MPT က realme C55 နှင့် 10Pro+ စမတ်ဖုန်းများကို ကံစမ်းခွင့်ရမည့် “အလန်းစား Friday” ဒီဂျစ်တယ်ကံစမ်းမဲအစီအစဥ်ကို ဆက်လက်ဆောင်ရွက်

MPT သည် သုံးစွဲသူများအတွက် realme C55 နှင့် 10Pro+ စမတ်ဖုန်းများကို ကံစမ်းခွင့်ရမည့် “အလန်းစား Friday” ဒီဂျစ်တယ် ကံစမ်းမဲအစီအစဥ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ကံစမ်းမဲကာလမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၁) ရက်မှ မေလ (၅) ရက်အထိဖြစ်ပြီး ကံထူးရှင် (၁၀) ဦးကို ရွေးချယ်သွား မည်ဖြစ်ပါသည်။

MPT မှ ၂၀၂၃ ခုနှစ်၊ မတ်လတွင် “အလန်းစား Friday” ဒီဂျစ်တယ် ကံစမ်းမဲအစီအစဥ်ကို မိတ်ဆက်ခဲ့ပြီး အဆိုပါအစီအစဥ်မှ “realme 10” ဖုန်းဟန်းဆက် (၁၀)  လုံး အတွက် ကံထူးရှင် (၁၀) ဦး ထွက်ပေါ်လာခဲ့ ပြီးဖြစ်ပါသည်။ MPT အနေဖြင့် “အလန်းစား Friday” ၏ ပထမဆုံး ကံစမ်းမဲအစီအစဥ်တွင် ပါဝင်ခဲ့သည့် သုံးစွဲသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ယခုအစီအစဉ်တွင်လည်း ပါဝင်ဆင်နွှဲကြပါရန် တိုက်တွန်း လိုပါသည်။

Image: MPT

MPT သုံးစွဲသူများအားလုံး ယခုကံစမ်းမဲအစီအစဥ်တွင် ပါဝင်နိုင်ပြီး သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းတွင် (၉၇၉) ကျပ်နှင့်အထက် “အလန်းစား Friday” ပက်ကေ့ချ်များကို သောကြာနေ့တိုင်း သို့မဟုတ် ပရိုမိုးရှင်းကာလအတွင်း မိမိနှစ်သက်ရာ သောကြာနေ့ (ဧပြီလ (၂၁)ရက်၊(၂၈)ရက် နှင့် မေလ (၅) ရက်) တွင် ဝယ်ယူပြီး ထိပေါက် ကစားခြင်းဖြင့် realme C55 နှင့် 10Pro+ တို့ကို ချက်ချင်း ကံထူးနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ကံစမ်းမဲအစီအစဥ် များရှိသော မည်သည့်သောကြာနေ့တွင်မဆို အလန်းစား Friday ပက်ကေ့ချ်များကို အကြိမ် အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူကံစမ်းနိုင်ပြီး ဆုအရေအတွက် မကုန်မချင်း ကံထူးနိုင်မည် ဖြစ်သည်။ စည်းကမ်းသတ်မှတ်ချက်များကို https://mpt.com.mm/mm/a-lann-sar-friday-promotion-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Image: MPT

MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် “အလန်းစား Friday” ပက်ကေ့ချ်များအတွက် Data Carry Plus – (အလိုအလျောက်သက်တမ်းတိုး) ပက်ကေ့ချ်များ နှင့် ပုံမှန် Data Carry Plus ပက်ကေ့ချ်များ ကို ဝယ်ယူသုံးစွဲသူများသည် အဆိုပါကံထူးဆုများအပြင် 200 GB အထိ ရရှိ ကံထူးနိုင်မည့် ထိပေါက် ကစားခွင့်လည်း ရရှိမည်ဖြစ်ပါသည်၊၊

MPT သုံးစွဲသူများသည် သောကြာနေ့တိုင်း “အလန်းစား Friday” ပက်ကေ့ချ်ကို အကြိမ်များစွာ ဝယ်ယူနိုင်ပြီး များများဝယ်ယူလေလေ၊ ဆုလက်ဆောင်များကံထူးရန် အခွင့်အရေး ပိုမိုများပြားလေ ဖြစ်ပါသည်၊၊

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက် ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။