OPPO ၏ TV series မှ OPPO TV S1 နှင့် OPPO TV R1 တို့၏အရည်အသွေးများအကြောင်း

OPPO သည် ထုတ်ကုန်အသစ်များဖြစ်သည့် OPPO Enco X True Wireless Noise Cancelling Earphone များ၊ OPPO Watch RX1၊ OPPO TV S12 နှင့် OPPO TV R1 series3 တို့ကို မကြာသေးခင်က မိတ်ဆက်ပေးခဲ့သည်။
OPPO သည် Scenarios မျိုးစုံမှ Device မျိုးစုံကိုအသုံးပြုကာ စမတ်ဖုန်းများ၊ TV များ၊ Earphones များနှင့် နာရီများအစရှိသည့် Core-entry level ထုတ်ကုန်များကိုစဉ်ဆက်မပြတ် ဆန်းသစ်တီထွင်ခြင်းဖြင့် Smart ဖြစ်သောအတွေ့ အကြုံကိုဖန်တီးပေးလျက်ရှိသည်။
၆၅ လက်မအရွယ်အစားရှိသော OPPO TV S1 တွင် 4K QLED Resolution ရှိ Quantum Dot Wide Color Gamut မျက်နှာပြင်ပါရှိသည်။ NTSC ၏ 120% Ultra-wide Color Gamut မှ ကြည်လင်ပြတ်သားပေါ်လွင်သော Graphics များကိုနူးညံ့ချောမွေ့ ပြေပြစ်သောအရောင်အကူးအပြောင်းများဖြင့် ရရှိစေရန် လုပ်ဆောင်ပေးသည်။ ထို့ပြင် နောက်ဆုံးပေါ် 120Hz Refresh Rate နှင့် Variable Refresh Rate (VRR) တို့သည် အားကစားနှင့် ဂိမ်းကစားခြင်းဆိုင်ရာ Graphics များကိုချောမွေ့ပြေပြစ်၍ သဘာဝကျစေရန် သေချာလုပ်ဆောင်ပေးထားသည်။

Photo Source https://www.facebook.com/oppomyanmar/

TV များ၏ အသံပိုင်းဆိုင်ရာလုပ်ဆောင်မှုနှင့် ပတ်သက်၍ ရုပ်ရှင်ရုံများကဲ့သို့ စွဲငြိဖွယ်ရာအသံအရည် အသွေးကိုပေး အပ်နိုင်ရန် OPPO သည် Dynaudioနှင့် ထပ်မံပူးပေါင်းလုပ်ဆောင်ခဲ့သည်။ OPPO TV S1 တွင် 5.1.2 Channels နှင့် Dolby Atmos ကိုထောက်ပံ့ပေးနိုင်သည့် စုစုပေါင်း 85W အားအထိရှိသော Stereo Surround Speaker ၁၈ ခုကိုထည့် သွင်းတပ်ဆင်ထားသည်။
OPPO TV R1 ၏ ၅၅ လက်မနှင့် ၆၅ လက်မမော်ဒယ်များတွင် Quad-core Processor နှင့် မြန်နှုန်းမြင့် Wi-Fi 6 တို့ တပ်ဆင်ထားပြီးသုံးစွဲသူများကို “instant-on” လုပ်ဆောင်ချက်ဖြင့် ဆန်းသစ်သောဧည့်ခန်းအတွေ့အကြုံကိုရရှိစေ မည်ဖြစ်သည်။
“ကျွန်တော်တို့ Internet of Experience နည်းဗျူဟာရဲ့ မဟာဗျူဟာဆိုင်ရာရည်မှန်းချက်အသစ်ဖြစ်တဲ့ OPPO Ecosystem အသစ်ကိုထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဆိုလိုတာကတော့ OPPO ရဲ့ အနာဂတ်ထုတ်ကုန်များက ကျွန်တော်တို့ရဲ့ ချိတ်ဆက်မှုရှိတဲ့ Ecosystem အသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လာမှာဖြစ်ပြီးသုံးစွဲသူများအတွက် ပူပန်ကြောင့်ကြမှု မရှိစေဘဲအံ့ဩဖွယ်ကောင်းပြီးစမတ်ဖြစ်စေမယ့် ဘဝကိုဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်” ဟု Liu က ပြောကြားသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစားစုံလင်သည့် F series ၊ A series အစရှိသော smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခုရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝအဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/oppomyanmar/