MPT က မြန်မာ့ရိုးရာဓလေ့များကို ထိန်းသိမ်းခြင်းနှင့်အတူ လှူဒါန်းကူညီခြင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်း၍ နိုင်ငံတစ်ဝန်းလှူဒါန်းမှုများ ဆောင်ရွက်

MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူပြည်သူတို့အတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်ရုံ သာမကဘဲ မြန်မာ့ရိုးရာဓလေ့များကို ထိန်းသိမ်းခြင်းနှင့်အတူ မြန်မာတို့၏ လှူဒါန်းခြင်းကူညီခြင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသည့် အနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်များတွင် လှူဒါန်းမှုများ ဆောင်ရွက်လေ့ ရှိသည်။

Image: MPT

ယခုနှစ်အတွက် မြန်မာနှစ်သစ်ကူးသင်္ကြန်အထိမ်းအမှတ်အဖြစ် အခြေခံစားသောက်ကုန်ပစ္စ့ည်းများ၊ တစ်ကိုယ် ရေ သုံးပစ္စည်းများ၊ လှူဒါန်းငွေများအပါအဝင် စုစုပေါင်း လှူဒါန်းမှု ပမာဏ မြန်မာကျပ်ငွေသိန်း ၅၅၀ ကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ နေရာ (၃၅) ခုရှိ ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်စာသင်တိုက်များ နှင့် အခြားလိုအပ်သော နေရာများသို့ ဘှူဒါန်းခဲ့သည်။ ယခုလှူဒါန်းမှုမှ လူပေါင်း ၂၀,၀၀၀ ကျော်အား ပံ့ပိုးကူညီပေးနိုင်ခဲ့ပါသည်။

MPT အနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ကာ ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်ရေးနှ၍့် စီးပွားရေး လုပ်ငန်း ငယ်စသည့် အဓိက မဏ္ဍိုကြီးသုံးရပ်တွင် ပံ့ပိုးကူညီပေးနေပြီး အထူးသဖြ်င့ မနြ်မာနိုင်ငံကို ရှေ့သို့လှမ်းချီ စေမည့် အနာဂတ်လူငယ်များကို အထောက်အပံ့ဖြစ်စေရန် အထူးအလေးထားပြီး ပံ့ပိုးကူညီပေးနေပါသည်။

Image: MPT

ယခုနှစ် မြန်မာနှစ်သစ်ကူးကာဘတွင်လည်း မင်္ဂလာရှိသော မြန်မာသင်္ကြန်အထိမ်းအမှတ်အဖြစ် သုံးစွဲသူများ ပြည်သူများကို ကျေးဇူးတုံ့ပြန်သည့်အနေနှင့်ရော ဂါရဝပြုသည့်အနေနှင့်ပါ နိုင်ငံတစ်ဝန်း လှူဒါန်းမှုများ ဆောင်ရွက် ခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရာ (၃၅) ခုရှိ လိုအပ်သောနေရများို့ လှူဒါန်းမှု များကို ဧပြီလ (၅) ရက်နေ့နှင့် ဧပြီလ (၆) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီး လှူဒါန်းမှု လုပ်ငန်းစဉ်တစ်ခုလုံးကို နိုင်ငံတစ်ဝန်းရှိ MPT ၏ ရိုးခြွများအသီးသီးက ဆောင်ရွက်ခြင်းဖြစ်ပါသည်။

မြန်မာနှဏ်သစ်ကူးအတာသင်္ကြန်တွင် မြန်မာပြည်သူများအားလုံး မင်္ဂလာအပေါင်ူးနှင့် ပြည့်စုံကြစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ MPT အနေနှင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူမျာ၏ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး မတူညီသော ကဏ္ဍများအတွက် ပံ့ပိုးကူညီပေးမှဒများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် MPT၏ လူမှုအသိုက်အဝန်ူးနှင့် အတူ ဆက်လက်၍ ရှေ့သို့လှမ်းချီဆောင်ရွက်မှုများတွင် အတူရှိနေပေးရန် ပန်ကြားလိုအပ်သည်။

Image: MPT

MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပက်သက်သည့် အချက်အလက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော mpt.com.mm တွင်ကြည့်ရှုနိုင်ပြီး MPT ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပက်သက်ပြီး သိရှိလိုအပါက 106 call center နှင့်တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၂၀၂၃ ခုနှစ် ဧပြီလ (၅) ရက်နှင့် (၆) ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘုန်ုးတော်ကြီးသင်ပညာရေးကျောင်းများ၊ ဆေးရုံနှင့် လူမှုအဖွဲ့အစည်းများသို့ MPT က လူဒါန်းခဲ့သည့် ပုံရိပ်များနှင့်တကွ ဖော်ပြပေးလိုက်ပါသည်။