MPT က MPT Club ၏ (၅) နှစ်ပြည့်အထိမ်းအမှတ်ကို အထူးပရိုမိုးရှင်းအစီအစဥ်များနှင့် အတူကျင်းပပြုလုပ်

MPT သည် MPT Club ၏ (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၅) နှစ်တာကာလအတွင်း MPT Club နှင့်အတူ ဖြတ်သန်းလာခဲ့ကြသည့် MPT Club အဖွဲ့ဝင် (၁၄.၅) သန်းအား ကျေးဇူးတုံ့ပြန်သောအားဖြင့် MPT Club အဖွဲ့ဝင်များအတွက် အထူးပရိုမိုးရှင်းအစီအစဥ်တစ်ခုကို မိတ်ဆက်လိုက်ပါသည်။ အထူးပရိုမိုးရှင်းကာလမှာ မေလ (၁၅) ရက်မှ ဇွန်လ (၁၅) ရက်အထိ ဖြစ်ပြီး ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ရန်အတွက် MPT Club အဖွဲ့ဝင်များသည် မိမိတို့ ကြိုက်နှစ်သက်ရာ မိုဘိုင်းလ်ဝန်ဆောင်မှုများအား MPT Club ပွိုင့်များဖြင့် (၁) ကြိမ်နှင့်အထက် လဲလှယ် အသုံးပြုရန် လိုအပ် ပါသည်။

MPT Club အဖွဲ့ဝင်များသည် ပရိုမိုးရှင်းကာလအတွင်း ကြိုက်နှစ်သက်သလို အကြိမ်အရေအတွက်လဲလှယ်နိုင်ပြီး လဲလှယ်သည့် အကြိမ်ရေများလေလေ၊ ကြီးမားသည့် အကျိုးခံစားခွင့်များရရှိရန် အခွင့်အရေး ပိုများလေလေဖြစ်သည်။ အကြိမ်ရေအကန့် အသတ်ချက်မရှိ လဲလှယ်နိုင်သည့်အပြင် ပါဝင်ကံစမ်းကြသည့် Club အဖွဲ့ဝင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်များကလည်း စောင့်မျှော်နေမည်ဖြစ်ပါသည်။

MPT Club အား သုံးစွဲသူများထံသို့ ၂၀၁၈ ခုနှစ် မေလ (၁၅) ရက် မှစတင်မိတ်ဆက်ပေးခဲ့ပြီး MPT သုံးစွဲသူများအနေနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ဆိုင်များတွင် ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) စျေးဝယ်ယူခြင်းများ ပြုလုပ်တိုင်း ပွိုင့်များနှင့် အကျိုးခံစားခွင့်များကို ပြန်လည်ပေးအပ်ခြင်းဖြင့် သုံးစွဲသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ MPT Club သုံးစွဲသူများအနေနှင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အထူးနှုန်းထားများနှင့် ဝယ်ယူနိုင်ပြီး ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များအကြား နေ့စဥ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။

ယခုလိုထူးခြားသည့် နေ့မျိုးတွင် MPT အား ယုံကြည်မှု အပြည့်နှင့် လက်တွဲ ကူညီထောက်ပံ့ပေးခဲ့သည့် မိတ်ဖက် အဖွဲ့အစည်း (၁၀၀) ကျော်အား MPT အနေဖြင့် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ MPT ၏ (၅)နှစ်ပြည့် အထူးပရိုမိုးရှင်းအား ကူညီထောက်ပံ့ပေးသည့် မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ဆုလက်ဆောင်များအကြောင်းအသေးစိတ်(ကံထူးသူသည်အောက်ပါဆုများထဲမှတစ်ခုကိုရရှိမည်ဖြစ်သည်)

ကံထူးရှင်များစာရင်းကို ဇွန်လ (၂၃) ရက်တွင် SMS၊ MPT တရားဝင် Facebook စာမျက်နှာ နှင့် ဝက်ဘ်ဆိုက် တို့တွင်လည်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်။MPT သည် Club အဖွဲ့ဝင်များအတွက် အကျိုးခံစားခွင့်များကို ပံ့ပိုးပေးရုံသာမက လူမှုအသိုက်အဝန်းအတွက်ပါ ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် MPT နှင့် ၎င်း၏ Club အဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၊ ရွှေသံလွင် ဘိုးဘွားရိပ်သာ နှင့် Save The Aged ဘိုးဘွားရိပ်သာတို့အား စုစုပေါင်း ကျပ် (၇.၄) သန်း လှူဒါန်းခဲ့ပါသည်။MPT သည် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် နှင့် လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီနိုင်ရန် ထိရောက်သောနည်းလမ်းများကို အစဥ်အမြဲကြိုးပမ်းလျက်ရှိပြီး သုံးစွဲသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများအား  အနာဂတ်တွင်လည်း ဆက်လက်ကူညီပံ့ပိုးပေးရန် တောင်းဆိုလိုပါသည်။ MPT Club အစီအစဉ်၏ အကျိုးကျေးဇူးများကို သိရှိရန် နှင့် MPT Club အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် https://mpt.com.mm/mm/mpt-club-mm/ လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။