“ရွှေအိပ်မက်” အစီအစဥ်၏ ပဉ္စမမြောက်ကံထူးရှင် အိပ်မက်ကို MPT မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့

MPT မှ မြန်မာကျပ်ငွေ သိန်း (၄၀၀)ကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ နှင့် ဖြည့်စွက်စာများကို ရန်ကုန်မြို့ရှိ “ကက်သလစ်သီလရှင်များဘိုးဘွားရိပ်သာ” သို့ MPT “ရွှေအိပ်မက်” အစီအစဉ်၏ ပဥ္စမမြောက် ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်းကိုယ်စား မတ်လ(၁၉)ရက်နေ့ကသွားရောက် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

Image: MPT

“ကက်သလစ်သီလရှင်များဘိုးဘွားရိပ်သာ”တွင် သက်ကြီးရွယ်အို စုစုပေါင်း ၁၄၀ ကျော်ရှိပါသည်။ ပဉ္စမမြောက်ကံထူးရှင် ဒေါ်နိုင်းစိမ်းသည် ချင်းပြည်နယ် မင်းတပ်မြို့မှဖြစ်ပြီး ရပ်ရွာအဖွဲ့အစည်းများ အတွက် ကူညီထောက်ပံ့ ခြင်း အမျိုးအစားအောက်တွင် (ကံထူးနံပါတ် ၇၀၅၃) ဖြင့် အနိုင်ရရှိခဲ့ပါသည်။

MPT ရွှေအိပ်မက် အစီအစဥ်၏ ကံထူးရှင်ဖြစ်သူ ဒေါ်နိုင်းစိမ်းက “သက်ကြီးရွယ်အိုတွေအတွက် အာဟာရ ပြည့်ဝတဲ့အစားအစာ နဲ့ ဖြည့်စွက်စာတွေကို လှူဒါန်းချင်တဲ့ ကျွန်မရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့အတွက် MPT နဲ့ “ရွှေအိမ်မက်” အစီအစဥ်ကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရသလို MPT လည်း ဒီထက်မကအောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Image: MPT

MPT သည် ရွှေအိပ်မက်”အစီအစဥ်မှ ကံထူးရှင်များအားလုံး၏   အိပ်မက်များကို အကောင်အထည်ဖော်နိုင် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ “ရွှေအိပ်မက်”အစီအစဥ်မှ ကံထူးရှင်များ၏ အသေးစိတ် အချက်အလက်များကို MPT ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm/en/dream-come-true/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။

 MPT၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဥ်လူနေမှုဘဝ ပိုမိုကောင်းမွန်စေရေးအတွက် အစွမ်းကုန်ကြိုးစားလျက်ရှိပြီး စိတ်လှုပ်ရှားဖွယ်ရာ အစီအစဥ်များကိုလည်း ဆက်လက်ယူဆောင် လာမည်ဖြစ်သောကြောင့် MPT နှင့်အတူဆက်ရှိနေရန် သုံးစွဲအားလုံးကို တိုက်တွန်းလိုပါသည်။

MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။