Nothing Phone 1 Launch Event Updates

ဇူလိုင်က ၁၂ ရက်နေ့မှာ Nothing Phone 1 ကို တရားဝင်မိတ်ဆက်မယ်လို့ ကြေငြာပေးခဲ့တဲ့အတိုင်း OnePlus ရဲ့ Co-founder တစ်ယောက်ဖြစ်တဲ့ Carl Pei ဟာ သူ့ရဲ့ ကိုယ်ပိုင်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Nothing Technology Limited (NOTHING) ရဲ့ ပထမဆုံး Product ကို ချပြလိုက်ပြီ ဖြစ်ပါတယ်။ Nothing Phone 1 ဟာ စမတ်ဖုန်းဈေးကွက်ထဲ သူမတူနဲ့ ဒီဇိုင်း၊ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ဝင်ရောက်လာတဲ့ စမတ်ဖုန်းတစ်လုံး ဆိုရင်လည်း မမှားပါဘူး။

Return to Instinct လို့အမည်ပေးထားတဲ့ Launch Event ကိုတော့ Nothing ရဲ့ တရားဝင် YouTube Channel ကနေ Live ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ တခြား Launch Event တွေနဲ့မတူတဲ့အချက်ကတော့ Event ဟာ Live အစအဆုံး ၃၇ မိနစ်လောက်ပဲ ကြာမြင်ခဲ့တာပါ။ အချိန်တိုအတွင်း လိုရင်းကိုပဲ တရင်းတနီးနဲ့ မိတ်ဆက်ပေးခဲ့တဲ့ စမတ်ဖုန်းတစ်ခု ဖြစ်ပါတယ်။ 

Photo Source NOTHING

၆.၅၅ လက်မရှိတဲ့  120Hz OLED Display နဲ့ HDR10+ ပါဝင်တဲ့ Nothing Phone 1 ရဲ့ ကင်မရာပိုင်းမှာတော့ 50MP စီပါရှိတဲ့ Main Sensor နဲ့ Ultrawide Sensor Dual Camera ကိုထည့်သွင်းထားပါတယ်။ ဘတ္ထရီပိုင်းမှာလည်း 4,500mAh ထည့်သွင်း ပေးထားတဲ့အပြင် 33W wired charging စနစ်နဲ့ 15W wireless charging စနစ်တွေကို support ပြုလုပ်ထားပါတယ်။ Transparent Background Design နဲ့ Nothing Phone 1 မှာ Snapdragon 778G+ chipset ကိုထည့်သွင်းပေးထားပါတယ်။ မိနစ် ၃၀ အားသွင်းရုံနဲ့ 50%  အားပြည့်မယ့်အပြင် ၁၈ နာရီအထိလည်း အသုံးခံမယ်လို့ ဖော်ပြထားပါသေးတယ်။

Nothing Phone 1 ရဲ့ Transparent Background Design မှာပါဝင်တာတွေကိုတော့ Glyph Interface လို့ခေါ်တဲ့ glyph flash တွေကို ထည့်သွင်းထားပါတယ်။ Back Design မှာ မြင်ရတာတွေကတော့ Nothing Logo, Dual Camera, Wireless Charging Coin တွေနဲ့ LED-light တွေဖြစ်ပါတယ်။ LED တွေရဲ့ လုပ်ဆောင်ချက်တွေကတော့ ဖုန်းလာတာပဲဖြစ်ဖြစ် Notification ဝင်လာတာပဲဖြစ်ဖြစ် Ringtone, Notification sound တွေနဲ့ အတူ LED တွေပါ လင်းလာမှာ ဖြစ်ပါတယ်။ Event video မှာ တွေ့ရသလောက်ကတော့ Glyph Interface စတိုင် (၁၀) မျိုး ပါဝင်ပါတယ်။

Event တစ်ခုလုံးကိုလည်း Nothing Phone 1 ကိုပဲ အသုံးပြုပြီးရိုက်ကူးထားတဲ့အတွက် ကင်မရာပိုင်းကလည်း အတော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။

အဖြူရောင်နဲ့ အနက်ရောင်နှစ်ရောင် ရရှိနိုင်မယ့် အပြင် 8GB/128GB, 8GB/258GB နဲ့ 12GB/256GB သုံးမျိုး ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ $475 USD ကစတင်ပြီး ဝယ်ယူရရှိနိင်မယ်လို့ သိရပါတယ်။ ဝယ်ယူအသုံးပြုလိုသူတွေအနေနဲ့လည်း ဇူလိုင် ၁၆ ရက်နေ့ကစပြီးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူလို့ရနိုင်မယ့် နေရာတွေကိုတော့ Nothing ရဲ့ Blog Post မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။