ ကားမောင်းတဲ့သူတိုင်း ဘယ် ကြိုသိနိုင်ပါ့မလဲ။ တခါတလေ မောင်းနေရင်းအကောင်းကြီးကနေ ဘာဖြစ်မှန်းမသိ ထိုးရပ်သွားတတ်သေးတာပဲ။ အဲဒါက လည်း ကားမောင်းတဲ့သူတိုင်းကြုံတွေ့နေရတတ်တဲ့ ဒုက္ခ တစ်ခုလို့ဆိုနိုင်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ မြန်မာပြည်မှာတော့ ခုနောက်ပိုင်း ဘယ်အကြောင်းရာမဆို နည်းပညာပိုင်း အကူအညီတွေရယူ အသုံးပြုတတ်လာကြပါပြီ။ အဲလိုနဲ့ ကားမောင်းတဲ့သူတွေကလည်း လမ်းပြမြေပုံ Application တွေအပြင် အခြား မော်တော်ကားနဲ့ ပတ်သက်တဲ့ Application တွေ တစ်ခုမဟုတ်တစ်ခုတော့ ဖုန်းထဲမှာဆောင်ထားပြီး အသုံးပြုတတ်လာကြပါတယ်။ အဲဒီလို သုံးတဲ့ App တွေထဲမှာ Chat Chin Application ကလည်း တစ်ခုအပါအဝင်ပါပဲ။ Chat Chin Application ဟာ ကားမောင်းတဲ့သူတွေအတွက် ဘယ်လောက်အထိအရေးပါသလဲ။ ဘယ်လောက်အထိ အသုံးဝင်စေလဲဆိုတာ သိရှိစေဖို့ Myanmar Tech Press Team အနေနဲ့ Chat Chin Application ကိုစတင်ခဲ့တဲ့ One Atkhayar Co.,Ltd မှ Founder ဖြစ်သူ Fynn Hlaing နှင့် Chat Chin ၏ Co-Founder ဖြစ်သူ မနီနီတင်ဝင်း နှင့်အင်တာဗျူးဆောင်းပါးကို ရေးသားဖော်ပြေပေးချင်ပါတယ်။

Photo .. Chat Chin Application ကိုစတင်ခဲ့တဲ့ One Atkhayar Co.,Ltd မှ Founder ဖြစ်သူ Fynn Hlaing နှင့် Chat Chin ၏ Co-Founder ဖြစ်သူ မနီနီတင်ဝင်း

၂၀၂၂ နှစ်ဦးပိုင်းမှာစတင်ခဲ့တဲ့ Chat Chin Application ဟာ အခုဆိုရင် ကားမောင်းတဲ့သူတွေတော်တော်များများ အသုံးပြု ကြတဲ့ Application တစ်ခုဖြစ်ပါတယ်။ ကားနဲ့ပက်သက်ပြီး အကုန်တစ်နေရာတည်းမှာ ရနိုင်မယ့် App မျိုးဆိုရင် သိပ်ကောင်း မှာပဲဆိုတဲ့ တွေးနေတဲ့အတွက်တော့ ကွက်တိပါပဲ။
App ထဲမှာ ရနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ ကားပျက်မှုများအတွက် အရေးပေါ်အထောက်အပံ့(Roadside Assistance) ချက်ချင်းခေါ်ယူနိုင်ခြင်း၊ နီးစပ်ရာ Car Workshop, Service Center, Car Showroom များကို အလွယ်တကူရှာဖွေနိုင်ခြင်း၊ ကားနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များကို အလွယ်တကူရွေးချယ်နိုင်ခြင်း၊ ကားအသုံးပြုသူအချင်းချင်း၏ အကြံပြုချက် များကို လေ့လာနိုင်ခြင်း၊ နီးစပ်ရာ ဓာတ်ဆီဆိုင်နေရာများကို ဆီကုန်ခံရှာစရာမလိုဘဲ App ထဲတွင် ခဏအတွင်းရှာ ဖွေနိုင်ခြင်း၊ ကား Showroom များကို ကြည့်ရှုသုံးသပ်နိုင်ခြင်း၊ ကားနဲ့သက်ဆိုင်သော ဝန်ဆောင်မှု လုပ်ငန်းများကို အခမဲ့ ကိုယ်တိုင်ထည့်နိုင်ခြင်းစတဲ့အချက်တွေထည့်သွင်းပေးထားပါတယ်။ ကားအသုံးပြုသူတို့အတွက် အလွန်အသုံးဝင်တဲ့ features တွေပါဝင်ပြီး အခမဲ့အကောင့်ဖွင့်နိုင်မှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/ChatChinn

“Chat Chin App ကို၂၀၂၂ ဧပြီလမှာ Soft Launch စတင်ခဲ့ပါတယ်။ Application အသုံးပြုသူ ၂၀၀၀ ကျော်ရှိတဲ့အပြင် လစဉ်အသုံးပြုတဲ့ Active User အရေအတွက်လည်း ၄၀၀ ကျော်ရှိပါတယ်။ ထပ်ထည့်ချင်တဲ့ ဝန်ဆောင်မှုတွေ ရှိသေးတဲ့အတွက် Marketing Campaign တွေတော့ မလုပ်ရသေးပါဘူး။ မကြာခင်မှာတော့ Introduction Launch တစ်ခုလုပ်သွားဖို့ရှိပါတယ်” ဟု Chat Chin ၏ Co-Founder ဖြစ်သူ မနီနီတင်ဝင်း ကပြောပါတယ်။
App ကို Download လုပ်မယ်ဆိုရင်လည်း Android မှာဆိုရင် Google Play Store၊ Apple အတွက် App Store နဲ့ Huawei App Gallery တွေမှာပါ Download လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကားမောင်းတဲ့သူတွေက App ကို Nearby (အသုံးပြုသူတွေအနေနဲ့ App ထဲကတည်နေရာစနစ်ကို အဓိကသုံးကြပါတယ်။) နောက်တစ်ခုက Review & Rating ဖြစ်ပါ တယ်။ ကားမောင်းတဲ့သူတွေအတွက် Chat Chin App ကိုအသုံးပြုတဲ့အခါ အင်တာနက်ဒေတာကုန်ကျမှုနည်းစေသလို VPN ခံစရာလည်းလိုမှာမဟုတ်ပါဘူး။
“အသုံးပြုသူတွေကို Analytic လုပ်ကြည့်တဲ့အခါမှာ ပုံမှန်အသုံးပြုသူတွေနဲ့ ဆိုင်လုပ်ငန်းရှင်တွေဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ အသုံးပြုသူတွေကတော့ Nearby လုပ်ဆောင်မှုကို အများဆုံးအသုံးပြုပြီး သူတို့အတွက်လိုအပ်တဲ့ ဝန်ဆောင်မှုကို ရှာဖွေကြပါတယ်။ အသုံးပြုသူတွေက App ရဲ့ Home Screen မှာလည်း အချိန်အတော်ကြာ အသုံးပြုကြတာကို သတိထားမိတဲ့အတွက် ဓာတ်ဆီဈေးနှုန်းတွေကို နေ့စဉ် Update ပြုလုပ်ပေးပြီး အလိုအလျော်ကထည့်သွင်းပေးထားပါတယ်။ ဆိုင်လုပ်ငန်းရှင်တွေအတွက်ကတော့ သူတို့ရဲ့ လုပ်ငန်းအတွက် review တွေ rating တွေကိုအဓိကထားကြည့်ကြပါတယ်” ဟု သူမက ရှင်းပြပါတယ်။
Chat Chin App ကိုအသုံး အသုံးပြုသူတွေအတွက် အခုလက်ရှိမှာတော့ လိုအပ်တဲ့အချက်အလက်တွေ၊ Review တွေနဲ့ Rating တွေအသုံးပြုပြီး ဆိုင်လုပ်ငန်းတွေနဲ့ အသုံးပြုသူတွေကို ချိတ်ဆက်ပေးတဲ့ Community တစ်ခု တည်ဆောက်ပေး လျက်ရှိပါတယ်။ နောက်ပိုင်းမှာ Chat Chin App ကိုအသုံးပြုပြီး ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့လည်း သူတို့ရဲ့ ဝန်ဆောင်မှုတွေ ပစ္စည်းတွေကို ရောင်းချဝန်ဆောင်မှုပေးနိုင်ဖို့ ပြုလုပ်သွားပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Photo .. Chat Chin ၏ Co-Founder ဖြစ်သူ မနီနီတင်ဝင်

“Chat Chin ဆိုတာကတော့ ကားနဲ့ပက်သက်ပြီး ချစ်မြတ်နိုးတယ် တန်ဖိုးထားကြတယ်ဆိုတဲ့ သူတွေအတွက် တစ်နည်း မဟုတ်တစ်နည်း အထောက်အကူပြုပေးနိုင်မယ့် Community Driven Application တစ်ခုဖြစ်ပါတယ်။ Chat Chin App ကို အခမဲ့အကောာင့်ဖွင့်ပြီး Log in ပြုလုပ်လိုက်တာနဲ့ အချက်အလက်တွေကို ရှာဖွေနိုင်မယ့်အပြင် ကိုယ်တိုင်လည်း ထည့်သွင်းနိုင်ပါသေးတယ်။ Community အခြေစိုက် Application တစ်ခုလည်း ဖြစ်တဲ့အတွက် အသုံးပြုသူတွေကလည်း အသုံးဝင်တဲ့ App တစ်ခုဖြစ်လာဖို့ အဓိကသော့ချက်တစ်ခု ဖြစ်ပါတယ်။ “Sharing is Caring” ဆိုတဲ့အတိုင်း အသုံးပြုသူတွေ ဘက်က ပါဝင်အားဖြည့်မှုများလေလေ App မှာလည်း ပိုပြီးအသုံးဝင်တဲ့ အချက်အလက်တွေကို များများထောက်ပံ့ ပေးနိုင်လေဖြစ်ပါတယ်” ဟု သူမက ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/ChatChinn