အကောင်းမွန်ဆုံးဖြစ်သည့် Active Noise Cancellation စနစ်ပါဝင်သော HUAWEI FreeBuds 3i

စတိုင်နဲ့အလိုက်ဖက်ဆုံး ကတော့ချွန်ပုံစံရှိတဲ့ HUAWEI FreeBuds 3i ဟာ ပင်မကိုယ်ထည်နှင့်တိကျသေသပ်စွာ အလှပဆုံး ပုံဖော်ထားတဲ့ နားကြပ်ဖြစ်ပြီး အကောင်းဆုံးသော အသံအတွေ့အကြုံကိုပေးစွမ်းပါတယ်။ ဒါ့အပြင် ပျော့ပြောင်းတဲ့ ဆီလီကွန်နဲ့ သက်တောင့်သက်သာရှိသည့်အပြင် နားနဲ့အံဝင်ခွင်ကျဖြစ်စေရန်ရွေးချယ်နိုင်သည့် အရွယ်အစား (၄) မျိုးပါဝင်ပါ တယ်။ ပိုမိုကောင်းမွန်သော ပုံစံအပြင် အသံနှင့် အသံလုံစနစ်ပါထည့်သွင်းပေးထားပါတယ်။
အကောင်းမွန်ဆုံးဖြစ်သည့် Active Noise Cancellation စနစ်ကတော့ အပြင်ဘက်မှဆူညံသံများကို outward-facing mic မှတဆင့် anti-noise အဖြစ်ပြောင်းလဲစေရန်လုပ်ဆောင်စေပြီး inward-facing mic က သင့်နားအတွင်းတွင်ရှိသာ အသံကိုသာ ဖမ်းယူပေးပါတယ်။ HUAWEI FreeBuds 3i က ပျော်ရွှင်မှုကို သေချာစွာခံစားနိုင်ရန်အတွက် noise-cancelling အတွေ့အကြုံကို ပေးစွမ်းပါတယ်။ အဲ့ဒီအတွက်ကြောင့် ဆူညံသံများမှကင်းဝေးသော သီးသန့်ပျော်ရွှင်မှုကို ရရှိ စေမှာလည်းဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm/

HUAWEI FreeBuds 3i ဟာ ဆူညံသံအဆင့်ကို 32 dB1အထိလျော့ကျစေပြီး အကောင်းဆုံးအခြေအနေ မှာနားဆင်နိုင်မည့်ပတ်ဝန်းကျင်ကိုဖန်တီးပေးပါတယ်။ အချစ်ရဆုံးသောသူများထံမှ ကြည်လင်ပြတ်သားသောအသံ၊ သာယာ သောသံစဉ်နှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသောရုပ်ရှင်မှအသံများကို အနှောက်အယှက်ကင်းစွာနှင့် အကြိုက်ဆုံးအသံတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။
HUAWEI FreeBuds 3i မှာပါရှိတဲ့ outward-facing mics နှစ်ခုက ပတ်ဝန်းကျင်ဆူညံသံများကို ရှောင်ရှားပြီး မိမိရဲ့အသံကိုသာတိကျစွာဖမ်းပေးပြီး တတိယတစ်ခုဖြစ်သည့် inward-facing mic က နားဆီသို့ ကောင်းမွန်သောခေါ်ဆိုမှု အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ ပြောဆိုသမျှ အရာအားလုံးသည် ဆူညံသံနှင့် မသက်ဆိုင်တော့သလို ဖြစ်သွားစေမှာ ပါ။သေးငယ်သောအရွယ်အစားရှိပြီး ကောင်းမွန်သောအသံကိုဖန်တီးပေးပါတယ်။
HUAWEI FreeBuds 3i မှာပါရှိတဲ့ အာရုံခံနိုင်စွမ်းမြင့်မားတဲ့ အမြှေးပါးလေးတွေက စစ်မှန်သောအသံကို သယ်ဆောင်ပေးပြီး ကြီးမားတဲ့ 10mm dynamic drivers က အားအပြည့် Bass အသံကို သယ်ဆောင်လာပေးတာကြောင့် note တိုင်းကို သေချာစွာ ခံစားနားထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဖုံးဖွင့်လိုက်ရုံနှင့် စတင်နားစဉ်နိုင်ပါတယ်။
HUAWEI FreeBuds 3i ရဲ့ အားသွင်းတဲ့ဗူးလေးကိုဖွင့်လိုက်ရုံနဲ့ အလိုအလျောက် pop-up window ပေါ်လာပြီး ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ဘက်ထရီအခြေအနေကိုလည်း ချိတ်ဆက်ထားချိန်မှာ မြင်တွေ့နေရမှာဖြစ်ပါတယ်။ အဲ့ဒါ ကြောင့် အကြိုက်ဆုံးသီချင်းတွေကို ခံစားနိုင်မှာလည်းဖြစ်ပါတယ်။
HUAWEI FreeBuds 3i တွင် built-in capacitive sensors ကိုနှစ်ဖက်စလုံးတွင်တပ်ဆင်ပေးထားပြီး မလိုလားအပ်သည့် touch တို့ကိုထိန်းချုပ်နိုင်ပြီး အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်မယ့် tapping features ကိုထည့်သွင်းပေးထားပါတယ်။ earbuds ကိုထုတ်ယူလိုက်သည့်အခါတွင် သီချင်းရပ်သွားစေပြီး တပ်ဆင်လိုက်သည့်အခါမှာ ပြန်လည်ဖွင့်ပေးလိုက်ပါတယ်။ HUAWEI FreeBuds 3i က မိမိရဲ့လှုပ်ရှားမှုတွေနဲ့အတူ ထပ်တူကျနေမှာပါ။

Photo Source https://consumer.huawei.com/mm/

အားတစ်ခါသွင်းရုံနှင့် ၃.၅ နာရီအထိနားထောင်နိုင်ပြီး နားကြပ်အားသွင်းအိမ်က ၁၄.၅ နာရီအထိ ဘက်ထရီသက်တမ်း ရှိတာကြောင့် မိမိတို့ရဲ့ တစ်နေ့တာကို သီချင်းတွေနဲ့ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
Huawei ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ၊ စမတ်စက်ပစ္စည်းများကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဓိက နယ်ပယ်လေးခုဖြစ်တဲ့ ဆက်သွယ်ရေး ကွန်ရက်များ၊ IT၊ စမတ် စက်ပစ္စည်းများ နဲ့ ကလောက်ဒ် ဝန်ဆောင်မှုများ ကိုပေါင်းစပ်ထည့်သွင်းထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Huawei ရဲ့ စီးပွားရေးအုပ်စု (၃) ခုထဲမှ တစ်ခုဖြစ်တဲ့ Huawei Consumer BG သည် စမတ်ဖုန်းများ၊ PC များ၊ Tablets များ၊ ဝတ်ဆင်စရာများ၊ Mobile Broadband ထုတ်ကုန်များ၊ မိသားစုသုံး စက်ပစ္စည်းများနဲ့ Cloud ဝန်ဆောင်မှုများအတွက် AI နဲ့ ပတ်သက်သော အခြေအနေအားလုံးတို့တွင် ဦးဆောင်သူလည်းဖြစ်ပါတယ်။