MPT မှ Data Carry Plus ပက်ကေ့ချ် ဝယ်ယူသူတိုင်းအတွက် အပိုလက်ဆောင် များရရှိမည့် အစီအစဉ်ကို မိတ်ဆက်

MPT မှ အလန်းစား Friday ပရိုမိုးရှင်း အစီအစဉ်တွင် Data Carry Plus ပက်ကေ့ချ် ဝယ်ယူသူတိုင်းအတွက် အပိုလက်ဆောင် များရရှိမည့် အစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ဇူလိုင်လ ၂၂ ရက်မှစတင်၍ သောကြာနေ့တိုင်းတွင် သုံးစွဲသူများသည် ၉၇၉ ကျပ် နှင့်အထက် Data Carry Plus ပက်ကေ့ချ်များ (Auto-renewal ပက်ကေ့ချ်များ အပါအဝင်) ဝယ်ယူမှုတိုင်းအတွက် Friday အထူးအပိုလက်ဆောင် ၅၅၅ ကျပ် ပြန်အမ်းငွေကို ရယူနိုင်မည် ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းဖြင့် MPT သုံးစွဲသူများသည် စနေ၊ တနင်္ဂနွေ အားလပ်ရက်များအတွင်း မိမိတို့၏ မိသားစုများ၊ မိတ်ဆွေများနှင့် ပိုမိုဆက်သွယ်နိုင်မည်ဖြစ်သည်။

Photo Source https://www.mpt.com.mm

MPT prepaid/postpaid GSM/WCDM သုံးစွဲသူများအနေဖြင့် အပိုထပ်ဆောင်းစာရင်းသွင်းရန်မလိုဘဲ အလန်းစား Friday ပရိုမိုးရှင်းကို ရယူနိုင်ပါသည်။ Friday အပိုလက်ဆောင် ပြန်အမ်းငွေ ကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေး ပို့ခြင်းနှင့် ဒေတာအသုံးပြုမှုများအတွက် သုံးသလောက်ပေးနှုန်းထားဖြင့် (၅) ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။
ဒေတာအသုံးပြုသူများကြားတွင် MPT ၏ ရေပန်းအစားဆုံး ဒေတာပက်ကေ့ခ်ျဖြစ်သည့် Data Carry Plus ပက်ကေ့ချ်များ (Auto-renewal ပက်ကေ့ချ်များ အပါအဝင်) ကို ဝယ်ယူရန်အတွက် သုံးစွဲသူများသည် *777# ကိုခေါ်ဆိုပြီး ကြိုက်နှစ်သက်ရာ ပက်ကေ့ခ်ျကိုရွေးချယ်ပြီး ဒေတာများကို ရက်ပေါင်း ၃၀ အထိ သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် အသုံးမပြုရသေးသည့် ဒေတာများကိုလည်း သက်တမ်းကုန်ဆုံးပြီးနောက် (၇)ရက်အတွင်း နောက်ထပ်ပက်ကေ့ချ်တစ်ခု အသစ်ထပ်မံ ဝယ်ယူလိုက်ပါက အဆိုပါလက်ကျန်များကို ပက်ကေ့ချ် သက်တမ်းအတိုင်း ဆက်လက်သယ်ဆောင် အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အပြင် သုံးစွဲသူများသည် ပက်ကေချ့်ဝယ်ယူခြင်းဖြင့် ထိပေါက် chance ရရှိမည်ဖြစ်ပြီး MPT4U App တွင် ထိပေါက် ဂိမ်းကစားပြီး 200GB အထိ ကံထူးရယူနိုင်ပါသည်။ Data Carry Plus ပက်ကေ့ချ်များ၏ အသေးစိတ်အချက်အလက်များကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

Photo Source https://www.mpt.com.mm

Regular Data Carry Plus ပက်ကေချ့်များကို MPT4U App မှတဆင့်ဖြစ်စေ၊ *777# မှဖြစ်စေ လက်ဆောင်ပေးပို့ နိုင်ပါသည်။ သောကြာနေ့တွင် Data Carry Plus ပက်ကေချ့်များကို လက်ဆောင်ပေးပို့ပါက လက်ခံရရှိသူသည် Data Carry Plus ဒေတာ ပမာဏ နှင့်အတူ Friday အပိုလက်ဆောင် ပြန်အမ်းငွေ ၅၅၅ ကျပ် ကိုပါ ရရှိမည် ဖြစ်သည်။
MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။