Meta Quest Gaming Showcase 2022 တွင်မိတ်ဆက်ပြခဲ့သော ဂိမ်းနှင့် Trailer များ

Facebook ရဲ့ မိခင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Meta အနေနဲ့ အရင်က Oculus Quest လို့ခေါ်တဲ့ VR Headsets ကို Meta Quest အဖြစ်ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ April 20 ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ The Meta Quest Gaming Showcase 2022 မှာ Meta Quest နဲ့အတူ VR ဂိမ်းပေါင်းများစွာကို မိတ်ဆက်ပြသခဲ့ပါတယ်။ မိတ်ဆက်ပြခဲ့တဲ့ ဂိမ်းတွေကတော့

(၁) Ghostbusters VR

ပထမဆုံးမိတ်ဆက်ပေးခဲ့တာကတော့ ဇာတ်ကားအဖြစ်လည်းထွက်ရှိထားပြီး လူကြိုက်များ နာမည်ကြီးတဲ့ Ghostbusters ဇာတ်လမ်းပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Sony Pictures Virtual Reality (SPVR) ကထုတ်လုပ်ဖြန့်ချီထားပြီး nDreams က Develop ပြုလုပ်ထားတဲ့ Ghostbusters VR ကိုဆော့ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဇာတ်ကားတွေထဲကလိုပဲ Ghost တွေကိုခြေရာခံပြီး တစ်မြို့လုံးကိုဖျက်ဆီးနေကြတဲ့ Ghost တွေကိုဖမ်းဆီးရမှာပါ။

(၂) Among Us VR

Among US ဆိုတာကတော့ လူကြိုက်များတဲ့ PC, Mobile ဂိမ်းတစ်ခုလို့ပြောနိုင်ပါတယ်။ အာကာသယဉ်တစ်စီးပေါ်မှာ အဖွဲ့သားတွေကိုသတ်ဖြတ်နေတဲ့ Imposter ကိုရှာဖွေဖမ်းဆီးရတဲ့ ဂိမ်းမျိုးပါ။ Among Us VR ကိုတော့ VR Headsets အသုံးပြုပြီး အရင်ကထက် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းအောင် ဆော့ကစားရမှာပါ။

(၃) NFL PRO ERA

ဘောလုံးကစားရတာ ဝါသနာပါတဲ့သူတွေအတွက် VR version နဲ့ ဆော့ကစားနိုင်ပါပြီ။ ကိုယ်သဘောကျတဲ့အသင်းတွေမှာ ကိုယ်တိုင်ဝင်ကစားပြီး ဂိမ်းအတွေ့အကြုံတွေကောင်းကောင်း ရရှိမှာဖြစ်ပါတယ်။

(၄) Beat Saber – Electronic Mixtape

Gaming Showcase မှာဖော်ပြခဲ့တဲ့ဂိမ်းတွေထဲ လူကြိုက်များတဲ့ Beat Saber ကလဲတစ်ခုအပါအဝင်ဖြစ်ပါတယ်။

(၅) Cities VR

မြို့တော်ဝန်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ မြို့တော်ကြီးကို ချဲ့ထွင်တာ တိုးတက်အောင်လုပ်တာတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် VR Headsets နဲ့ ဆော့ကစားနိုင်မယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ဂိမ်းတွေအပြင်

(၆) The Walking Dead: Saints & Sinners – Chapter 2: Retribution

(၇) Bonelab

(၈) Red Matter 2

(၉) Espire 2

(၁၀) Moss: Book II

(၁၁) RUINSMAGU

(၁၂) Resident Evil 4 – The Mercenaries အစရှိတဲ့ ဂိမ်းတွေကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။